တရုတ်နှင့် ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေးမြှင့်တင်မှုအဖြစ် အိန္ဒိယက အရှည်ဆုံး ရထားလမ်းတံတားကို ဖွင့်လှစ်

တရုတ်နှင့်ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေး အဆင့်မြှင့်တင်မှုအဖြစ် အိန္ဒိယက နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်၌ ဖောက်လုပ်ထားသည့် အရှည်ဆုံး ရထားလမ်းတံတားကို ဒီဇင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အာသံပြည်နယ်ရှိ ဗြဟ္မပုတြာမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော Bogibeel ရထားလမ်းတံတားကို ဆယ်စုနှစ် နှစ်ခုနီးပါး အချိန်ယူတည်ဆောက် ခဲ့ရပြီး ဒေါ်လာသန်း ၈၀၀ ကုန်ကျခဲ့သည်။ ၄.၉ ကီလိုမီတာ (သုံးမိုင်) ရှည်လျားသော Bogibeel ရထားလမ်းတံတားကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက တက်ရောက်ဖွင့် လှစ်ပေးခဲ့သည်။ ဒီဘရူဂါ့ဟ်မြို့အနီးတွင် တည်ရှိသည့် အဆိုပါတံတားသည်… ဆက်လက်ဖက်ရှုရန်

သထုံ၌ အကျဉ်းထောင်အသစ်တစ်ခု တည်ဆောက်မည်

မွန်ပြည်နယ် သထုံ မြို့နယ် စျေးမသွယ်ကျေးရွာတွင် အကျဉ်းထောင် အသစ်တစ်ခု လာမည့်နှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလင်းဗိုလ်နောင်က ပြောသည်။ သထုံအကျဉ်းထောင်တွင် အကျဉ်းသားများ ကျပ်လာသည့် သဖြင့် သထုံမြို့နယ်၌ အကျဉ်း ထောင်အသစ် ထပ်မံတည် ဆောက်ရန် တင်ဒါခေါ်ယူနေ ကြောင်း ၎င်းကဆိုသည်။ ‘‘သထုံထောင်က ကျဉ်းလာ တဲ့အတွက် နိုင်ငံတော်ကနေ ထောင်အသစ်ဆောက်ဖို့ ၂၀၁၉ မှာ လုပ်ငန်းစတင်မယ်။ လုပ်ငန်း မစရသေးဘူး။ တင်ဒါတော့ ခေါ် ယူနေတယ်။ အကျဉ်းသား ၅၀၀၊ဒါမှမဟုတ် ၇၀၀ ဆံ့အကျဉ်းထောင်… ဆက်လက်ဖက်ရှုရန်

မြန်မာအတွက် လိုအပ်နေဆဲ EU ကုန်သွယ်မှု အထူးအခွင့်အရေး

မြန်မာနိုင်ငံကို ပေးထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရုပ်သမ်းရန် သင့်၊ မသင့် စိစစ်မှု လုပ်မည်ဟု ဥရောပ သမဂ္ဂ (EU) က အောက်တိုဘာလ အတွင်း တရားဝင် ထုတ်ဖော် ကြေညာပြီး နောက်ပိုင်း မြန်မာ အလုပ်သမားများကြား တွင် စိုးရိမ်မှု မြင့်မားလာနေသည်။ GSP ရုပ်သိမ်းမှုကြောင့် သိန်းချီသော အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်နိုင်သည့်အပြင် ၎င်းတို့ကို မှီခိုနေသည့် မိသားစု ဝင် ပေါင်း များစွာ ထိခိုက်နိုင်မည့် အတွက်ကြောင့် ဖြစ်သည်။… ဆက်လက်ဖက်ရှုရန်

ကမ္ဘာဂြိုဟ်နည်းတူ အင်္ဂါဂြိုဟ် မြောက်ဝင်ရိုးစွန်းက တွင်းချိုင့်ကြီးမှာ ရေခဲပြင်ကြီးကို တွေ့ရှိ

ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းဟာ ဆောင်းရာသီ ဆီးနှင်းတွေကြောင့် နာမည်ကြီးပါတယ်။ ခရစ္စမတ်ရာသီဆို ဆန်တာကလော့ရဲ့ နေထိုင်ရာ အိမ်ရာအဖြစ် စိတ်ကူးယဉ်ရှိနေပါတယ်။ ဒါပေမယ့် ခုထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေအရတော့ ဆီးနှင်းဝေကျတာဟာ ကမ္ဘာဂြိုဟ်တစ်ခုတည်းမှာပဲ ရှိတာမဟုတ်ကြောင်းကို ခရစ္စမတ် ဆောင်းရာသီမှာ သက်သေအဖြစ် ထွက်ပေါ်လာပါတယ်။ ဒါကတော့ အင်္ဂါဂြိုဟ်က Korolev တွင်းချိုင့်ကြီးပါ။ မားစ် ခေါ် အင်္ဂါဂြိုဟ်ရဲ့ မြောက်ဝင်ရိုးစွန်းနားမှာ ရှိနေတဲ့ ဒီတွင်းချိုင့်ကြီးကို ဥရောပအာကာသအေဂျင်စီ ESA ရဲ့ မားစ်အိတ်ပရက်စ် မစ်ရှင်မှာ ဓာတ်ပုံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီတွင်းချိုင့်ကြီးဟာ မိုင်… ဆက်လက်ဖက်ရှုရန်

စီးပွားရေး သူလျှိုလုပ်သည်ဟူသော စွပ်စွဲမှုများကို တရုတ်ငြင်းဆို

ပေကျင်း ဒီဇင်ဘာ ၂၁ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးသူလျှိုလုပ်သည်ဟူသော အမေရိကန်နှင့် အခြားမဟာမိတ် နိုင်ငံများ၏ စွပ်စွဲချက်များကို အခိုင်အမာငြင်းဆိုကြောင်းနှင့် အမေရိကန်အနေဖြင့်လည်း ယင်း စွပ်စွဲချက်များကိုရုပ်သိမ်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက် တွင်တိုက်တွန်းသည်။ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံသား နှစ်ဦးအပေါ် စွပ်စွဲချက်များကိုလည်း ရုပ်သိမ်းသင့်ပြီး တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေး လျှို့ဝှက်ချက်များခိုးယူမှုတွင် ပါဝင်ခြင်းမရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ ထို့ပြင် အမေရိကန်သည် အဆိုပါမှားယွင်းသော လုပ်ရပ်များကို ချက်ချင်း အမှန်ပြင်သင့်ပြီး အင်တာနက်လုံခြုံရေးဆိုင်ရာ အသရေပျက်စေသည့် စွပ်စွဲချက်များကိုလည်း… ဆက်လက်ဖက်ရှုရန်

ဒေါ်လာ ၄၇ ဘီလျံရှိသည့် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်ကို ဂျပန်အတည်ပြု

တရုတ်ကိုတန်ပြန်ရန်အတွက် ဂျပန်က ၎င်း၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တွန်းအားပေးလုပ်ဆောင်နေပြီး ရေဒါရှောင်တိုက် လေယာဉ်များ ဖြန့်ကြက်ခြင်းတို့လုပ်ဆောင် နေစဉ်လာမည့် ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၄၇ ဘီလျံထိ စံချိန်တင်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ်ဧပြီတွင် စတင်သော ဘဏ္ဍာ ရေးနှစ်အတွက် အသုံးပြုမည့် နိုင်ငံတော်ဘတ်ဂျက် ဒေါ်လာ ၉၁၂ ဘီလျံထဲတွင် ကာကွယ်ရေးအသုံးစရိတ်သည်လည်း တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရအဖွဲ့က အတည်ပြုခဲ့သည်။ ကာကွယ်ရေးအသုံးစရိတ်အတွက် ယန်း ၅.၂၆ ထရီလျံ (ဒေါ်လာ… ဆက်လက်ဖက်ရှုရန်

ရန်ကုန်ကို စိမ်းလန်းပြီး နေချင့်စဖွယ်မြို့တော်ကြီးဖြစ်အောင်လုပ်နေဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မြို့ကြီးကို စိမ်းလန်းပြီးနေချင်စဖွယ်စီးပွားရေးမြို့တော်ကြီးဖြစ်အောင် ရည်မှန်းချက်ချပြီးကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် “စက်မှုဇုန် တွေကို နိုင်ငံတကာ စက်မှုဇုန် တွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဘာကြောင့်လဲဆို စက်မှုဇုန် တွေက ကျွန်တော်တို့ တိုင်းအတွက်စီးပွားရှာပေးနေတဲ့နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေရဲ့လုံခြုံစိတ်ချရမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီနေရာတွေ အားလုံးဟာမြို့တော်ကြီးရဲ့ ဂုဏ်အင်္ဂါတွေနဲ့ညီညွတ်အောင် ကျွန်တော်တို့ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။” လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က Novotel ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်အသင်း၂၅ နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။ ဒါ့အပြင် အထူးစီးပွားရေးဇုန် ၃ ခုရှိတဲ့ အနက် သီလဝါအထူးစီးပွားရေးဇုန်ဟာ အအောင်မြင်ဆုံးဖြစ်တဲ့ အတွက် ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတွက်… ဆက်လက်ဖက်ရှုရန်

ရန်ကုန်အပါအဝင် မြို့ကြီးငါးမြို့ ရေအောက်နစ်မြုပ်သွားမည်ဟု အင်္ဂလန်မိုးလေဝသအဖွဲ့ အစည်းကို ကိုးကား၍ ဒေါက်တာထွန်းလွင် သတိပေး

ကမ္ဘာပေါ်တွင် ရာသီဥတုဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များ ပိုမိုမြန်ဆန်လာခြင်းကြောင့် နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ ရန်ကုန်မြို့အပါအဝင် မြို့ကြီးငါးမြို့မှာ ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက်မိုးလေဝသခန့်မှန်းသည့်အဖွဲ့ အစည်းကြီးက ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားလိုက်သည်။ ကမ္ဘာပေါ်တွင် ရာသီဥတု ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များ ပိုမိုမြန်ဆန်လာရခြင်းမှာ သဘာဝကြောင့်မဟုတ်ဘဲ လူသားတို့ ဖန်တီးလိုက်သည့် အရာများကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် အားနည်းသည့်အတွက် အခြားနိုင်ငံများထက် သဘာဝဘေးအန္တရာယ်ကို ပိုမိုခံစားရနိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က ပြောသည်။ “ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီးရော… ဆက်လက်ဖက်ရှုရန်

စုကြေးလိမ်လည်ပြီး ရှောင်တိမ်းထွက်ပြေးသွားတာမျိုး ကြုံတွေ့ခဲ့ပါလျှင်

အသင်းလိုက်အဖွဲ့လိုက် အုပ်စုလိုက် စုကြေးစုကြတဲ့အခါ ရိုးရိုးစုကြေးပဲဖြစ်ဖြစ် ၊ လေလံစုကြေးပဲဖြစ်ဖြစ် အများနဲ့သက်ဆိုင်နေတဲ့ စုကြေးငွေ များကို မပေးပဲ စုကြေးငွေကိုင်သူမှ လိမ်လည်ပြီးရှောင်တိမ်းထွက်ပြေးသွားတာမျိုး ကြုံတွေ့ခဲ့ပါလျှင် ။ ။ စုကြေးလိမ်လည်ထွက်ပြေးရင် ၄၂၀ ၄၀၆ အကုန်ညိပါတယ်နော် ။ အရင်ဆုံး ပြစ်မှုကြောင်းအရ စခန်းမှာအမှုဖွင့်ပါ ။ပေးရမဲ့ရက်ကိုပြန်မပေးတဲ့အတွက် ဖွင့်လို့ရပါတယ်။ တိုင်စာကအဓိကပါ ။ တိုင်စာရေးတတ်တဲ့သူနဲ့တိုင်ပင်ပါ သူနဲ့ပြောထားတာတွေssရိုက်ထား print ထုတ်ထားပါ ။ စာချုပ်မရှိတဲ့သူတွေအတွက်ပါ ။ ပြီးရင် ငွေရလိုမှု တရားမမှုနဲ့ဆက်ဆွဲပါ ။တရားရုံးချိန်းသုံးချိန်းလုံးသူမလာရင် ဝရမ်းထွက်ပါပြီ။ မလာလေကောင်းလေပါပဲ… ဆက်လက်ဖက်ရှုရန်

လူပဲအိုသွားတာ…ပယ်တဲ့စာရင်းထဲမထည့်ကြပါနဲ့ဦး..ဆိုတဲ့ပြည်သူချစ်လူရွှင်တော်ကြီးတိန်ညွန့်

အိမ်ထောင်သက်တမ်းလည်း၃၈နှစ်ကျော်သွားပြီ..ရွှေမန်းဦးတင်မောင်ဇာတ်အဖွဲနဲ့ခြောက်နှစ်မှီခဲ့တယ်..သူကပဲဒီနာမည်ပေး..ဒီအလုပ်လုပ်ဖို့လည်းသူပဲတိုက်တွန်းခဲ့တာ….”လက်ရှိဒီအိမ်မှာ ငှားနေတာ (၁၀) နှစ်လောက် ရှိပြီ။ အိမ်ထောင်သက် (၃၀) ကျော်ပြီ။ သား သုံးယောက်၊ မြေး (၅) ယောက် ရှိပြီ။လူရွှင်တော်ဘဝမှာ မော့စ် ကို အရမ်းချစ်ပေမယ့် ကိုမိုးဒီနဲ့ အကျိုးပေးတယ်။ မော့စ်က ပါးစပ်ဆိုးပေမယ့် စိတ်ထား အရမ်းဖြူတယ်” လို့ ပြောရင်း… စီးပွားရေးနဲ့ပတ်သတ်လို့တော့ပိုက်ဆံမရှိတော့ရင်အပေါင်ဆိုင်သွား…အလုပ်လေးပြန်ရရင်ပြန်ရွှေး…ဒါနဲ့သံသရာလည်နေရတယ်…ငွေးရေးကြေရေးမချမ်းသာပေမယ့်…စိတ်ချမ်းသာအောင်တော့နေတယ်….အားရင်ပျက်လုံးလေးတွေရေးတယ်..ကိုယ့်အလုပ်ပဲကိုယ်လုပ်နေရတာကျေနပ်တယ်…ကျန်တာလည်းဘာမှမလုပ်တက်ဘူးလေ ဒီအလုပ်ကိုသင်ခဲ့သလိုချစ်လည်းချစ်တယ်…သားတွေကိုလည်းချစ်စေချင်တယ်..ဒီတစ်နှစ်တော့အိမ်ပိုင်လေးရအောင်ကြိုးစားကြည့်ချင်တယ်…ခုချိန်ထိတိန်ညွန့်ကိုချစ်ခင်ခဲ့ကြတယ့်…လူပဲအိုသွားတာပါအခုပညာမအိုသေးပါဘူး…ပယ်တဲ့စရင်းထဲမထည့်ကြပါနဲ့ဦးလို့….တိမ်ညွန့်လုပ်နိုင်သ၍ဖျော်ဖြေနိုင်သ၍ ဖျော်ဖြေရင်းကျေးဇူးဆပ်ပါမယ်လို့ဂတိပေးပါတယ်…..လို့ပြောသွားခဲ့ပါတယ်.. ချစ်ပရိတ်သတ်ကြီးရေ…အသက်ကြီးအနုပညာရှင်တွေအဖို့ဘဝနေဝင်ချိန်တွေလှပအောင်…ကူညီပေးကြဖို့တိုက်တွန်းရင်း…အစစအရာရာအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်..