သထုံ၌ အကျဉ်းထောင်အသစ်တစ်ခု တည်ဆောက်မည်

မွန်ပြည်နယ် သထုံ မြို့နယ် စျေးမသွယ်ကျေးရွာတွင် အကျဉ်းထောင် အသစ်တစ်ခု လာမည့်နှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလင်းဗိုလ်နောင်က ပြောသည်။ သထုံအကျဉ်းထောင်တွင် အကျဉ်းသားများ ကျပ်လာသည့် သဖြင့် သထုံမြို့နယ်၌ အကျဉ်း ထောင်အသစ် ထပ်မံတည် ဆောက်ရန် တင်ဒါခေါ်ယူနေ ကြောင်း ၎င်းကဆိုသည်။ ‘‘သထုံထောင်က ကျဉ်းလာ တဲ့အတွက် နိုင်ငံတော်ကနေ ထောင်အသစ်ဆောက်ဖို့ ၂၀၁၉ မှာ လုပ်ငန်းစတင်မယ်။ လုပ်ငန်း မစရသေးဘူး။ တင်ဒါတော့ ခေါ် ယူနေတယ်။ အကျဉ်းသား ၅၀၀၊ဒါမှမဟုတ် ၇၀၀ ဆံ့အကျဉ်းထောင်… ဆက်လက်ဖက်ရှုရန်

ဖိလစ်ပိုင်ဆီက သိမ်းယူသွားခဲ့တဲ့ ခေါင်းလောင်းတွေကို ရာစုနှစ်တစ်ခုကျော်ကြာအပြီးမှာ အမေရိကန် ပြန်လည်ပေးအပ်

အမေရိကန်စစ်သားတွေက စစ်ပွဲအောင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် ၁၉၀၁ ခုနှစ်အတွင်း၊ ဖိလစ်ပိုင်နိုင်ငံ Balangiga ခရစ်ယာန်ဘုရားကျောင်းကနေ သိမ်းယူသွားခဲ့တဲ့ ခေါင်းလောင်းသုံးလုံးဟာ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့မှာ ဖိလစ်ပိုင်နိုင်ငံဆီ ပြန်ရောက်လာခဲ့ပါပြီ။ ဒီခေါင်းလောင်းတွေကို အခမ်းအနားနဲ့ ပြန်လည်အပ်နှံခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ အမေရိကန်စစ်တပ်အရာရှိတွေလည်း တက်ရောက်ခဲ့ကာ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံအကြားက အမုန်းပွားစရာဖြစ်နေခဲ့တဲ့ ကိစ္စတစ်ခုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံသားတွေက ဒီခေါင်းလောင်းတွေကို ပြန်ပေးအပ်ဖို့ တောင်းဆိုနေခဲ့တာ နှစ်ကာလကြာမြင့်နေပြီဖြစ်ပြီး တချို့သော အမေရိကန်စစ်ပြန်တွေနဲ့ အရာရှိတွေက ပြန်ပေးဖို့အတွက် ငြင်းဆန်နေခဲ့ကြတာဖြစ်ပါတယ်။ ဖိလစ်ပိုင်တွေက ဒီခေါင်းလောင်းတွေကို လွတ်လပ်ရေးရဲ့ သင်္ကေတအဖြစ်… ဆက်လက်ဖက်ရှုရန်

အိမ်တွေကို အလှူပေးသလိုအလကားပေးပစ်နေတဲ့ ဂျပန်နိုင်ငံ

အိမ်ရှာနေပါသလား။ ဂျပန်နိုင်ငံကို ပြောင်းရွှေ့နေဖို့ရော အစီအစဉ်ရှိပါသလား။ ဒါဆိုရင်တော့ သင့်အတွက် သတင်းကောင်းရှိနေပါတယ်။ ဂျပန်နိုင်ငံမှာ စွန့်ပစ်ထားတဲ့အိမ်တွေကို အလှူပေးသလိုအလကားပေးနေပါပြီ။ ဂျပန်အစိုးရက ဒီလိုမျိုး တချို့အိမ်တွေကို အလကားပေးနေပေမဲ့ တချို့အိမ်တွေကိုတော့ အထူးလျှော့ဈေးတွေနဲ့ ရောင်းချသွားဖို့အစီအစဉ်ရှိကြောင်း သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဝယ်ယူနိုင်တဲ့ အိမ်စာရင်းတွေကိုတော့ အကီရာဘဏ် (akiya bank) မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။ အခုလိုမျိုးဂျပန်မှာ စွန့်ပစ်ထားတဲ့အိမ်တွေ အရမ်းများနေရတဲ့အကြောင်ရင်းတွေကတော့ အသက်အရွယ်ကြီးရင့်သူတွေအများစုက ထုံးစံအတိုင်းသေဆုံးသွားကြပြီး တချို့ကတော့ ဘိုးဘွားရိပ်သာကို ပြောင်းရွှေ့နေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် ဂျပန်လူမျိုးတွေဟာ အိမ်ထောင်ပြုဖို့ကို သိပ်အာရုံမရှိတဲ့အတွက် တစ်ကိုယ်ရည်တစ်ကာယသမားများအနေနဲ့သာ… ဆက်လက်ဖက်ရှုရန်

တရုတ်တွင် ကျောင်းပြေးခြင်း ပပျောက်စေရန် စမတ်ကျောင်းဝတ်စုံများကို အသုံးပြု

တရုတ်နိုင်ငံ တောင်ပိုင်းရှိ စာသင် ကျောင်းများတွင် ကျောင်းပြေးမှုများကို တိုက်ဖျက်ပြီး ကျောင်းတက်နှုန်းမြင့်တက်လာစေရန် ချစ်ပ်ပြား (Chip) ထည့်သွင်းထားသော ကျောင်းဝတ်စုံများကို အသုံးပြုနေကြသည်ဟု အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ ကျောင်းသားများ တည်ရှိနေသောနေရာကို စောင့်ကြည့်နိုင်ပြီး ကျောင်းထဲသို့ အဝင်အထွက် လုပ်ဆောင်ခြင်းအား မှတ်တမ်းတင်နိုင်သော ချစ်ပ်ပြားများကို ကျောင်းဝတ်စုံများတွင် ထည့်သွင်းအသုံးပြုထားခြင်းဖြစ်သည်ဟု အဆိုပါခြေရာခံကိရိယာများ၏ နောက်ကွယ်မှ နည်းပညာကုမ္ပဏီက ပြောကြားခဲ့သည်။ “ကျောင်းသားတွေ ကျောင်းထဲဝင်လာရင် စမတ်ယူနီဖောင်းက သူတို့ကို ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံနဲ့ မှတ်တမ်းယူတာတွေကို ကူညီလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်” ဟု ကျောင်းအုပ်ရန်ရုရှန်က ပြောကြားခဲ့သည်။… ဆက်လက်ဖက်ရှုရန်

ဆေးကုတာကို ဘန်းပြပြီး အမျိုးသမီးပေါင်းရာနဲ့ချီကာ မတရားပြုကျင့်ခဲ့တဲ့ ဆေးဆရာ

ဘရာဇီးနိုင်ငံမှာ ထင်ရှားတဲ့ နာမည်ကျော်ဆေးကုဆရာကြီးတစ်ဦးကို အမျိုးသမီးပေါင်း အယောက်(၃၀၀) ကျော်အား လိင်ပိုင်းဆိုင်ရာကျူးလွန်နှောင့်ယှက်မှုနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပါတယ်။ ၎င်းဆေးဆရာကို Joao Teixeira de Faria တစ်ဖြစ်လဲ Joao de Deus လို့ သိကြပါတယ်။ သူဟာ ဆေးခန်းဖွင့်ထားတဲ့ သာသာရေးဆေးကုဆရာတစ်ဦးဖြစ်ပြီး အမျိုးသမီး(၁၀) ဦးက ဆေးခန်းမှာ မတော်မတရားလုပ်ခံရပါတယ်လို့ တိုင်တာကြောင့် de Faria ရဲ့ ဖြစ်ရပ်မှန်ဟာ ပေါ်ပေါက်လာခဲ့တာပါ။ ထို့နောက်မှာတော့ de Faria ရဲ့ အရွယ်ရောက်နေတဲ့ သမီးအပါအဝင်… ဆက်လက်ဖက်ရှုရန်

အမျိုးသားမော်ဒယ်တွေကို ဆေးခပ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့ ဓာတ်ပုံဆရာ

အပျော်တမ်းဓာတ်ပုံဆရာတစ်ဦးဟာ ၎င်းရဲ့အိမ်မှာ အမျိုးသားမော်ဒယ်တွေကို ဆေးခပ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး နောက်ထပ် မုဒိမ်းကျင့်ခံရတဲ့ အမျိုးသားတွေ ထပ်မံပေါ်ပေါက်လာတာကြောင့် ထပ်ဆောင်းထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ နီဂယ်ဝီလ်ကင်ဆန်လို့ အမည်ရတဲ့ အသက် ၄၅ နှစ်အရွယ်အမျိုးသားဟာ ၎င်းရဲ့ ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်နဲ့ ယောကျ်ားစစ်စစ်တွေကို အယုံသွင်းခဲ့တာဖြစ်ပါတယ်။ နီဂယ်ဝီလ်ကင်ဆန်က ၎င်းဟာ အမျိုးသားကာယကြံ့ခိုင်မှုကို ရိုက်ကူးတဲ့ဓာတ်ပုံဆရာလို့ မိတ်ဆက်ခဲ့ပြီး အမျိုးသားတွေကို သူ့ရဲ့စတူဒီယိုကို လာရောက်ဓာတ်ပုံရိုက်ကူးဖို့ ဝက်ဘ်ဆိုက်ထောင်ပြီး ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ နီဂယ်ဝီလ်ကင်ဆန်ဟာ မုဒိမ်းမှု ၂ မှု ကျူးလွန်းခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ်… ဆက်လက်ဖက်ရှုရန်

ဂိမ်းဆုအဖြစ် အပြာရုပ်ရှင်မင်းသမီး နဲ့ ဟော်တယ်မှာ တစ်လ နေထိုင်ခွင့်ရတဲ့ ဆယ်ကျော်သက် Gammer

ရုရှားနိုင်ငံ မှ ဆယ်ကျော်သက် Gammer ဖြစ်သော ရူစလန်ရှက်ဒရင်သည် ဂိမ်းပစ္စည်းများရောင်းချသော ဝက်ဘ် ဆိုက်တစ်ခုသို့ ဝင်ရောက်ကြည့်ရှုအဖြစ် ထူးခြားသော ဆုတစ်ခုကို ပေးအပ်ချီးမြှင့် ခံခဲ့ရသည် ဟု သိရသည် ။၎င်းမှာ အပြာရုပ်ရှင်မင်းသမီးတစ်ဦး နှင့် မော်စစ်ကို ဟိုတယ် တစ်ခု၌ တစ်လကြာ အတူနေထိုင်ခွင့်ရမည် ဖြစ်သည် ။ ရူစလန်က ဆုအတွက် ပျော်ရွှင်နေသော်လည်း မိသားစုများက ဒေါသထွက်နေကြပြီး မူလကပင် ဗီဒီယိုဂိမ်းများ အလွန်အကျွံကစားခြင်းဖြင့် အချိန်ဖြုန်းနေသည်ကို မကျေနပ်သည့် ကြားမှ ယခုရရှိသည့် ဆုမှာ ဆယ်ကျော်သက်… ဆက်လက်ဖက်ရှုရန်

ဝက်မွေးမြူရေးနဲ့ ဘီလျံနာဖြစ်လာတဲ့ အသက် ၂ရနှစ်အရွယ် ချစ်စရာတရုတ်ကောင်မလေး

တရုတ်နိုင်ငံရဲ့ ဟူနန်မှာနေထိုင်တဲ့ အသက် ၁၇နှစ်အရွယ် အမျိုးသမီးချောလေးဟာဆိုရင် ဖခင်ရဲ့ ဝက်မွေးမြူရေးခြံကို အမွေဆက်ခံပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီး လူသိများလာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ရုပ်ဆင်းသဏ္ဍာန်လှပတာရယ်ဝက်အကောင်ပေါင်း ၆၀၀၀ လောက် မွေးမြူထားတာကြောင့် လူအများက “Billion Pig Farms” လို့တောင် နာမည်ပေးထားကြပါတယ်။ သူမ မွေးမြူထားတဲ့ ဝက်ကောင်ပေါင်း ၆ထောင်ကနေ တစ်နှစ်ကို ဝင်ငွေ ၃ဘီလီယံထိရရှိပါတယ်။ လွန်ခဲ့တဲ့ ၆နှစ်လောက်ကတည်းက ဖခင်ဆီက ဝက်မွေးမြူရေးလုပ်ငန်းကို လွှဲပြောင်းယူခဲ့တာဖြစ်ပြီး သူမရဲ့ တစ်နေ့တာအချိန်ကို ဝက်ခြံထဲမှာပဲ ကုန်ဆုံးစေခဲ့ပါတယ်။ ဆောင်းရာသီလိုအချိန်မျိုးမှာဆို သူမရဲ့… ဆက်လက်ဖက်ရှုရန်

ကျောင်းစာသင်ခန်းထဲမှာ စာသင်နေရင်း ကလေးမွေးခဲ့တဲ့ ကျောင်းသူလေး

ယနေ့ခေတ်ကာလမှာတော့ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ အိမ်ထောင်တွေကျ ကလေးတွေရပြီး မိဘနေရာကနေ ရုံးကန်နေကြတဲ့ လူငယ်လေးတွေများစွာ ရှိလာကြတာတွေ့ရပါတယ်။ ပညာရှာရမယ့်အချိန်မှာ ပညာမရှာကြဘဲ စိတ်ခံစားမှုနောက်ကို သာယာပြီးလိုက်ပါသွားကြတဲ့ အခါမှာတော့ လောကဓံကပေးတဲ့ အခက်အခဲဆိုတာကြီးတွေကို ခံစားနေကြရတဲ့လူတွေလည်း များစွာရှိကြပါတယ်။ မိဘတွေအနေနဲ့ဆိုရင်လည်း သူတို့အတတ်နိုင်ဆုံး သွန်သင်ဆုံးမခဲ့ကြပေမယ့် နားမထောင်ရင် လုပ်ချင်ရာလုပ်သွားတဲ့ သားသမီးတွေ ဒုက္ခရောက်နေတာကို ပြန်မြင်တွေ့နေရတာကြီးက ရင်ကွဲစေနိုင်တဲ့မြင်ကွင်းတစ်ခုပါပဲ။ ဒီအကြောင်းအရာလေးတွေဟာဆိုရင်လည်း ထိုင်းနိုင်ငံက စာသင်ကျောင်းတစ်ခုအတွင်းမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးနဲ့ ထပ်တူညီနေခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ ကျောင်းသူလေးတစ်ဦးဟာ စာသင်ခန်းထဲမှာ စာသင်နေစဉ် စူးရှပြီးကျယ်လောင်တဲ့ အော်သံကြီးအော်ဟစ်ပြီး ကြမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြီးကိုမြင်တွေ့နေတဲ့ ဆရာမနဲ့… ဆက်လက်ဖက်ရှုရန်

ရန်ကုန်အပါအဝင် မြို့ကြီးငါးမြို့ ရေအောက်နစ်မြုပ်သွားမည်ဟု အင်္ဂလန်မိုးလေဝသအဖွဲ့ အစည်းကို ကိုးကား၍ ဒေါက်တာထွန်းလွင် သတိပေး

ကမ္ဘာပေါ်တွင် ရာသီဥတုဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များ ပိုမိုမြန်ဆန်လာခြင်းကြောင့် နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ ရန်ကုန်မြို့အပါအဝင် မြို့ကြီးငါးမြို့မှာ ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက်မိုးလေဝသခန့်မှန်းသည့်အဖွဲ့ အစည်းကြီးက ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားလိုက်သည်။ ကမ္ဘာပေါ်တွင် ရာသီဥတု ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များ ပိုမိုမြန်ဆန်လာရခြင်းမှာ သဘာဝကြောင့်မဟုတ်ဘဲ လူသားတို့ ဖန်တီးလိုက်သည့် အရာများကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် အားနည်းသည့်အတွက် အခြားနိုင်ငံများထက် သဘာဝဘေးအန္တရာယ်ကို ပိုမိုခံစားရနိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က ပြောသည်။ “ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီးရော… ဆက်လက်ဖက်ရှုရန်