လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူကယ်ပြန် ဝန်ကြီးဌာန လက်အောက်လွှဲပြောင်း

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက လွှဲပြောင်းရယူပြီးဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ နေပြည်တော် မင်္ဂလာသီရီဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအပြီးမှာ ဒေါက်တာ ဝင်းမြတ်အေးက သတင်းထောက်တွေကို အဲဒီလိုပြောသွားတာပါ။ ဒါဟာ အစိုးရသစ်လက်ထက် တပ်မတော် စစ်ဘက်က တိုက်ရိုက်ကိုင်တွယ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က စခန်းတွေကို အရပ်သားအုပ်ချုပ်ရေး ယန္တယားအောက်က လူကယ်ပြန် ဝန်ကြီးဌာနကို ပထမဆုံး လွှဲပြောင်းပေးတာလည်း ဖြစ်ပါတယ်။ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေဖြစ်တဲ့ ပြည်မြို့က ရွှေပြည်သာ လူူငယ်ပြုစုရေးစခန်း၊… ဆက်လက်ဖက်ရှုရန်

ကျွန်တော်တို့မှားယွင်းယုံကြည်ခဲ့မိတဲ့ ဝိတ်ကျစေတဲ့နည်းလမ်းတွေ

တစ်နေ့ထမင်း ၃နပ်မှာ မနက်စာကို များများစားရမယ် ဆိုတဲ့ အယူတွေ အစားနည်းနည်းကို ၆ခါ ခွဲစားမယ် ဆိုတဲ့ အယူတွေကို ကျွန်တော်တို့ ယုံကြည်နေခဲ့ကြပါတယ်။ ဒါတွေအပြင် အခြားမှားယွင်းယုံကြည်နေမိတဲ့ အချက်တွေလည်းရှိပါသေးတယ်။ ဒီအချက်တွေကိုပြု ပြင်နိုင်ဖို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်တယ်နော်။ ၁။ အစားလျှော့စားခြင်းဒါက ဝိတ်ချဖို့အတွက်အကောင်းဆုံးနည်းလမ်းပါ။ ဒါပေမယ့် ကြာရှည်တော့ ကျန်းမာရေးထိခိုက်ဖို့ များပါတယ်။တချို့တွေကတော့ ဒီလိုအစားအသောက် လျှော့ချလိုက်တာမို့ စွမ်းအင်တွေ မရှိတော့သလိုတောင် ခံစားရတယ်လို့ဆိုပါတယ်။ ဒါကြောင့်အစားလျှော့စားခြင်းထက်အဆီကျနိုင်မယ့် အစားအသောက်တွေ ရွေးစားသောက်ခြင်းက ပိုကောင်းမှာပါ။ ၂။ ည ၆ နာရီကျော်ရင် ဘာမှမစားသင့်မနက်စာကို… ဆက်လက်ဖက်ရှုရန်

ညဘက်အရက်အလွန်အကျွံသောက်တဲ့အခါ မနက်ပိုင်းမှာ ဘယ်လိုကျန်းမာရေး ဆိုးကျိုးတွေခံစားရမလဲ

ပျော်လို့သောက်တာပဲဖြစ်ဖြစ် ၊ ဝမ်းနည်းလို့သောက်တာပဲဖြစ်ဖြစ် ဘယ်လိုပဲသောက်သောက် အရက်အလွန်အကျွံသောက်သုံးတဲ့အခါ စိတ်ကျရောဂါကိုခံစားလာရနိုင်ပါတယ်။ ဒီအချက်ကိုတော့ Exeter တက္ကသိုလ်နဲ့ UCL မှသုတေသီအဖွဲ့က အရှက်အကြောက်ကြီးတဲ့လူတွေ နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေ အမူးသောက်ပြီးတဲ့အခါဘယ်လိုဖြစ်လဲဆိုတာကိုဆန်းစစ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အရှက်အကြောက်ကြီး တဲ့သူတွေဟာ သူတို့ရဲ့အနေခက်မှုတွေကို ဖယ်ရှားဖို့အတွက် အရက်သောက်ရင်းနဲ့ အရက်စွဲသွားတတ်ကြပါတယ်လေ့လာမှုအရ အရှင်အကြောက်ကြီး တဲ့သူတွေဟာ ကိုယ်ကိုယ့်ကိုယုံကြည်မှုရှိတဲ့သူတွေထက်စာရင် စိတ်ကျဝေဒနာခံစားမှုနှုန်းပိုမြင့်နေကြောင်းလည်းတွေ့ရပါတယ်။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေကို အရက်နဲ့မျှောချတဲ့အခါ တစ်ခနသာ ပျောက်ကွယ်သွားမှာဖြစ်ပြီး မနက်မှာ ပိုဆိုးတဲ့ စိတ်ကျဝေဒနာကိုခံစားရပါလိမ့်မယ်။ ဗြိတိန်နိုင်ငံမှာဆိုရင်လက်ရှိ အရက်စွဲနေသူပေါင်း ၆ သိန်းကျော်ရှိနေပါတယ်။ အခု ကောက်နှုတ်ထားတဲ့စစ်တမ်းကို… ဆက်လက်ဖက်ရှုရန်

မနက် ၉ နာရီ မထိုးခင် လူတိုင်းလုပ်သင့်တဲ့ အရာ (၇) ခု

လူသားတွေ တစ်နေ့တာ လန်းဆန်းတက်ကြွနေစေဖို့ အရေးအကြီးဆုံး အချိန်ဟာ မနက်ခင်း ဖြစ်ပါတယ်။ သင့်ရဲ့ မနက်ခင်းအချိန်တွေသာ ကောင်းမွန်ပြီး လန်းဆန်းတက်ကြွနေမယ်ဆိုရင် သင့်ရဲ့ တစ်နေ့တာကိုလည်း လန်းလန်းဆန်းဆန်း ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ဒီတော့ မနက် ကိုးနာရီမတိုင်ခင် နေ့စဉ်လုပ်သင့်တဲ့ အချက် (၇) ချက်ရှိပါတယ်။ နေ့စဉ် လန်းဆန်းတက်ကြွပြီး သက်ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်နေသူ အများစုဟာ အောက်ပါအချက်တွေကို လုပ်လေ့ရှိပါတယ်။ ၁။ နည်းနည်းစောစောထပါ မိနစ်နှစ်ဆယ်ကနေ နာရီဝက်လောက် စောစောထကြည့်ပါ။ မနက်ပိုင်းကို အနည်းငယ် စောထလိုက်ခြင်းကြောင့် ကားကျပ်တာတွေ၊ လူရှုပ်တွေတာတွေကို… ဆက်လက်ဖက်ရှုရန်

မြန်မာပြည်၌ထုတ်သောအရက်အချို ့တွင် ယူရီးယားဓာတ်မြေသြဇာ အသုံးပြုမှုရှိနေဟု စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဆို

မြန်မာပြည်တွင် ထုတ်လုပ်သောအရက်အချို့တွင် ယူရီးယားဓာတ်မြေသြဇာ အသုံးပြုမှုတို့ရှိနေကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ လက်ရှိ မြန်မာပြည်တွင်ရောင်းချနေသော နိုင်ငံခြားဖြစ်အရက်ပုလင်းများတွင် အတုများရှိနေပြီး အစစ်ကိုမေးဝယ်မှသာ ဈေးနှုန်းကြီးမြင့်စွာဖြင့် အမှန်တကယ်ရရှိကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။ “ နာမည်တော့ ထုတ်မပြောတော့ဘူး။ နာမည်ကြီး အရက်ကုမ္ပဏီကြီးတစ်ခု။ အဲဒီက ထွက်လာတဲ့သတင်း၊ သတင်းကလည်း တိကျခိုင်မာပါတယ်။ ကုမ္ပဏီရဲ့ စာရင်းဌာနကပေါ့။ တစ်လတစ်လကို ယူရီးယားဓာတ်မြေသြဇာ ဒီမှာ ပုလဲဓာတ်မြေသြဇာလို့ ခေါ်တယ်။ ဆယ်သိန်းဖိုးလောက် ရှင်းရတယ်ဆိုတယ်။ အခုချိန်ထိလည်း သုံးတုန်းပါပဲ။ ဒါတွေကတော့ တော်တော်အန္တရာယ်များပါတယ် ”… ဆက်လက်ဖက်ရှုရန်

ဘောလိဝုဒ် အနုပညာရှင်တွေရဲ့ ကိုယ်အလေးချိန် လျှော့ချနည်း လျှို့ဝှက်ချက်များ

“ကိုယ်အလေးချိန် လျှော့ချတယ်”ဆိုတဲ့နေရာမှာ စနစ်တကျ လေ့ကျင့်ခန်း ပြုလုပ်ခြင်းနဲ့ အစားအစာတွေ ရွေးချယ်စားသုံးခြင်းဟာ အဓိက ကျပါတယ်။ ဘောလိဝုဒ် အနုပညာရှင် အများစုဟာ သူတို့ရဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကို အမြဲဂရုတစိုက် ထိန်းသိမ်းလေ့ ရှိကြပြီး အခုဖော်ပြပေးမှာကတော့ ဘောလိဝုဒ် ထိပ်တန်းအနုပညာရှင်တွေရဲ့ ဝိတ်အမြန်ကျစေတဲ့ လျှို့ဝှက်ချက်နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ (၁) Alia Bhattဆယ်ကျော်သက် အရွယ်တုန်းက ဝလွန်းလို့ “ဖက်တီးမလေး” လို့တောင် နောက်ပြောင်ခံခဲ့ရဖူးတဲ့ Alia ရဲ့ ဝိတ်ကျစေတဲ့ လျှို့ဝှက်ချက်ကတော့ အစားစားတဲ့အခါ တခါတည်းနဲ့ ဝအောင်စားခြင်းထက် နည်းနည်းနဲ့… ဆက်လက်ဖက်ရှုရန်

ရုပ်ပိုင်းဆိုင်ရာ အရွယ်တင်နုပျိုစေပြီး စိတ်ဓာတ်ကြံ့ခိုင်သန်မာစေတဲ့လေ့ကျင့်ခန်း(၅)မျိုး

ပျိုမေတို့ဟာ ရုပ်ပိုင်းဆိုင်ရာလှပနုပျိုဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့အထဲမှာ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပေးတဲ့နည်းလမ်းပါ။ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပြီး သန်မာတဲ့သူတစ်ယောက်ဖြစ်ဖို့ နေ့စဉ်ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးလိုက်ပါ။ (၁) အသက်ရှူလေ့ကျင့်ခန်း လေကို ရှိုက်သွင်းလိုက်ပြီး နှစ်စက္ကန့်လောက်နေပြီး အဆုတ်ထဲရောက်သည်အထိရှူသွင်းလိုက်ပါ။ ပြီးရင် ထွက်လေကို ပါးစပ်ထဲကနေဖြည်းဖြည်းချင်းထုတ်ပေးလိုက်ပါ။ အဲ့ဒါကို မိနစ်အနည်းငယ်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲကသွေးလှည့်ပတ်မှု၊ အစာချေစနစ်တွေ ကောင်းကောင်းလှည့်ပတ်ဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ (၂) သွေးပူလေ့ကျင့်ခန်း ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက် ခွဲရပ်ပြီး ဒူးတွေကို အနည်းငယ်ကွေးထားပေးလိုက်ပါ။ လက်နှစ်ဖက်ကို ရှေ့နောက်၊ ဘေး ဘယ်ညာ လွဲပေးပါ။… ဆက်လက်ဖက်ရှုရန်