တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ့်လန်လမ်းပိုင်း တွန်ကျိုင်းကျေးရွာတဝိုက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဒီမနက်ပိုင်းကစလို့ တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် တွန်ကျိုင်းရွာမှာ ရွာသားတစ်ရာကျော် ပိတ်မိနေတာရှိပြီး ကယ်ထုတ်ဖို့ အခက်အခဲဖြစ်နေ တဲ့အတွက် အခုညနေပိုင်းမှာတော့ ရွာကနေ ထွက်ပြေးလာတဲ့ ရွာသား ၆၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သီပေါနယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးက ပြောပါတယ်။ ရွာသားတွေ ပိတ်မိနေတဲ့အခြေအနေကို SSPP သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းစုကို မေးမြန်းရာ မှာတော့ တွန်ကျိုင်းရွာအပါအဝင် အနီးအနားရွာတွေအထိ… ဆက်လက်ဖက်ရှုရန်

ခရစ္စမတ် အခါသမယတွင် မလေးရှားခေါင်းဆောင်များက အမျိုးသားစည်းလုံးညီညွတ်ရေးကို နှိုးဆော်

ခရစ္စမတ်အခါသမယတွင် မလေးရှား ခေါင်းဆောင်များက အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ဘာသာရေးဆိုင်ရာသည်းခံရေးတို့ကို တိုက်တွန်းနှိုးဆော်လိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။ ဆီလန်ဂါရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် မကြာသေးမီက အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် လူမျိုးရေး၊ ဘာသာရေးသွေးခွဲမှုများကို အစိုးရက ရှင်းလင်းဖယ်ရှားလျက်ရှိပြီး ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၄ ရက်က မိန့်ခွန်းပြောကြားသော ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က “မလေးရှားဟာ လူမျိုးတိုင်း၊ ဘာသာတိုင်း အားလပ်ရက်ပွဲတော်တွေကို အတူတကွ ဆင်နွှဲကြတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လေးစားမှုကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းသွားကြဖို့… ဆက်လက်ဖက်ရှုရန်

မြန်မာနဲ့ အိန္ဒိယ ပိုမိုပူးပေါင်းနေ

မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေတယ်လို့ အိန္ဒိယနိုင်ငံကလာတဲ့ သတင်းတရပ်မှာ ဖေါ်ပြပါတယ်။ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၂၀ လောက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီး အိန္ဒိယစစ်ဘက်ထိပ်တန်းကိုယ်စားလှယ် ၇၈ ဦးလည်း မြန်မာနိုင်ငံကို ရောက်ရှိလာ ပါတယ်။ အိန္ဒိယကိုယ်စားလှယ်အဖွဲ့မှာ တပ်အရာရှိတွေတင်မက ဇနီးသည်တချို့ပါ ပါဝင်တယ်လို့ အိန္ဒိယသံရုံး ကပြောပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံဟာ တရုတ်နဲ့ ရင်းနှီးမှုတွေ တိုးပွားလာတဲ့ အခြေအနေကို အိန္ဒိယအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေကို… ဆက်လက်ဖက်ရှုရန်

လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူကယ်ပြန် ဝန်ကြီးဌာန လက်အောက်လွှဲပြောင်း

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက လွှဲပြောင်းရယူပြီးဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ နေပြည်တော် မင်္ဂလာသီရီဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအပြီးမှာ ဒေါက်တာ ဝင်းမြတ်အေးက သတင်းထောက်တွေကို အဲဒီလိုပြောသွားတာပါ။ ဒါဟာ အစိုးရသစ်လက်ထက် တပ်မတော် စစ်ဘက်က တိုက်ရိုက်ကိုင်တွယ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က စခန်းတွေကို အရပ်သားအုပ်ချုပ်ရေး ယန္တယားအောက်က လူကယ်ပြန် ဝန်ကြီးဌာနကို ပထမဆုံး လွှဲပြောင်းပေးတာလည်း ဖြစ်ပါတယ်။ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေဖြစ်တဲ့ ပြည်မြို့က ရွှေပြည်သာ လူူငယ်ပြုစုရေးစခန်း၊… ဆက်လက်ဖက်ရှုရန်

ကျွန်းဆွယ်ပေါ်မှ ရထားလမ်းနှင့် ကားလမ်းများအား ပြန်လည်ချိတ်ဆက်ရန် ကိုရီးယားနှစ်နိုင်ငံကတိပြု

နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုမှာ ကြန့်ကြာနေသော်လည်း နှစ်ခြမ်းကွဲနေသော ကိုရီးယားကျွန်းဆွယ်ပေါ်မှ ရထားလမ်းနှင့် ကားလမ်းများအား ပြန်လည် ပြင်ဆင်ချိတ်ဆက်ရေး ဆိုင်ရာအခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၂၆ ရက်က တောင်ကိုရီးယားကိုယ်စားလှယ်များသည် နယ်စပ်ကိုဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံသို့ သွားခဲ့ကြသည်။ အစိုးရအရာရှိများနှင့် မြောက်ကိုရီးယားတွင် မွေးဖွားခဲ့သူငါးဦးအပါအဝင် တောင်ကိုရီးယားနိုင်ငံသား ၁၀၀ ခန့်ကို တင်ဆောင်ထားသော တွဲကိုးတွဲပါသည့် အထူးရထားတစ်စင်းသည် မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်သို့သွားရန် နံနက်အစောပိုင်းက ဆိုးလ်မြို့ ရထားဘူတာရုံမှ ထွက်ခွာခဲ့ကြသည်။ အနီ၊ အဖြူ၊ အပြာရောင်ရှိသော ရထားကြီး၏ ဘေးနှစ်ဘက်တွင် ‘တောင်-မြောက် ရထားလမ်းနဲ့… ဆက်လက်ဖက်ရှုရန်

တရုတ်နှင့် ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေးမြှင့်တင်မှုအဖြစ် အိန္ဒိယက အရှည်ဆုံး ရထားလမ်းတံတားကို ဖွင့်လှစ်

တရုတ်နှင့်ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေး အဆင့်မြှင့်တင်မှုအဖြစ် အိန္ဒိယက နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်၌ ဖောက်လုပ်ထားသည့် အရှည်ဆုံး ရထားလမ်းတံတားကို ဒီဇင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အာသံပြည်နယ်ရှိ ဗြဟ္မပုတြာမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော Bogibeel ရထားလမ်းတံတားကို ဆယ်စုနှစ် နှစ်ခုနီးပါး အချိန်ယူတည်ဆောက် ခဲ့ရပြီး ဒေါ်လာသန်း ၈၀၀ ကုန်ကျခဲ့သည်။ ၄.၉ ကီလိုမီတာ (သုံးမိုင်) ရှည်လျားသော Bogibeel ရထားလမ်းတံတားကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက တက်ရောက်ဖွင့် လှစ်ပေးခဲ့သည်။ ဒီဘရူဂါ့ဟ်မြို့အနီးတွင် တည်ရှိသည့် အဆိုပါတံတားသည်… ဆက်လက်ဖက်ရှုရန်

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ မီးပြတ်မည်

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နဲ့ မြို့နယ်တွေမှာ ဓာတ်အားလိုင်းကြိုးအသစ်လဲလှယ်တာ၊ ဓာတ်အားခွဲရုံတွေ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းတွေ လုပ်မှာဖြစ်တာကြောင့် ဒီဇင်ဘာ ၂၇ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ မြို့နယ် ၁၆ မြို့နယ်မှာ မီးယာယီပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။ ကမာရွတ်၊ မရမ်းကုန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ အလုံ၊ လှိုင်၊ လသာ၊ ဗဟန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊… ဆက်လက်ဖက်ရှုရန်

လက်နက်ကိုင်ရန် ကြောက်နေရတဲ့ နမ္မတူ ဒေသခံများ

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ရှမ်းနဲ့ ပလောင် လက်နက်ကိုင် နှစ်ဖွဲ့ကြား တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေ အတော မသတ်နိုင်သေးလို့ မအေးချမ်း၊ မတည်ငြိမ်တဲ့ အငွေ့အသက်တွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ရှမ်းမြောက်ဒေသက တောင်ကုန်း တောင်တန်းတွေပေါ် ရောက်ရှိလာတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့များကို တိုက်ထုတ်နေတဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား စစ်ရေး လှုပ်ရှားမှုတွေကလည်း ရှုပ်ထွေးနေဆဲပါ။ RCSS နဲ့ TNLA တို့ကြား… ဆက်လက်ဖက်ရှုရန်

ထိန်းသိမ်းခံထားရသော တရုတ်လူ့အခွင့်အရေး ရှေ့နေ၏ဇနီး တရားခွင်သို့ သွားရောက်ခွင့် တားမြစ်ခံရ

နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရသော တရုတ်လူ့အခွင့်အရေးရှေ့နေ ဝမ်ကွမ်ကျန်၏ ဇနီးအား တရုတ်အာဏာပိုင်များက တရားခွင်သို့ သွားရောက်ခွင့် တားမြစ်ခဲ့ကြောင်း လူမှုမီဒီယာ WeChat တွင် ဇနီးဖြစ်သူ လီဝမ်ကျူက ရေးသားခဲ့သည်။ ခင်ပွန်းဖြစ်သူအား ကာလအကန့်အသတ်မရှိ ထိန်းသိမ်းထားမှုကို ကန့်ကွက်သည့်အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်တွင် ခေါင်းရိတ်ဆန္ဒပြခဲ့သော လီဝမ်ကျူက ပေကျင်းရှိ နေအိမ်အပြင်ဘက်တွင် ဒီဇင်ဘာ ၂၅ ရက်က လုံခြုံရေး ၂၀ ကျော်ကို တွေ့ခဲ့ကြောင်း၊ ယင်းတို့ထဲမှတစ်ဦးက ထျန်ကျင်းသို့မသွားရန် ၎င်းအား တားမြစ်ခဲ့ကြောင်းပြောကြားခဲ့သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် မြေသိမ်းခံရသူများအတွက် ရှေ့နေလိုက်ပေးသော ဝမ်ကွမ်ကျန်သည် ၂၀၁၆… ဆက်လက်ဖက်ရှုရန်

လွတ်လပ်ရေးနေ့မှာ ရန်ကုန်မြို့တွင်းနေရာအချို့ ယာယီလမ်းပိတ်မည်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ လွတ်လပ်ရေးနေ့ကို မြို့တော်ခန်းမရှေ့ မဟာဗန္ဒုလပန်းခြံမှာ ကျင်းပမှာဖြစ်တာကြောင့် အဲဒီအနီးတစ်ဝိုက်မှာ ယာယီလမ်းပိတ်မှာဖြစ်တယ်လို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ကြေညာထားပါတယ်။ မနက် ၃ နာရီခွဲ အချိန်ကစတင်ပြီး ပွဲပြီးဆုံးတဲ့အချိန်အထိ မဟာဗန္ဒုလလမ်းကို ဆူးးလေဘုရားလမ်းကနေ ပန်းဆိုးတန်းအထိ၊ဘဏ်လမ်းကို ဆူးလေဘုရားလမ်းကနေ ပန်းဆိုးတန်းအထိ၊ ကုန်သည်လမ်းကို ပန်းဆိုးတန်းလမ်းကနေ ဆူးလေဘုရားလမ်းအထိ ယာယီပိတ်ထားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ မဟာဗန္ဒုလလမ်းကနေ လာတဲ့ ယာဉ်လိုင်းတွေအနေနဲ့ ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်းလမ်းကနေ လည်းကောင်း၊ကုန်သည်လမ်းကလာတဲ့ယာဉ်လိုင်းတွေအနေနဲ့ ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ဆူးလေဘုရာလမ်းနဲ့ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြဖို့… ဆက်လက်ဖက်ရှုရန်