မြန်မာနဲ့ အိန္ဒိယ ပိုမိုပူးပေါင်းနေ

မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေတယ်လို့ အိန္ဒိယနိုင်ငံကလာတဲ့ သတင်းတရပ်မှာ ဖေါ်ပြပါတယ်။ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၂၀ လောက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီး အိန္ဒိယစစ်ဘက်ထိပ်တန်းကိုယ်စားလှယ် ၇၈ ဦးလည်း မြန်မာနိုင်ငံကို ရောက်ရှိလာ ပါတယ်။ အိန္ဒိယကိုယ်စားလှယ်အဖွဲ့မှာ တပ်အရာရှိတွေတင်မက ဇနီးသည်တချို့ပါ ပါဝင်တယ်လို့ အိန္ဒိယသံရုံး ကပြောပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံဟာ တရုတ်နဲ့ ရင်းနှီးမှုတွေ တိုးပွားလာတဲ့ အခြေအနေကို အိန္ဒိယအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေကို… ဆက်လက်ဖက်ရှုရန်

ကျွန်းဆွယ်ပေါ်မှ ရထားလမ်းနှင့် ကားလမ်းများအား ပြန်လည်ချိတ်ဆက်ရန် ကိုရီးယားနှစ်နိုင်ငံကတိပြု

နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုမှာ ကြန့်ကြာနေသော်လည်း နှစ်ခြမ်းကွဲနေသော ကိုရီးယားကျွန်းဆွယ်ပေါ်မှ ရထားလမ်းနှင့် ကားလမ်းများအား ပြန်လည် ပြင်ဆင်ချိတ်ဆက်ရေး ဆိုင်ရာအခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၂၆ ရက်က တောင်ကိုရီးယားကိုယ်စားလှယ်များသည် နယ်စပ်ကိုဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံသို့ သွားခဲ့ကြသည်။ အစိုးရအရာရှိများနှင့် မြောက်ကိုရီးယားတွင် မွေးဖွားခဲ့သူငါးဦးအပါအဝင် တောင်ကိုရီးယားနိုင်ငံသား ၁၀၀ ခန့်ကို တင်ဆောင်ထားသော တွဲကိုးတွဲပါသည့် အထူးရထားတစ်စင်းသည် မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်သို့သွားရန် နံနက်အစောပိုင်းက ဆိုးလ်မြို့ ရထားဘူတာရုံမှ ထွက်ခွာခဲ့ကြသည်။ အနီ၊ အဖြူ၊ အပြာရောင်ရှိသော ရထားကြီး၏ ဘေးနှစ်ဘက်တွင် ‘တောင်-မြောက် ရထားလမ်းနဲ့… ဆက်လက်ဖက်ရှုရန်

တရုတ်နှင့် ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေးမြှင့်တင်မှုအဖြစ် အိန္ဒိယက အရှည်ဆုံး ရထားလမ်းတံတားကို ဖွင့်လှစ်

တရုတ်နှင့်ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေး အဆင့်မြှင့်တင်မှုအဖြစ် အိန္ဒိယက နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်၌ ဖောက်လုပ်ထားသည့် အရှည်ဆုံး ရထားလမ်းတံတားကို ဒီဇင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အာသံပြည်နယ်ရှိ ဗြဟ္မပုတြာမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော Bogibeel ရထားလမ်းတံတားကို ဆယ်စုနှစ် နှစ်ခုနီးပါး အချိန်ယူတည်ဆောက် ခဲ့ရပြီး ဒေါ်လာသန်း ၈၀၀ ကုန်ကျခဲ့သည်။ ၄.၉ ကီလိုမီတာ (သုံးမိုင်) ရှည်လျားသော Bogibeel ရထားလမ်းတံတားကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက တက်ရောက်ဖွင့် လှစ်ပေးခဲ့သည်။ ဒီဘရူဂါ့ဟ်မြို့အနီးတွင် တည်ရှိသည့် အဆိုပါတံတားသည်… ဆက်လက်ဖက်ရှုရန်

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ မီးပြတ်မည်

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နဲ့ မြို့နယ်တွေမှာ ဓာတ်အားလိုင်းကြိုးအသစ်လဲလှယ်တာ၊ ဓာတ်အားခွဲရုံတွေ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းတွေ လုပ်မှာဖြစ်တာကြောင့် ဒီဇင်ဘာ ၂၇ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ မြို့နယ် ၁၆ မြို့နယ်မှာ မီးယာယီပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။ ကမာရွတ်၊ မရမ်းကုန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ အလုံ၊ လှိုင်၊ လသာ၊ ဗဟန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊… ဆက်လက်ဖက်ရှုရန်

ခရစ်စမတ်အတွက် လည်လို့ကောင်းတဲ့ ထိုင်းနိုင်ငံရဲ့နေရာများ

ထိုင်းနိုင်ငံအတွက်ဆိုရင်တော့ ခရစ်စမတ်ပွဲတော်ဆိုတာ အစဉ်အလာအနေနဲ့ကျင်းပလာခဲ့တဲ့ ပွဲတော်တခုတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာဆိုရင် ဗုဒ္ဓဘာသာကိုးကွယ်သူ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းရှိပြီး ၁၄ ရာခိုင်နှုန်းကတော့ အစ္စလာမ်ဘာသာကိုးကွယ်သူတွေပါ။ဒါကြောင့်လည်း ခရစ်ယာန်ဘာသာကိုးကွယ်သူ လူဦးရေက ၁ ရာခိုင်နှုန်းလောက်သာရှိပါတယ်။ ဒါပေမယ့်လည်း ဒီနိုင်ငံဟာ ခရစ်စမတ်ပွဲတော်ကို ထူးထူးခြားခြားအပြင်အဆင်မျိုးတွေနဲ့ ခမ်းခမ်းနားနားကျင်းပ လေ့ရှိတတ်ပါတယ်။ ဒါကြောင့်မလို့လည်း ခရီးသွားဧည့်သည်တွေဟာ ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးညကို ထိုင်းနိုင်ငံမှာဆင်နွှဲဖို့ ဆုံးဖြတ်လေ့ရှိကြတာပါပဲ။ထိုင်းနိုင်ငံရဲ့ ခရစ်စမတ်အားလပ်ရက်တွေဟာ ပျော်စရာကောင်းတဲ့ အချိန်တွေဖြစ်ကြပါတယ်။ ဘန်ကောက်မှာရှိတဲ့ ဟိုတယ်တွေက ကိုယ့်ဟိုတယ်ကိုအပျံစားအလှဆင်နေကြတဲ့အချိန်မှာ ဘန်ကောက်လမ်းမတွေပေါ်က စတိုးဆိုင်ကြီးတွေနဲ့ လူနေအိမ်တွေကလည်းနောက်ကျမကျန်ခဲ့ရအာင် အသီးသီး အလှဆင်နေကြပါတယ်။… ဆက်လက်ဖက်ရှုရန်

ကိုကာကိုလာကုမ္ဗဏီ ဘယ်လိုအစပြုခဲ့တာလဲ

ကိုကာကိုလာက လူတွေကြားမှာ မသိသူ မရှိသလောက်ဖြစ်တဲ့ အချိုရည်တစ်ခုပေါ့။ ကမıာနဲ့အဝန်း လူသိများ ထင် ရှားပါတယ်။ ကိုကာကိုလာကို သောက် ကောင်းလို့ သောက်နေပေမဲ့ သည်ကုမ္ဗဏီ ဘယ်လိုစတင်ခဲ့လဲဆိုတာ စဉ်းစား မိကြလား။ သည်တစ်ပတ်တော့ နှစ်နှစ် ခြိုက်ခြိုက်သောက်သုံးနေတဲ့ ကိုကာကို လာ အချိုရည် ကုမ္ဗဏီ ဘယ်လိုစတင်ခဲ့လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ကိုကာကိုလာ ကုမ္ဗဏီက အမေရိကန်အခြေစို်က် ကုမ္ဗဏီတစ်ခုပါ။ အယ်လ်ကိုဟော ပါဝင်မှုမရှိတဲ့ သောက်စရာ ထုတ်လုပ်တဲ့ ကုမ္ဗဏီပေါ့။ သည်ကုမ္ဗဏီ ဟာ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရတဲ့… ဆက်လက်ဖက်ရှုရန်

ဟော့ပေါ့ဆိုင် ဂက်စ်ဖြည့်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်းနှစ်ဦး အပြင်းအထန်ဒဏ်ရာရ

အစားတစ်လိုင်း ဟော့ ပေါ့ဆိုင်တွင် ဂက်စ်ဖြည့်ရာမှ ပေါက်ကွဲမှုဖြစ်ရာ ဆိုင်ဝန်ထမ်း နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း စမ်းချောင်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဘိုဘိုဦးကပြောသည်။ ‘‘ဂက်စ်ဘူးအသေးထဲကို ဂက်စ်အိုးကြီးကနေ ထည့်တဲ့အ ချိန်မှာ ပေါက်ကွဲတာ။ တစ်လုံးကွဲ တော့ ဆင့်ကဲဆင့်ကဲကွဲတာ။ ဝန် ထမ်းနှစ်ယောက် ဒဏ်ရာပြင်းပြင်း ထန်ထန်ရလို့ အရေးပေါ်ကိုပို့ လိုက်ပါတယ်’’ ဟု ၎င်းကပြော သည်။ ဒီဇင်ဘာ ၂၃ ရက်နံနက် ၉ နာရီခွဲကျော်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး မီးသတ်ဌာနက အချိန်မီ ရောက်ရှိလာသောကြောင့်… ဆက်လက်ဖက်ရှုရန်

နောင်ချို၌ သကြားစက်ရုံ တည်ဆောက်မည်

နေ့စဉ် ကြံတန်ချိန်တစ် သောင်းနှစ်ထောင်ကြိတ်နိုင်မည့် သကြားစက်ရုံကို ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့တွင် တည်ဆောက်မည်ဖြစ်သည်။ နောင်ချိုမြို့နယ် ကုန်းကြီး ရွာမကျေးရွာအုပ်စု အင်းဝိုင်းကျေးရွာအနီး မြေ ၄၉ ဒသမ ၇၅ ဧကပေါ်တွင် ဆင်းရွှေလီသကြား စက်ရုံအမှတ် (၃)ကို ၂ နှစ်တွင်း တည်ဆောက်မည်ဖြစ်သည်။ နောင်ချိုမြို့နယ် ကုန်းကြီး ကျေးရွာဝန်းကျင်သည် ကြံကို အဓိကစိုက်ပျိုးသဖြင့် ဒေသခံ တောင်သူများစိုက်ပျိုးသည့် ကြံများကို ဝယ်ယူ၍ သကြားစက်ရုံ တွင် အသုံးပြုမည်ဖြစ်ပြီး တည် ဆောက်ရေးကာလနှင့် စီမံကိန်း ကာလအတွင်း ဒေသခံများဖြင့်… ဆက်လက်ဖက်ရှုရန်

အစိုးရချင်း ပဲရောင်းဝယ်ရေး အိန္ဒိယသို့ သွားရောက် ညှိနှိုင်းမည်

မြန်မာ့ ပဲကို အိန္ဒိယနိုင်ငံသို့ အစိုးရချင်း စာချုပ် ချုပ်ဆိုသည့် စနစ်(G to G) ဖြင့် တင်ပို့မှုများ လုပ်ဆောင်ရန် အတွက် သွားရောက် ညှိနှိုင်းမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) က သိရ သည်။ အဆိုပါ ပဲ ဝယ်ယူရေး ကိစ္စနှင့် ပတ်သက်၍ စီးပွား/ကူးသန်း လက်အောက်ရှိ ကုန်သွယ်ရေး ဦးစီးဌာန တာဝန်ရှိသူများ က ဇန်နဝါရီလ အတွင်း အိန္ဒိယ နိုင်ငံသို့ သွားရောက်ကာ G… ဆက်လက်ဖက်ရှုရန်

တရုတ်နှင့် ဂျပန်တို့ကြား မြန်မာ သံတမန်ရေး ကျွမ်းကျင်ဖို့ လို

ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး အကျပ်အတည်းအတွက် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပစ်ပယ်နေချိန်တွင် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် မြန်မာနိုင်ငံ၏ အရှေ့တောင်အာရှတွင် သေနင်္ဂဗျူဟာကျစွာ တည်ရှိခြင်း၏ တန်ဖိုးကို နားလည်သောကြောင့် အနောက်နိုင်ငံများနှင့်မတူဘဲ လက်ဦးမှု ရရှိရေးနှင့် ၎င်းတို့၏ မဟာ စီမံကိန်းကြီးများကို ရှေ့ဆက် လုပ်ဆောင်ရေးအတွက် မြန်မာနိုင်ငံနှင့် အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကို တိုးတက်စေမည့် တိုက်ကြီးများနှင့် သမုဒ္ဓရာကြီးများကို ရေကြောင်းလမ်းများနှင့် ကုန်းတွင်း အဝေးပြေးလမ်းကြီးများဖြင့် ဆက်သွယ်မည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့၏ သေနင်္ဂဗျူဟာသည် နှေးကွေးနေသော မြန်မာ့ စီးပွားရေးကို… ဆက်လက်ဖက်ရှုရန်