ခရစ္စမတ် အခါသမယတွင် မလေးရှားခေါင်းဆောင်များက အမျိုးသားစည်းလုံးညီညွတ်ရေးကို နှိုးဆော်

ခရစ္စမတ်အခါသမယတွင် မလေးရှား ခေါင်းဆောင်များက အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ဘာသာရေးဆိုင်ရာသည်းခံရေးတို့ကို တိုက်တွန်းနှိုးဆော်လိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။ ဆီလန်ဂါရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် မကြာသေးမီက အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် လူမျိုးရေး၊ ဘာသာရေးသွေးခွဲမှုများကို အစိုးရက ရှင်းလင်းဖယ်ရှားလျက်ရှိပြီး ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၄ ရက်က မိန့်ခွန်းပြောကြားသော ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က “မလေးရှားဟာ လူမျိုးတိုင်း၊ ဘာသာတိုင်း အားလပ်ရက်ပွဲတော်တွေကို အတူတကွ ဆင်နွှဲကြတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လေးစားမှုကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းသွားကြဖို့… ဆက်လက်ဖက်ရှုရန်

ရာထူးမှထုတ်ပယ်ပြီး (၅)မိနစ်အတွင်း မော်ရင်ဟို၏ရုံးခန်းကို မန်ယူအသင်း ရှင်းလင်းခဲ့

မန်ယူအသင်းသည် နည်းပြ မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ပြီး (၅)မိနစ်အတွင်းပင် ၎င်း၏ ရုံးခန်းကို ရှင်းလင်းပစ်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆိုးရွားဆုံးရာသီအစမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီးနောက် နည်းပြ မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟိုသည် ဒီဇင်ဘာလ (၁၈)ရက်တွင် မန်ယူအသင်း၏ ကာရင်တန်လေ့ကျင့်ရေးကွင်း၌ အသင်း၏အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီးနောက် မန်ယူအသင်းက ယင်းနေ့ ဒေသစံတော်ချိန် နံနက် (၉)နာရီ၊ (၄၆) မိနစ်တွင် ၎င်းကို ရာထူးမှထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက်… ဆက်လက်ဖက်ရှုရန်

ကျွန်းဆွယ်ပေါ်မှ ရထားလမ်းနှင့် ကားလမ်းများအား ပြန်လည်ချိတ်ဆက်ရန် ကိုရီးယားနှစ်နိုင်ငံကတိပြု

နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုမှာ ကြန့်ကြာနေသော်လည်း နှစ်ခြမ်းကွဲနေသော ကိုရီးယားကျွန်းဆွယ်ပေါ်မှ ရထားလမ်းနှင့် ကားလမ်းများအား ပြန်လည် ပြင်ဆင်ချိတ်ဆက်ရေး ဆိုင်ရာအခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၂၆ ရက်က တောင်ကိုရီးယားကိုယ်စားလှယ်များသည် နယ်စပ်ကိုဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံသို့ သွားခဲ့ကြသည်။ အစိုးရအရာရှိများနှင့် မြောက်ကိုရီးယားတွင် မွေးဖွားခဲ့သူငါးဦးအပါအဝင် တောင်ကိုရီးယားနိုင်ငံသား ၁၀၀ ခန့်ကို တင်ဆောင်ထားသော တွဲကိုးတွဲပါသည့် အထူးရထားတစ်စင်းသည် မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်သို့သွားရန် နံနက်အစောပိုင်းက ဆိုးလ်မြို့ ရထားဘူတာရုံမှ ထွက်ခွာခဲ့ကြသည်။ အနီ၊ အဖြူ၊ အပြာရောင်ရှိသော ရထားကြီး၏ ဘေးနှစ်ဘက်တွင် ‘တောင်-မြောက် ရထားလမ်းနဲ့… ဆက်လက်ဖက်ရှုရန်

တရုတ်နှင့် ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေးမြှင့်တင်မှုအဖြစ် အိန္ဒိယက အရှည်ဆုံး ရထားလမ်းတံတားကို ဖွင့်လှစ်

တရုတ်နှင့်ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေး အဆင့်မြှင့်တင်မှုအဖြစ် အိန္ဒိယက နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်၌ ဖောက်လုပ်ထားသည့် အရှည်ဆုံး ရထားလမ်းတံတားကို ဒီဇင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အာသံပြည်နယ်ရှိ ဗြဟ္မပုတြာမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော Bogibeel ရထားလမ်းတံတားကို ဆယ်စုနှစ် နှစ်ခုနီးပါး အချိန်ယူတည်ဆောက် ခဲ့ရပြီး ဒေါ်လာသန်း ၈၀၀ ကုန်ကျခဲ့သည်။ ၄.၉ ကီလိုမီတာ (သုံးမိုင်) ရှည်လျားသော Bogibeel ရထားလမ်းတံတားကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက တက်ရောက်ဖွင့် လှစ်ပေးခဲ့သည်။ ဒီဘရူဂါ့ဟ်မြို့အနီးတွင် တည်ရှိသည့် အဆိုပါတံတားသည်… ဆက်လက်ဖက်ရှုရန်

ဘာစီလိုနာသို့ နေမာ ပြန်လာရန် ဆုတောင်းနေကြောင်း အာသာ ဖွင့်ဟ

ဘာစီလိုနာကွင်းလယ်လူ အာသာက ဘရာဇီးလ်အသင်းဖော် နေမာအား ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာရန် ဆုတောင်းနေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်အသင်းခေါင်းဆောင် နေမာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်နွေရာသီအပြောင်းအရွှေ့က PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ သို့သော် နေမာသည် PSG အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်ပြင်ဆင်နေသည်ဟု ဥရောပ မီဒီယာအများအပြားက ဖော်ပြနေကြသည်။ အာသာက ” နေမာ အနေနဲ့ ဘာစီလိုနာအသင်းကို ပြန်လာပါစေလို့ ကျွန်တော်ဆုတောင်းနေပါတယ်။… ဆက်လက်ဖက်ရှုရန်

ပရီးမီယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ပါဝင်နေဆဲဟု ယာဂန်ကလော့ပ်ပြောကြား

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ယခုရာသီပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မည်သည့်အသင်းမှ အာမခံချက်မရှိကြောင်းနှင့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့မှာလည်း ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နှင့် (၅) နေရာတို့တွင် ရပ်တည်နေသည့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့မှာ ပွဲစဉ် (၁၇) အပြီး၌ ထိပ်ဆုံးမှ လီဗာပူးလ်နှင့် (၁၁) မှတ်အထိကွာဟနေသော်လည်း ကလော့ပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကလော့ပ်က ”ချန်ပီယံလမ်းကြောင်းကနေ ထိပ်တန်းအသင်းတွေ သွေဖယ်သွားပြီလို့ ကျွန်တော်ကတော့ မထင်ပါဘူး။ စပါးအသင်းနည်းပြ ပိုချက်တီနိုက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်… ဆက်လက်ဖက်ရှုရန်

ထိန်းသိမ်းခံထားရသော တရုတ်လူ့အခွင့်အရေး ရှေ့နေ၏ဇနီး တရားခွင်သို့ သွားရောက်ခွင့် တားမြစ်ခံရ

နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရသော တရုတ်လူ့အခွင့်အရေးရှေ့နေ ဝမ်ကွမ်ကျန်၏ ဇနီးအား တရုတ်အာဏာပိုင်များက တရားခွင်သို့ သွားရောက်ခွင့် တားမြစ်ခဲ့ကြောင်း လူမှုမီဒီယာ WeChat တွင် ဇနီးဖြစ်သူ လီဝမ်ကျူက ရေးသားခဲ့သည်။ ခင်ပွန်းဖြစ်သူအား ကာလအကန့်အသတ်မရှိ ထိန်းသိမ်းထားမှုကို ကန့်ကွက်သည့်အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်တွင် ခေါင်းရိတ်ဆန္ဒပြခဲ့သော လီဝမ်ကျူက ပေကျင်းရှိ နေအိမ်အပြင်ဘက်တွင် ဒီဇင်ဘာ ၂၅ ရက်က လုံခြုံရေး ၂၀ ကျော်ကို တွေ့ခဲ့ကြောင်း၊ ယင်းတို့ထဲမှတစ်ဦးက ထျန်ကျင်းသို့မသွားရန် ၎င်းအား တားမြစ်ခဲ့ကြောင်းပြောကြားခဲ့သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် မြေသိမ်းခံရသူများအတွက် ရှေ့နေလိုက်ပေးသော ဝမ်ကွမ်ကျန်သည် ၂၀၁၆… ဆက်လက်ဖက်ရှုရန်

အမေရိကန်ထံမှ ဒုံးဝယ်ယူမှုသည် ရုရှားမှ S – 400 ဝယ်ယူမည့်အပေါ် သက်ရောက်မှုမရှိဟု တူရကီပြောကြာ

အမေရိကန်ထံမှ ဒေါ်လာ ၃.၅ ဘီလျံဖိုး ဒုံးများကို တူရကီက ဝယ်ယူခြင်းသည် ပြိုင်ဘက်ရုရှားထံမှ S – 400 ဒုံးများအား ဝယ်ယူရန် သဘောတူညီချက်ကို ထိခိုက်မည် မဟုတ်ကြောင်း တူရကီသမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ “အမေရိကန်ရဲ့ ပက်ထရီရော့ဒုံး ဝယ်ယူမှုဟာ S – 400 ကိစ္စကို သက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး။ ဒီနှစ်ခုကို ရွေးချယ်ရမယ့် အရာလို့ ကျွန်တော်တို့ မမြင်ပါဘူး” ဟု ပြောခွင့်ရပုဂ္ဂိုလ် အီဘရာဟင်ကာလင်က ပြောကြားခဲ့သည်။… ဆက်လက်ဖက်ရှုရန်

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲပြီးနောက် ဆူနာမီဖြစ်ပေါ်ခဲ့ရာ လူ ၂၂၂ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဒါရေလက်ကြားဝန်းကျင်မှ နာမည်ကျော်ကမ်းခြေများသို့ ကြိုတင်သတိ ပေးချက်မရှိဘဲ ဆူနာမီလှိုင်းလုံးကြီး ဝင်ရောက်ရိုက်ခတ်ခဲ့ရာ လူ ၂၂၂ ဦးထက် မနည်းသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။ အာနက် ခရာကာတိုအာ (ဒဏ္ဍာရီလာ ခရာကာတိုအာ၏ ရင်သွေးဟု အဓိပ္ပာယ်ရ) မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် ဒေသစံတော် ချိန်ည ၉နာရီခွဲခန့်အချိန်က ဆူမတ်တြားတောင်ပိုင်းရှိ ကမ်းရိုးတန်းနှင့် ဂျာဗား အနောက်ဘက်စွန်းသို့ ဆူနာမီလှိုင်းလုံးဝင် ရောက်ခဲ့ခြင်းကြောင့် အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ရသည်ဟု… ဆက်လက်ဖက်ရှုရန်

တစ်နှစ်လုပ်ခ ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တဲ့ အာရွန်ရမ်ဆေး

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား အာရွန်ရမ်ဆေးဟာ ယခုရာသီကုန်မှာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဂျူဗင်တပ်အသင်းက ရမ်ဆေးကို မက်လောက်စရာကောင်းတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆေးဟာ အာဆင်နယ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုမရရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ရမ်ဆေးကို ချယ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ အေစီမီလန်အသင်းတို့ အပါအဝင် ကလပ်အသင်းအများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် အီတလီမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဂျူဗင်တပ်အသင်းဟာ ရမ်ဆေးကို နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးနောက် ခေါ်ယူနိုင်ဖို့အနီးစပ်ဆုံးအသင်းဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းကနေ… ဆက်လက်ဖက်ရှုရန်