ရာထူးမှထုတ်ပယ်ပြီး (၅)မိနစ်အတွင်း မော်ရင်ဟို၏ရုံးခန်းကို မန်ယူအသင်း ရှင်းလင်းခဲ့

မန်ယူအသင်းသည် နည်းပြ မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ပြီး (၅)မိနစ်အတွင်းပင် ၎င်း၏ ရုံးခန်းကို ရှင်းလင်းပစ်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆိုးရွားဆုံးရာသီအစမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီးနောက် နည်းပြ မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟိုသည် ဒီဇင်ဘာလ (၁၈)ရက်တွင် မန်ယူအသင်း၏ ကာရင်တန်လေ့ကျင့်ရေးကွင်း၌ အသင်း၏အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီးနောက် မန်ယူအသင်းက ယင်းနေ့ ဒေသစံတော်ချိန် နံနက် (၉)နာရီ၊ (၄၆) မိနစ်တွင် ၎င်းကို ရာထူးမှထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက်… ဆက်လက်ဖက်ရှုရန်

ဘာစီလိုနာသို့ နေမာ ပြန်လာရန် ဆုတောင်းနေကြောင်း အာသာ ဖွင့်ဟ

ဘာစီလိုနာကွင်းလယ်လူ အာသာက ဘရာဇီးလ်အသင်းဖော် နေမာအား ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာရန် ဆုတောင်းနေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်အသင်းခေါင်းဆောင် နေမာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်နွေရာသီအပြောင်းအရွှေ့က PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ သို့သော် နေမာသည် PSG အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်ပြင်ဆင်နေသည်ဟု ဥရောပ မီဒီယာအများအပြားက ဖော်ပြနေကြသည်။ အာသာက ” နေမာ အနေနဲ့ ဘာစီလိုနာအသင်းကို ပြန်လာပါစေလို့ ကျွန်တော်ဆုတောင်းနေပါတယ်။… ဆက်လက်ဖက်ရှုရန်

ပရီးမီယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ပါဝင်နေဆဲဟု ယာဂန်ကလော့ပ်ပြောကြား

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ယခုရာသီပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မည်သည့်အသင်းမှ အာမခံချက်မရှိကြောင်းနှင့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့မှာလည်း ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နှင့် (၅) နေရာတို့တွင် ရပ်တည်နေသည့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့မှာ ပွဲစဉ် (၁၇) အပြီး၌ ထိပ်ဆုံးမှ လီဗာပူးလ်နှင့် (၁၁) မှတ်အထိကွာဟနေသော်လည်း ကလော့ပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကလော့ပ်က ”ချန်ပီယံလမ်းကြောင်းကနေ ထိပ်တန်းအသင်းတွေ သွေဖယ်သွားပြီလို့ ကျွန်တော်ကတော့ မထင်ပါဘူး။ စပါးအသင်းနည်းပြ ပိုချက်တီနိုက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်… ဆက်လက်ဖက်ရှုရန်

တစ်နှစ်လုပ်ခ ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တဲ့ အာရွန်ရမ်ဆေး

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား အာရွန်ရမ်ဆေးဟာ ယခုရာသီကုန်မှာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဂျူဗင်တပ်အသင်းက ရမ်ဆေးကို မက်လောက်စရာကောင်းတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆေးဟာ အာဆင်နယ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုမရရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ရမ်ဆေးကို ချယ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ အေစီမီလန်အသင်းတို့ အပါအဝင် ကလပ်အသင်းအများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် အီတလီမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဂျူဗင်တပ်အသင်းဟာ ရမ်ဆေးကို နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးနောက် ခေါ်ယူနိုင်ဖို့အနီးစပ်ဆုံးအသင်းဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းကနေ… ဆက်လက်ဖက်ရှုရန်

နည်းပြဂတ်တူဆိုနေရာတွင် အာစင်ဝင်းဂါး ခန့်အပ်ရန် အေစီမီလန်အသင်းနီးစပ်လာ

ယခုရာသီ စီးရီးအေတွင် ခြေစွမ်းပိုင်း မတည်ငြိမ်ဖြစ်နေ သော အေစီမီလန်က လက်ရှိနည်း ပြဂတ်တူဆိုကို ထုတ်ပယ်ကာ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးကို အစားထိုးခန့် အပ်ရန် နီးစပ်နေပြီဖြစ်ကြောင်း အီတလီသတင်းဌာန Tuttomer-catoweb က ဖော်ပြသည်။ စနေနေ့က ဖီအိုရင်တီးနား ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ နံပါတ် (၅) နေရာသို့ ရောက်သွားပြီး နောက် ဂတ်တူဆိုက အေစီမီလန် အသင်း အကျပ်အတည်းဆိုက် နေပြီဟု ပြောကြားသည်။ အေစီမီလန်အသင်းတာဝန် ရှိသူများက စီးရီးအေထိပ်သီးလေး သင်းဝင်… ဆက်လက်ဖက်ရှုရန်

စီရော်နယ်လ်ဒို၏ အခွန်ရှောင်တိမ်းမှုစွဲချက်ကို ဇန်နဝါရီ ၂၁ ရက် စစ်ဆေးမည်

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အခွန်ရှောင်တိမ်းမှုစွဲချက်အတွက် ကြားနာစစ်ဆေးမှုကို ဇန်နဝါရီ (၂၁)ရက်တွင်ပြုလုပ်မည်ဖြစ်ကြောင်း မက်ဒရစ်တရားရုံးက အတည်ပြုထုတ်ပြန်ခဲ့သည်။ စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်း၌ကစားစဉ် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း ပုံရိပ်အသုံးပြုခဝင်ငွေအတွက် ယူရို (၁၄.၇) သန်း အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း စပိန်အစိုးရရှေ့နေများက စွပ်စွဲထားသည်။ အစောပိုင်းတွင် ၎င်းက စွဲချက်များအား ငြင်းဆန်ခဲ့သော်လည်း ယခုနှစ် ဇွန်တွင်မူ အခွန်ရှောင်ခဲ့သည့်ပမာဏအပြင် ထပ်ဆောင်းဒဏ်ကြေးအဖြစ် စုစုပေါင်း ယူရို (၁၈.၈) သန်းပေးဆောင်ရန်နှင့် ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ်ကျခံရန် သဘောတူလက်ခံခဲ့သည်။ စီရော်နယ်လ်ဒိုအနေဖြင့် စွဲချက်များအတွက် အပြစ်ရှိကြောင်း… ဆက်လက်ဖက်ရှုရန်

မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် အပူတပြင်း ဖြေရှင်းနေရတဲ့ ဆန်းချက်ဇ်

မော်ရင်ဟို အသင်းက ထုတ်ပယ်ခံရမယ်လို့ လောင်းကြေးထပ်ခဲ့ပြီး မားကို့စ်ရိုဟိုဆီက ပေါင် (၂)သောင်း အနိုင်ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို အလက်ဆစ်ဆန်းချက်ဇ်က ငြင်းဆိုသွားခဲ့ပါတယ်။ အင်္ဂါနေ့မှာ မော်ရင်ဟိုက ယူနိုက်တက်နည်းပြရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် အိုးထရက်ဖို့ဒ်ကလပ်က ခန့်အပ်ခဲ့ပါတယ်။ မော်ရင်ဟို ထုတ်ပယ်ခံရအပြီးမှာ အလက်ဆစ်ဆန်းချက်ဇ်ဟာ မော်ရင်ဟို အသင်းကနေ ထုတ်ပယ်ခံရမယ်လို့ ရိုဟိုနဲ့ လောင်းကြေးစားကြေး ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းကို The Sun က ဖော်ပြသွားခဲ့ပါတယ်။ ဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့အပြီးမှာတော့ ဆန်းချက်ဇ်က သူ့ရဲ့ တွစ်တာအကောင့်ကနေ တရားဝင်ငြင်းဆိုသွားခဲ့တာ… ဆက်လက်ဖက်ရှုရန်

မန်ယူအသင်းအောင်မြင်ရေး အရာအားလုံးပေးဆပ်၍ အကောင်းဆုံးကြိုးပမ်းမည်ဟု ဆိုးလ်ရှားပြောကြား၊ အမြဲတမ်းနည်းပြဖြစ်လိုဟုဆို

မန်ယူက မော်ရင်ဟို၏ နေရာတွင် အစားထိုးခန့်အပ် ခဲ့သည့် ယာယီနည်းပြဆိုးလ်ရှား က အသင်းအောင်မြင်ရေး မိမိ တွင်ရှိသမျှအရာအားလုံး ပေး ဆပ်၍ အကောင်းဆုံးကြိုးပမ်း မည်ဖြစ်ကြောင်း ပထမဆုံးတွေ့ ဆုံမေးမြန်းမှုအတွင်း ပြောကြား သည်။ မန်ယူက မိမိကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်မည်ဆိုပါက လည်း ဝမ်းသာအားရလက်ခံမည် ဟု ၎င်းကပြောသည်။ ‘‘ကျွန်တော်တို့ အောင်မြင်ဖို့ အတွက် ကျွန်တော့်မှာ ရှိသမျှအ ရာအားလုံးပေးဆပ်သွားမယ်ဆို တာ ကျွန်တော်ကတိပေးနိုင်ပါ တယ်။ ဝန်ထမ်းတွေနဲ့အတူ ကျွန် တော်အကောင်းဆုံး လုပ်ဆောင်… ဆက်လက်ဖက်ရှုရန်

ရုပ်ပိုင်းဆိုင်ရာ အရွယ်တင်နုပျိုစေပြီး စိတ်ဓာတ်ကြံ့ခိုင်သန်မာစေတဲ့လေ့ကျင့်ခန်း(၅)မျိုး

ပျိုမေတို့ဟာ ရုပ်ပိုင်းဆိုင်ရာလှပနုပျိုဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့အထဲမှာ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပေးတဲ့နည်းလမ်းပါ။ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပြီး သန်မာတဲ့သူတစ်ယောက်ဖြစ်ဖို့ နေ့စဉ်ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးလိုက်ပါ။ (၁) အသက်ရှူလေ့ကျင့်ခန်း လေကို ရှိုက်သွင်းလိုက်ပြီး နှစ်စက္ကန့်လောက်နေပြီး အဆုတ်ထဲရောက်သည်အထိရှူသွင်းလိုက်ပါ။ ပြီးရင် ထွက်လေကို ပါးစပ်ထဲကနေဖြည်းဖြည်းချင်းထုတ်ပေးလိုက်ပါ။ အဲ့ဒါကို မိနစ်အနည်းငယ်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲကသွေးလှည့်ပတ်မှု၊ အစာချေစနစ်တွေ ကောင်းကောင်းလှည့်ပတ်ဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ (၂) သွေးပူလေ့ကျင့်ခန်း ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက် ခွဲရပ်ပြီး ဒူးတွေကို အနည်းငယ်ကွေးထားပေးလိုက်ပါ။ လက်နှစ်ဖက်ကို ရှေ့နောက်၊ ဘေး ဘယ်ညာ လွဲပေးပါ။… ဆက်လက်ဖက်ရှုရန်

ဘုန်းမောက်နှင့်ပွဲတွင် ကြံ့ခိုင်မှုအနေအထားအရ အဆင်မပြေနိုင်၍ အိုဇေးလ်ကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်ဟု အူနိုင်းအမ်မရီ ဖြေရှင်း

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီသည် ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ကွင်းလယ်ကစားသမား အိုဇေးလ်ကို အသုံးမပြုခဲ့ခြင်းအတွက် ဖြေရှင်းမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အူနိုင်းအမ်မရီသည ယင်းပွဲတွင် အိုဇေးလ်ကို အရန်ခုံထိုင်ခိုင်းခဲ့သော်လည်း လူစားဝင်ကစားသမားအဖြစ်ပင် အသုံးပြုခဲ့ခြင်းမရှိပေ။ အိုဇေးလ်သည် အာဆင်နယ်အသင်းတွင် လစာအများဆုံးရရှိနေသည့်ကစားသမားဖြစ်သလို၊ ယခုရာသီပရီးမီးယားလိဂ်တွင် (၁၀)ပွဲ ပွဲထွက်ကစားခဲ့ပြီး (၄)ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူဖြစ်သည်။ ထို့ကြောင့် မေးခွန်းထုတ်မှုများရှိလာခဲ့ရာ အူနိုင်းအမ်မရီက ”ကျွန်တော်တို့ ဒီပွဲမှာ ဘယ်လိုပိုကောင်းအောင် ကစားမလဲလို့ စဉ်းစားခဲ့ပါတယ်။ ဒီပွဲက ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး တောင်းဆိုမှု အလွန်မြင့်မားလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ဘုန်းမောက်အသင်းဟာ ကစားရခက်တဲ့ အသင်းဖြစ်သလို၊… ဆက်လက်ဖက်ရှုရန်