ဟော့ပေါ့ဆိုင် ဂက်စ်ဖြည့်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်းနှစ်ဦး အပြင်းအထန်ဒဏ်ရာရ

အစားတစ်လိုင်း ဟော့ ပေါ့ဆိုင်တွင် ဂက်စ်ဖြည့်ရာမှ ပေါက်ကွဲမှုဖြစ်ရာ ဆိုင်ဝန်ထမ်း နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း စမ်းချောင်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဘိုဘိုဦးကပြောသည်။ ‘‘ဂက်စ်ဘူးအသေးထဲကို ဂက်စ်အိုးကြီးကနေ ထည့်တဲ့အ ချိန်မှာ ပေါက်ကွဲတာ။ တစ်လုံးကွဲ တော့ ဆင့်ကဲဆင့်ကဲကွဲတာ။ ဝန် ထမ်းနှစ်ယောက် ဒဏ်ရာပြင်းပြင်း ထန်ထန်ရလို့ အရေးပေါ်ကိုပို့ လိုက်ပါတယ်’’ ဟု ၎င်းကပြော သည်။ ဒီဇင်ဘာ ၂၃ ရက်နံနက် ၉ နာရီခွဲကျော်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး မီးသတ်ဌာနက အချိန်မီ ရောက်ရှိလာသောကြောင့်… ဆက်လက်ဖက်ရှုရန်

သထုံ၌ အကျဉ်းထောင်အသစ်တစ်ခု တည်ဆောက်မည်

မွန်ပြည်နယ် သထုံ မြို့နယ် စျေးမသွယ်ကျေးရွာတွင် အကျဉ်းထောင် အသစ်တစ်ခု လာမည့်နှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလင်းဗိုလ်နောင်က ပြောသည်။ သထုံအကျဉ်းထောင်တွင် အကျဉ်းသားများ ကျပ်လာသည့် သဖြင့် သထုံမြို့နယ်၌ အကျဉ်း ထောင်အသစ် ထပ်မံတည် ဆောက်ရန် တင်ဒါခေါ်ယူနေ ကြောင်း ၎င်းကဆိုသည်။ ‘‘သထုံထောင်က ကျဉ်းလာ တဲ့အတွက် နိုင်ငံတော်ကနေ ထောင်အသစ်ဆောက်ဖို့ ၂၀၁၉ မှာ လုပ်ငန်းစတင်မယ်။ လုပ်ငန်း မစရသေးဘူး။ တင်ဒါတော့ ခေါ် ယူနေတယ်။ အကျဉ်းသား ၅၀၀၊ဒါမှမဟုတ် ၇၀၀ ဆံ့အကျဉ်းထောင်… ဆက်လက်ဖက်ရှုရန်

ဆေးကုတာကို ဘန်းပြပြီး အမျိုးသမီးပေါင်းရာနဲ့ချီကာ မတရားပြုကျင့်ခဲ့တဲ့ ဆေးဆရာ

ဘရာဇီးနိုင်ငံမှာ ထင်ရှားတဲ့ နာမည်ကျော်ဆေးကုဆရာကြီးတစ်ဦးကို အမျိုးသမီးပေါင်း အယောက်(၃၀၀) ကျော်အား လိင်ပိုင်းဆိုင်ရာကျူးလွန်နှောင့်ယှက်မှုနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပါတယ်။ ၎င်းဆေးဆရာကို Joao Teixeira de Faria တစ်ဖြစ်လဲ Joao de Deus လို့ သိကြပါတယ်။ သူဟာ ဆေးခန်းဖွင့်ထားတဲ့ သာသာရေးဆေးကုဆရာတစ်ဦးဖြစ်ပြီး အမျိုးသမီး(၁၀) ဦးက ဆေးခန်းမှာ မတော်မတရားလုပ်ခံရပါတယ်လို့ တိုင်တာကြောင့် de Faria ရဲ့ ဖြစ်ရပ်မှန်ဟာ ပေါ်ပေါက်လာခဲ့တာပါ။ ထို့နောက်မှာတော့ de Faria ရဲ့ အရွယ်ရောက်နေတဲ့ သမီးအပါအဝင်… ဆက်လက်ဖက်ရှုရန်

KIA က နွားကားမောင်းသူကို ပြန်ပေးဆွဲပြီး ပိုက်ဆံတောင်း

အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံသို့ နွားတင်ပို့နေသည့် သဇင်နန်းထိုက်ကုမ္ပဏီမှ နွားကား ၂ စီးကို ကချင်လွတ် လပ်ရေး တပ်မတော် (KIA) က တားဆီးကာ ကားသမားအား ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ဟု ကျွဲ၊ နွားတင်ပို့ရေး လုပ်ဆောင်နေသည့် သဇင်နန်းထိုက်ကုမ္ပဏီပိုင်ရှင် ဦးရွှေမင်းက ပြောသည်။ သဇင်နန်းထိုက်ကုမ္ပဏီက နွားအကောင် ၁၀၀ အား ကားတစီးလျှင် အကောင် ၂၀ နှုန်းတင်၍ ကားငါးစီးဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် သွားရောက်စဉ် ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ်… ဆက်လက်ဖက်ရှုရန်

အမျိုးသားမော်ဒယ်တွေကို ဆေးခပ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့ ဓာတ်ပုံဆရာ

အပျော်တမ်းဓာတ်ပုံဆရာတစ်ဦးဟာ ၎င်းရဲ့အိမ်မှာ အမျိုးသားမော်ဒယ်တွေကို ဆေးခပ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး နောက်ထပ် မုဒိမ်းကျင့်ခံရတဲ့ အမျိုးသားတွေ ထပ်မံပေါ်ပေါက်လာတာကြောင့် ထပ်ဆောင်းထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ နီဂယ်ဝီလ်ကင်ဆန်လို့ အမည်ရတဲ့ အသက် ၄၅ နှစ်အရွယ်အမျိုးသားဟာ ၎င်းရဲ့ ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်နဲ့ ယောကျ်ားစစ်စစ်တွေကို အယုံသွင်းခဲ့တာဖြစ်ပါတယ်။ နီဂယ်ဝီလ်ကင်ဆန်က ၎င်းဟာ အမျိုးသားကာယကြံ့ခိုင်မှုကို ရိုက်ကူးတဲ့ဓာတ်ပုံဆရာလို့ မိတ်ဆက်ခဲ့ပြီး အမျိုးသားတွေကို သူ့ရဲ့စတူဒီယိုကို လာရောက်ဓာတ်ပုံရိုက်ကူးဖို့ ဝက်ဘ်ဆိုက်ထောင်ပြီး ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ နီဂယ်ဝီလ်ကင်ဆန်ဟာ မုဒိမ်းမှု ၂ မှု ကျူးလွန်းခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ်… ဆက်လက်ဖက်ရှုရန်

စုကြေးလိမ်လည်ပြီး ရှောင်တိမ်းထွက်ပြေးသွားတာမျိုး ကြုံတွေ့ခဲ့ပါလျှင်

အသင်းလိုက်အဖွဲ့လိုက် အုပ်စုလိုက် စုကြေးစုကြတဲ့အခါ ရိုးရိုးစုကြေးပဲဖြစ်ဖြစ် ၊ လေလံစုကြေးပဲဖြစ်ဖြစ် အများနဲ့သက်ဆိုင်နေတဲ့ စုကြေးငွေ များကို မပေးပဲ စုကြေးငွေကိုင်သူမှ လိမ်လည်ပြီးရှောင်တိမ်းထွက်ပြေးသွားတာမျိုး ကြုံတွေ့ခဲ့ပါလျှင် ။ ။ စုကြေးလိမ်လည်ထွက်ပြေးရင် ၄၂၀ ၄၀၆ အကုန်ညိပါတယ်နော် ။ အရင်ဆုံး ပြစ်မှုကြောင်းအရ စခန်းမှာအမှုဖွင့်ပါ ။ပေးရမဲ့ရက်ကိုပြန်မပေးတဲ့အတွက် ဖွင့်လို့ရပါတယ်။ တိုင်စာကအဓိကပါ ။ တိုင်စာရေးတတ်တဲ့သူနဲ့တိုင်ပင်ပါ သူနဲ့ပြောထားတာတွေssရိုက်ထား print ထုတ်ထားပါ ။ စာချုပ်မရှိတဲ့သူတွေအတွက်ပါ ။ ပြီးရင် ငွေရလိုမှု တရားမမှုနဲ့ဆက်ဆွဲပါ ။တရားရုံးချိန်းသုံးချိန်းလုံးသူမလာရင် ဝရမ်းထွက်ပါပြီ။ မလာလေကောင်းလေပါပဲ… ဆက်လက်ဖက်ရှုရန်

ကြာကူလီတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်နှင့် ရက်စက်သောလူသတ်မူ

ခရိုင်တရားရုံးတော် အထူးအာဏာရတရားသူကြီးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရန် အမိန့်ချလိုက်ပြီဖြစ်သည်။တရားခွင်အတွင်းမှ လူများသည်လည်း သနားကြင်နာခြင်းကင်းပြီး ဝမ်းသာသည့်မျက်လုံးဖြင့် တရားခံများအား ကြည်ကြလေသည်။ တာဝန်ကျ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်တို့လည်း လက်ထိပ်ဖြင့် တရားခံကို ခေါ်ထုတ်လာခဲ့ပြီးနောက် ထောင်သို့ပို့ဆောင်ရန်ပြင်ဆင်ကြလေသည်။ ထိုအချိန်တွင် ရာဇဝတ်ဆိုင်ရာ ရှေ့နေကြီးတစ်ဦးသည် ထိုပြစ်ဒဏ်ကျအချုပ်သားထံသို့ သွားရောက်ပြီး လက္ခဏာပုံစံကို မှင်ဖြင့် ပုံနိပ်ယူပြီးနောက် အမိန့်လည်းချပြီးဖြစ်ရာ အယူခံဝင်ဖို့ ပြောဆိုပြီး သူ့ဘဝအကြောင်းကို မေးမြန်းမှတ်တမ်းတင်ခဲ့လေသည်။ ထိုအဖြစ်တို့မှာ နှစ်ပေါင်း(၂၀) ကြာခဲ့ပြီဖြစ်သော်လည်း မှတ်တမ်းနှင့်တစ်ကွ သိမ်းဆည်းထားသော ရှေ့နေကြီးသည် ကျွန်ုပ်အား အမှု့တွဲဖြင့် လေ့လာရန် ပေးပို့လိုက်လေတော့သည်။… ဆက်လက်ဖက်ရှုရန်

အပ်ထားတဲ့ငွေတစ်ထောင်ကို အရက်ဝယ်သောက်လိုက်တဲ့ ဖခင်ကို သားက ဓားနဲ့ထိုးသတ်

အပ်ထားတဲ့ငွေတစ်ထောင်ကို ပြန်တောင်းရာမှာ “ အရက်ဝယ်သောက်လိုက်ပြီဖြစ်ကြောင်းနဲ့ မပေးနိုင်ဘူးလို့ ဆဲဆိုပြီး လက်သီးနဲ့ ထိုးခဲ့တဲ့ ဖခင်ကို သားဖြစ်သူက ဓားနဲ့ ထိုးသတ်ခဲ့မှု တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီခန့်က တောင်ဒဂုံမြို့နယ်၊ ၂၂ ရပ်ကွက်မှာ အသက် ၄၆ နှစ်အရွယ် ဦးစိုးနိုင်ဆီကနေ အတူနေ သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကရင် (ခ) နိုင်လင်းက သူအပ်ထားတဲ့ ငွေတစ်ထောင်ကို ပြန်တောင်းခဲ့ရာ… ဆက်လက်ဖက်ရှုရန်

မိုးအောင်ရင် အမှုအပေါ်..လိုအပ်တယ် တန်တယ်ထင်ရင်..သတ်ပလိုက်..ဆိုတဲ့ ထူးအယ်လ်လင်း

မိုးအောင်ရင်အမှုနဲ့ပတ်သတ်ပြီး…အဆိုတော်ထူးအယ်လ်လင်းကအခုလို့ သူ့ထင်မြင်ချက်တွေကိုပြောပြသွားပါတယ်…… “နည်လမ်း၂ မျိုးရှိတယ်ကွာ…ဒီကိစ္စကိုအစောကြီးထဲက အစိုးရကတားထားတယ်…အစိုးရပြစ်မူတစ်ခုအနေနဲ့တားထားတာကိုစဉ်ချဉ်ရမှာနံပတ် တစ် ။ကိုလည်းသုံးခဲ့ဖူးတယ်…ဘယ်လိုပြောရမလည်းရောင်းတာမဟုတ်ဘူးလေ…ဆေးပြားတွေသိန်းသန်ချီမိတာတွေရှိတယ်…အဲ့ဒါတွေဘယ်ရောက်သွားလည်းဟုတ်လား….မပြောချင်တော့ဘူး…နှစ်မျိုးပဲရှိတယ်ဗျာ…တားထားတာကိုလုပ်ရင်ပစ်ဒဏ်ကတော့ခံရမှာပဲ… ဒါပေမယ့်လူလိုလေးတွေးတက်ဖို့ပေါ့နော်… အဲ့သလောက်နဲ့တန်လားတန်တဲ့ဟာမျိုးဆိုရင်လိုအပ်ရင်သတ်ပလိုက်ပါ….အခုလို့အရမ်းကြီးတော့မလုပ်သင့်ဘူးထင်တယ်…ကျွန်တော်ထင်တာအလွန်းဆုံးသူထောင်ကျရင်၇နှစ်ပေါ့ကွာ…အဲ့လောက်ဆိုမဆိုးပါဘူး..ကိုလည်းထောင်တစ်လကျဖူးတယ်..တစ်လထဲတောင်ချစ်တဲ့သူတွေနဲ့ဝေးပြီး….ရှင်လျှက်ငရဲကျနေသလိုပဲ… တော် တော်လည်းသံဝေကရကြတယ်……သူ၁၇နှစ်ဆိုသွားပြီလေ.မ.ပြောတော့ပါဘူးရှည်ပါတယ်…ဇစ်မြစ်ကိုစုံစမ်းပါ…ကျွန်တော့တို့အစိုးရလည်းအလကားအစိုးရမဟုတ်ပါဘူး.ပြည်ထဲရေးဆိုတာလည်းအလကားပြည်ထဲရေးမှမဟုတ်တာ…အဲ့တော့သေချာစုံစမ်းပါ.ကျွန်တော့အထင်တော့အဲ့ကောင်များတယ်….တော်တော်များတယ်….ကျေးဇူးတင်ပါတယ်ဗျာ….ကုသိုလ် ရေးနဲ့ယှဉ်ပြီးအရာရာကိုဖြတ်နိုင်လျောက်နိုင်ကြစေလို့ဆုတောင်းပါတယ်….”

မိုက်တီးရဲ့အချုပ်ထွက်စဉ်ပြောခဲ့တဲ့ စကားကြောင့် နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ရန် အာမခံလျှောက်ထားမှု လက်လျှော့ခဲ့ရ

ကေသီပန်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာမိုက်တီး၊ ဇော်ဝင်းမောင်၊ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်တို့ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော် ဟာ ဒီဇင်ဘာလ (၃) ရက်နေ့ညအချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဖခင်ကို ပိုးကောင်လေးသဖွယ် အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ သားသမီးတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ခဲ့ကြပေမယ့် ဒါရိုက်တာမိုက်တီးတစ်ယောက်ကတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါရိုက်တာဦးခင်ဇော်တစ်ယောက် သူအချစ်ဆုံးသားပြန်အလာကို စောင့်နေတယ်ဆိုပြီးတော့ ချစ်ချစ်ဇော်ရဲ့ ရေးသားမှုတွေကို မကြာသေးခင်ကမှတွေ့ခဲ့ရပါသေးတယ်။ ဖခင်ကို ချစ်တဲ့ ဒါရိုက်တာမိုက်တီး နှင့် ဖခင်ရဲ့ အချစ်ရဆုံး သားဖြစ်သူ မိုက်တီးကို နောက်ဆုံးခရီးစဉ်လေးမှာ… ဆက်လက်ဖက်ရှုရန်