တရုတ်တွင် ကျောင်းပြေးခြင်း ပပျောက်စေရန် စမတ်ကျောင်းဝတ်စုံများကို အသုံးပြု

တရုတ်နိုင်ငံ တောင်ပိုင်းရှိ စာသင် ကျောင်းများတွင် ကျောင်းပြေးမှုများကို တိုက်ဖျက်ပြီး ကျောင်းတက်နှုန်းမြင့်တက်လာစေရန် ချစ်ပ်ပြား (Chip) ထည့်သွင်းထားသော ကျောင်းဝတ်စုံများကို အသုံးပြုနေကြသည်ဟု အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ ကျောင်းသားများ တည်ရှိနေသောနေရာကို စောင့်ကြည့်နိုင်ပြီး ကျောင်းထဲသို့ အဝင်အထွက် လုပ်ဆောင်ခြင်းအား မှတ်တမ်းတင်နိုင်သော ချစ်ပ်ပြားများကို ကျောင်းဝတ်စုံများတွင် ထည့်သွင်းအသုံးပြုထားခြင်းဖြစ်သည်ဟု အဆိုပါခြေရာခံကိရိယာများ၏ နောက်ကွယ်မှ နည်းပညာကုမ္ပဏီက ပြောကြားခဲ့သည်။ “ကျောင်းသားတွေ ကျောင်းထဲဝင်လာရင် စမတ်ယူနီဖောင်းက သူတို့ကို ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံနဲ့ မှတ်တမ်းယူတာတွေကို ကူညီလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်” ဟု ကျောင်းအုပ်ရန်ရုရှန်က ပြောကြားခဲ့သည်။… ဆက်လက်ဖက်ရှုရန်

ကမ္ဘာဂြိုဟ်နည်းတူ အင်္ဂါဂြိုဟ် မြောက်ဝင်ရိုးစွန်းက တွင်းချိုင့်ကြီးမှာ ရေခဲပြင်ကြီးကို တွေ့ရှိ

ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းဟာ ဆောင်းရာသီ ဆီးနှင်းတွေကြောင့် နာမည်ကြီးပါတယ်။ ခရစ္စမတ်ရာသီဆို ဆန်တာကလော့ရဲ့ နေထိုင်ရာ အိမ်ရာအဖြစ် စိတ်ကူးယဉ်ရှိနေပါတယ်။ ဒါပေမယ့် ခုထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေအရတော့ ဆီးနှင်းဝေကျတာဟာ ကမ္ဘာဂြိုဟ်တစ်ခုတည်းမှာပဲ ရှိတာမဟုတ်ကြောင်းကို ခရစ္စမတ် ဆောင်းရာသီမှာ သက်သေအဖြစ် ထွက်ပေါ်လာပါတယ်။ ဒါကတော့ အင်္ဂါဂြိုဟ်က Korolev တွင်းချိုင့်ကြီးပါ။ မားစ် ခေါ် အင်္ဂါဂြိုဟ်ရဲ့ မြောက်ဝင်ရိုးစွန်းနားမှာ ရှိနေတဲ့ ဒီတွင်းချိုင့်ကြီးကို ဥရောပအာကာသအေဂျင်စီ ESA ရဲ့ မားစ်အိတ်ပရက်စ် မစ်ရှင်မှာ ဓာတ်ပုံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီတွင်းချိုင့်ကြီးဟာ မိုင်… ဆက်လက်ဖက်ရှုရန်

သာမန်ကျောင်းသားဘဝမှ ဒုံးပျံပါရဂူ၊ သမ္မတ ဖြစ်လာခဲ့သူ

ခေတ်သစ် အိန္ဒိယသမိုင်းကိုရေးမယ် ဆိုရင်တော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သမ္မတ အေပီဂျေ အဗ္ဗဒူကလမ် ( Avul Pakir Jianulabdeen Abdul Kalam ) အကြောင်းပါမှပဲ ပြည့်စုံပါလိမ့်မယ်။ သူဟာ သိပ္ပံပညာရှင်တယောက်လည်းဖြစ်သလို ကျောင်းဆရာတယောက်လည်း ဖြစ်ပါတယ်။ နောက်ထပ် အရည်အချင်းတခုကတော့ သူဟာ အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားတယောက်လည်း ဖြစ်သေးတယ် ဆိုတာပါပဲ။ အဗ္ဗဒူကလမ်ဟာ အိန္ဒိယရဲ့ ၁၁ မြောက်သမ္မတဖြစ်ပြီး လူတွေက သူ့ကို ဒုံးပျံပါရဂူတယောက် အနေနဲ့လည်း သိကြပါသေးတယ်။ သူဟာ ဘဝတလျှောက်ဆုံး ကျောင်းဆရာတယောက်ဖြစ်ခဲ့ပြီး သူဟာ… ဆက်လက်ဖက်ရှုရန်

ဒီဂျစ်တယ်ငွေကြေး တမျိုးကို Facebook ဖန်တီးလျက်ရှိ

Facebook ဟာ Whats App အသုံးပြုသူအချင်းချင်း ငွေအလွှဲအပြောင်း ပြုလုပ်နိုင်မယ့် ဒီဂျစ်တယ်ငွေကြေး တမျိုးကို ဖန်တီးနေတယ်လို့ Bloomberg က ဖော်ပြထားပါတယ်။ ယခု ပရောဂျက်နဲ့ ရင်းနှီးသူတွေရဲ့ အဆိုအရ Facebook ဟာ အဆိုပါ ဒီဂျစ်တယ်ငွေကြေးစနစ်ကို ပြည်ပလွှဲငွေများတဲ့ အိန္ဒိယနိုင်ငံမှာ စတင်စမ်းသပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ Facebook ဟာ ငွေလဲနှုန်း အတက်အကျနည်းဖို့အတွက် အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ Stablecoin ဒီဂျစ်တယ်ငွေကြေးစနစ် တမျိုးကို ဖန်တီးနေကြောင်း အမည်မဖော်လိုတဲ့ ကုမ္ပဏီအတွင်းလူတွေက Bloomberg ကို… ဆက်လက်ဖက်ရှုရန်

ဧရာမ တွင်းနက်ကြီးမှ ထုတ်လွှတ်သော အပူကွက်များ

ကျနော်တို့ ကမ္ဘာ လှည့်ပတ်နေသော နေ အမည်ရှိ အဝါရောင်ကြယ်တစ်လုံးဟာ နဂါးငွေ့တန်း ဂလက်ဆီ၏ အလယ်ဗဟိုရှိ ဧရာမတွင်းနက်ကြီး (Supermassive blackhole) ကို ဗဟိုပြုပြီး လှည့်ပတ်နေပါတယ်။ သိပ္ပံပညာရှင်များ ရှာတွေ့ထားသမျှ မူမှန် (ပုံသဏ္ဍာန်မှန်) တဲ့ ဂလက်ဆီတိုင်းရဲ့ ဗဟိုချက်မှာ ဒီလို ဧရာမ တွင်းနက်ကြီးတွေ ရှိကြမယ်လို့ သိပ္ပံပညာရှင်များ ယူဆထားကြတယ်။ ကျနော်တို့ ကမ႓ာမှ လှမ်းမြင်တွေ့ရတဲ့ ဒီဗဟိုချက် နေရာကိုတော့ Sagittarius A (ဓနု A) လို့ အမည်ပေးထားပါတယ်။ (ပုံ)… ဆက်လက်ဖက်ရှုရန်