ရုရှား၏ ပ ဉ္စမမျိုးဆက်တိုက်လေယာဉ်တွင် AI စွမ်းဆောင်ရည်များပါဝင်လာမည်

ရုရှားနိုင်ငံထုတ် ပ ဉ္စမမျိုးဆက်တိုက်လေ ယာဉ်ဖြစ်သော SU-57 တွင် အဆင့်မြှင့်တင် ထားသောမှတ်ဉာဏ်တုနည်းပညာ(AI)စွမ်း ဆောင်ရည်များပါဝင်လာမည်ဖြစ်သည်ဟု အဆိုပါ လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်ဟု Sputnik သတင်းဌာနက သြဂုတ် ၂၄ ရက်တွင် ဖော်ပြ ထားသည်။ ယခုကဲ့သို့ AI စွမ်းဆောင်ရည်များထည့် သွင်းတပ်ဆင်လာနိုင်ခြင်းသည် နောက်ထပ် မျိုးဆက် သစ်တိုက် လေယာဉ်များကို မောင်းသူမဲ့အဖြစ်ထုတ်လုပ်နိုင်ရေးအတွက် နောက် တစ်ဆင့် ပိုမိုနီးကပ်လာခြင်းဖြစ်သည်ဟု ထိုတာဝန်ရှိသူကပြောသည်။ ဆူခွိုင်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက အဆိုပါ SU-57 ကိုယ်ပျောက်တိုက်လေယာဉ် နှစ်စင်းကို ရုရှားတပ်မတော်သို့လွှဲပြောင်းပေး… ဆက်လက်ဖက်ရှုရန်

တောင်တရုတ် ပင်လယ်အတွင်း ဂျပန်ရေငုပ်သင်္ဘောရဲ့ စစ်ရေးလေ့ကျင့်မှု တရုတ်နဲ့ ဆက်ဆံ ရေးကို စိန်ခေါ်မှုဖြစ်စေမလား

ဂျပန်ရေငုပ် သင်္ဘောတစ်စင်းဟာ တောင်တရုတ် ပင်လယ် အတွင်းဝင်ပြီး ကျန်ရေတပ် စစ် သင်္ဘောတွေနဲ့ ပူးပေါင်းစစ်ရေး လေ့ကျင့်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက စက် တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဂျပန်ရေတပ်မှ ကူရိုရှီယို အမည်ရှိ ရေငုပ်သင်္ဘောဟာ တောင်တရုတ် ပင်လယ်အတွင်းမှာ ကာဂါ အမည်ရှိ ရဟတ်ယာဉ်တင် သင်္ဘော အပါအဝင် ဖျက်သင်္ဘော သုံးစင်းနဲ့ပူးပေါင်းပြီး စက်တင်ဘာ ၁၃ ရက်မှာ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။… ဆက်လက်ဖက်ရှုရန်

ဆီးရီးယားမှ အီရန်တပ်များဆုတ်ခွာပါက ပြည်ပတပ်များအားလုံးထွက်ခွာမည်ဟု အမေရိကန်ပြော

ဆီးရီးယားနိုင်ငံမှ အီရန်တပ်များဆုတ်ခွာ သည်နှင့်တစ်ပြိုင်နက် ယင်းနိုင်ငံအတွင်းရှိ ပြည်ပတပ်များအားလုံးထွက်ခွာ မည်ဟု ဆီးရီး ယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျိမ်းဖရန်ကလင်ဂျက်ဖရီကပြောသည်။ သို့သော် ရုရှားစစ်ဘက်အနေဖြင့် ဆီးရီးယား လက်နက်ကိုင်ပဋိပက္ခများစတင်ဖြစ်ပွားသည့် ၂ဝ၁၁ ခုနှစ်မတိုင်မီက တည်းက ယင်းနိုင်ငံ အတွင်း စစ်အခြေစိုက်စခန်းများဖွင့်လှစ်ထား ခြင်းကြောင့် နိုင်ငံအတွင်းမှထွက်ခွာမည် မဟုတ်ဟု ၎င်းကဆက်ပြောသည်။ အလားတူ အမေရိကန်အစိုးရအနေဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်သွေးကြွများကို အပြီးသတ်ချေမှုန်း ရန်နှင့် လက်နက်ကိုင်ပဋိပက္ခကိုနိုင်ငံရေးအရ ဖြေရှင်းရန် ဆက်လက်ပါဝင်သွားမည်ဖြစ် ကြောင်း၊ ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို ရာထူးမှဖြုတ်ချရေးသည် အမေရိကန်အစိုးရ ၏အလုပ်မဟုတ်ကြောင်း ဂျိမ်းဖရန်ကလင်… ဆက်လက်ဖက်ရှုရန်

NLD အစိုးရလက်ထက် ဘက်ပေါင်းစုံ အားရစရာမရှိဟု ကာကွယ်ရေးဝန်ကြီးဟောင်း ဝေဖန်

လက်ရှိ NLD အစိုးရသက်တမ်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အပါအဝင် ကဏ္ဍပေါင်းစုံ၌ အားရစရာ မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဦးဝေလွင်က ပြောကြားလိုက်သည်။   နိုင်ငံရေးတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းအားနည်းနေကြောင်း၊ စီးပွားရေးတွင်လည်း ရင်းနှီးမြှုပ်နှံ မှုများ ဝင်မလာဘဲ ဒေါ်လာဈေးတက်ပြီး မြန်မာငွေကျပ်တန်ဖိုး ကျဆင်းနေကြောင်း၊ ငြိမ်းချမ်းရေးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့က တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်မှုရပ်ဆိုင်းထားခြင်းမှာ အနုတ် လက္ခဏာဆောင်ပြီး နိုင်ငံအတွက်မကောင်းကြောင်း ဦးဝေလွင်က ပြောသည်။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် နိုဝင်ဘာ ၂၈ရက်က ပြုလုပ်သည့်… ဆက်လက်ဖက်ရှုရန်

ကျပ်သိန်း ၂၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဘဏ်ကြီးကြပ်ရေးမှူးတစ်ဦးကို တိုင်ကြားမှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ်(၂)နယ်မြေရဲစခန်းတွင် ဘဏ်ကြီးကြပ်ရေးမှူးတစ်ဦးက ကျပ် သိန်း ၂၀၀၀ ကျော် အလွဲသုံးစား ပြုသည်ဟုဆိုကာ အရေးယူပေးပါရန် နိုဝင်ဘာ ၂၇ ရက်၊ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က တိုင်တန်းမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ရက် နံက် ၁၀ နာရီ ၃၀ မိနစ်အချိန်၌ မိတ္ထီလာမြို့ “သမဝါယမဘဏ်” ရုံးခွဲတွင် ရန်ကုန်ရုံးချုပ်စစ်ဆေးရေးအဖွဲ့မှ အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က အခြား ဘဏ်မန်နေဂျာတစ်ဦးနှင့်အတူ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉… ဆက်လက်ဖက်ရှုရန်

ရုရှားနှင့် စစ်ပွဲကြီး ဖြစ်ပွားနိုင်သည်ဟု ယူကရိန်းသမ္မတခြိမ်းခြောက်

ယခင်ဆိုဗီယက် ယူနီယံအဖွဲ့ဝင်ဟောင်း အိမ်နီးချင်းနှစ်နိုင်ငံကြားမှ တင်းမာမှုများသည် အရှိန်မြင့်တက်လာစဉ် ရုရှားနှင့် စစ်ပွဲကြီးဖြစ်လာနိုင်သည့် အန္တရာယ်ရှိကြောင်း ယူကရိန်းသမ္မတ ပီထရိုပိုရိုရှင်ကိုက နိုဝင်ဘာ ၂၇ ရက်တွင် သတိပေးခဲ့သည်။ ထို့ပြင် အိမ်နီးချင်း ရုရှားသည် နယ်စပ်၌ ချထားသည့် စစ်အင်အားကို ရုတ်ချည်း တိုးမြှင့်ခဲ့သည်ဟုလည်း ပိုရိုရှင်ကိုက ပြောကြားခဲ့သည်။   ပင်လယ်ပြင်၌ ထိပ်တိုက်တွေ့ခဲ့မှုသည် တအုံနွေးနွေးဖြစ်နေသော ယူကရိန်း-ရုရှား စစ်ရေး လိပ်ခဲတည်းလည်းဖြစ်မှုအခြေအနေအား စိုးရိမ်ဖွယ်မြင့်တက်လာစေနိုင်သည်ဟု ပိုရိုရှင်ကိုက သတိပေးခဲ့ခြင်းဖြစ်သည်။ “ဒီကိစ္စကို ပျော်စရာ၊ ကစားနေကြတာလို့ဘယ်သူမှ မထင်စေချင်ဘူး။ ယူကရိန်းဟာ ရုရှားနဲ့… ဆက်လက်ဖက်ရှုရန်

ဂျီ-၂၀ ထိပ်သီး၌ ထရန့်က ကုန်သွယ်ရေးကိစ္စအတွက် ရှီနှင့် အပြင်းအထန် ဆွေးနွေးရမည်ဖြစ်ပြီး ရုရှား၊ ဆော်ဒီတို့နှင့် တင်းမာမှုများရှိနေ

သမ္မတဒေါ်နယ်ထရန့်သည် ယခု သီတင်းပတ်နှောင်းပိုင်းတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးတွင် ဆန့်ကျင်ဘက်ရလဒ်နှစ်မျိုးထွက်နိုင်သော ကုန်သွယ်ရေးဆွေးနွေးမှုတစ်ရပ်ကို တရုတ်သမ္မတနှင့် ပြုလုပ်ရမည် ဖြစ်သကဲ့သို့ ယူကရိန်းကိစ္စဖြစ်ပွားပြီးနောက် ရုရှားသမ္မတနှင့် အန္တရာယ်များသည့် သံတမန်ဆက်ဆံရေးကိုလည်း ကိုင်တွယ်ရမည်ဟု အိမ်ဖြူတော်က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။   အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်တွင် နိုဝင်ဘာ ၃၀ နှင့် ဒီဇင်ဘာ ၁ ရက်တို့၌ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးတွင် ထရန့်သည် သမ္မတရှီကျင်ပင်းနှင့် အလုပ်သဘော ညစာစားပွဲ၌ တွေ့ဆုံရန် စီစဉ်ထားသည်။ ထိုတွေ့ဆုံမှုတွင် သဘောတူညီချက်တစ်ခုရရန်… ဆက်လက်ဖက်ရှုရန်

ကျွန်းမြေ ငှားရမ်းခ တစ်ဧက တစ်နှစ် ၈ သိန်းကျော်ကောက်ခံရန် သမ္မတရုံးသို့ တင်ပြထား

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ကျွန်းမြေများကို BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် ငှားရမ်းရာတွင် တစ်နှစ်စာမြေငှားခကို ၁ စတုရန်းမီတာလျှင် ၂၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။   တစ်ဧကလျှင် ၄၀၄၆ ဒသမ ၈၆ စတုရန်းမီတာရှိသည့်အတွက် တစ်ဧက မြေငှားခမှာ တစ်နှစ်လျှင် ကျပ်ရှစ်သိန်းကျော် ကျသင့်မည်ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပသော တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းသို့ သတ်မှတ်ကောက်ခံခွင့်ပြုရန်… ဆက်လက်ဖက်ရှုရန်

ပြည်ရွှေဆံတော်ဘုရားတွင် တာဝန်ကျရဲမေနှင့် အချင်းများခဲ့သည့် ရဲအရာရှိဇနီးအပါအဝင် သုံးဦးကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ပြည်မြို့ ရွှေဆံတော်စေတီ တော် ဗုဒ္ဓမြတ်စွယ်တော်တိုက်အ တွင်း ရဲမေနှင့် ရန်ဖြစ်သည့် အမျိုး သမီးသုံးဦးကို အမှုဖွင့်အရေးယူ ထားကြောင်း ပြည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ နိုဝင်ဘာ ၂၃ ရက် ညက ဗုဒ္ဓမြတ်စွယ်တော်ဖူးမြော်ရန် လာ သည့်အမျိုးသမီးလေးဦးတွင် နှစ် ဦးသည် စကတ်အတို ဝတ်ဆင်လာ သဖြင့် တာဝန်ကျရဲမေနှစ်ဦးက တားမြစ်ရာမှ စတင် အချင်းများခဲ့ သည်။ အများသူငါသွားလာသော နေရာတွင် ယူနီဖောင်းအပြည့်အစုံဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲမေနှစ်ဦးကို ဘုရားဖူးအမျိုးသမီး သုံးဦးက ရာဇဝတ်မကင်းသော အနိုင်အထက်ပြုခြင်းကို… ဆက်လက်ဖက်ရှုရန်