လူပဲအိုသွားတာ…ပယ်တဲ့စာရင်းထဲမထည့်ကြပါနဲ့ဦး..ဆိုတဲ့ပြည်သူချစ်လူရွှင်တော်ကြီးတိန်ညွန့်

အိမ်ထောင်သက်တမ်းလည်း၃၈နှစ်ကျော်သွားပြီ..ရွှေမန်းဦးတင်မောင်ဇာတ်အဖွဲနဲ့ခြောက်နှစ်မှီခဲ့တယ်..သူကပဲဒီနာမည်ပေး..ဒီအလုပ်လုပ်ဖို့လည်းသူပဲတိုက်တွန်းခဲ့တာ….”လက်ရှိဒီအိမ်မှာ ငှားနေတာ (၁၀) နှစ်လောက် ရှိပြီ။ အိမ်ထောင်သက် (၃၀) ကျော်ပြီ။ သား သုံးယောက်၊ မြေး (၅) ယောက် ရှိပြီ။လူရွှင်တော်ဘဝမှာ မော့စ် ကို အရမ်းချစ်ပေမယ့် ကိုမိုးဒီနဲ့ အကျိုးပေးတယ်။ မော့စ်က ပါးစပ်ဆိုးပေမယ့် စိတ်ထား အရမ်းဖြူတယ်” လို့ ပြောရင်း…

စီးပွားရေးနဲ့ပတ်သတ်လို့တော့ပိုက်ဆံမရှိတော့ရင်အပေါင်ဆိုင်သွား…အလုပ်လေးပြန်ရရင်ပြန်ရွှေး…ဒါနဲ့သံသရာလည်နေရတယ်…ငွေးရေးကြေရေးမချမ်းသာပေမယ့်…စိတ်ချမ်းသာအောင်တော့နေတယ်….အားရင်ပျက်လုံးလေးတွေရေးတယ်..ကိုယ့်အလုပ်ပဲကိုယ်လုပ်နေရတာကျေနပ်တယ်…ကျန်တာလည်းဘာမှမလုပ်တက်ဘူးလေ

ဒီအလုပ်ကိုသင်ခဲ့သလိုချစ်လည်းချစ်တယ်…သားတွေကိုလည်းချစ်စေချင်တယ်..ဒီတစ်နှစ်တော့အိမ်ပိုင်လေးရအောင်ကြိုးစားကြည့်ချင်တယ်…ခုချိန်ထိတိန်ညွန့်ကိုချစ်ခင်ခဲ့ကြတယ့်…လူပဲအိုသွားတာပါအခုပညာမအိုသေးပါဘူး…ပယ်တဲ့စရင်းထဲမထည့်ကြပါနဲ့ဦးလို့….တိမ်ညွန့်လုပ်နိုင်သ၍ဖျော်ဖြေနိုင်သ၍ ဖျော်ဖြေရင်းကျေးဇူးဆပ်ပါမယ်လို့ဂတိပေးပါတယ်…..လို့ပြောသွားခဲ့ပါတယ်..

ချစ်ပရိတ်သတ်ကြီးရေ…အသက်ကြီးအနုပညာရှင်တွေအဖို့ဘဝနေဝင်ချိန်တွေလှပအောင်…ကူညီပေးကြဖို့တိုက်တွန်းရင်း…အစစအရာရာအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်..

Shwe Burma