ကြာကူလီတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်နှင့် ရက်စက်သောလူသတ်မူ

ခရိုင်တရားရုံးတော် အထူးအာဏာရတရားသူကြီးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရန် အမိန့်ချလိုက်ပြီဖြစ်သည်။တရားခွင်အတွင်းမှ လူများသည်လည်း သနားကြင်နာခြင်းကင်းပြီး ဝမ်းသာသည့်မျက်လုံးဖြင့် တရားခံများအား ကြည်ကြလေသည်။ တာဝန်ကျ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်တို့လည်း လက်ထိပ်ဖြင့် တရားခံကို ခေါ်ထုတ်လာခဲ့ပြီးနောက် ထောင်သို့ပို့ဆောင်ရန်ပြင်ဆင်ကြလေသည်။

ထိုအချိန်တွင် ရာဇဝတ်ဆိုင်ရာ ရှေ့နေကြီးတစ်ဦးသည် ထိုပြစ်ဒဏ်ကျအချုပ်သားထံသို့ သွားရောက်ပြီး လက္ခဏာပုံစံကို မှင်ဖြင့် ပုံနိပ်ယူပြီးနောက် အမိန့်လည်းချပြီးဖြစ်ရာ အယူခံဝင်ဖို့ ပြောဆိုပြီး သူ့ဘဝအကြောင်းကို မေးမြန်းမှတ်တမ်းတင်ခဲ့လေသည်။ ထိုအဖြစ်တို့မှာ နှစ်ပေါင်း(၂၀) ကြာခဲ့ပြီဖြစ်သော်လည်း မှတ်တမ်းနှင့်တစ်ကွ သိမ်းဆည်းထားသော ရှေ့နေကြီးသည် ကျွန်ုပ်အား အမှု့တွဲဖြင့် လေ့လာရန် ပေးပို့လိုက်လေတော့သည်။

လက္ခဏာတွင် ဦးခေါင်းလမ်းကြောင်းမှ ထင်ရှားသော လမ်းခွဲသည် အားနည်းညံဖျင်းလှသော နှလုံးလမ်းကြောင်းကို သွားရောက်ထိစပ်နေခြင်းက ကြံစည်ပြီး လူသတ်မည့် အမှတ်အသားပင်ဖြစ်သည်။နောက်တစ်လမ်းက တနင်္လာဂြိုဟ်ခုံသို့ ထိုးစိုက်ဆင်းသွားသည်မှာလည်း စိတ်ကူးနှင့် ရူးခဲ့သည်ကို ထင်ရှားစေပြန်သည်။ ထူးခြားချက်တစ်ခုပါရှိသည်မှာ သောကြာဂြိုဟ်ခုံတွင် ကြယ်အမှတ်အသားပါရှိခြင်းဖြစ်သည်။ ကြယ်အမှတ်အသားကို တွေ့ပါက ကောင်းသည်ဟု တစ်ထစ်ချမှတ်သား၍ မရပေ။

ပါရှိသည့်နေရာပေါ်မူတည်ပြီး အာကောင်း၊အဆို ဖြစ်သည်။ ယခုလက္ခဏာရှင်အတွက် ထိုကြယ်အမှတ်အသားသည် နှလုံးသားရေးရာကိစ္စ၊အချစ်ကိစ္စ၊ ကာမဂုဏ်အရုံတို့ကို အလွန်အမင်းဖြစ်စေသော ကြယ်ဖြစ်သည်။ထိုအမှတ်အသားသည် အချစ်၊ကာမဂုဏ် ကိစ္စကို ဆင်ခြင်ညဏ်မဲ့ အရူးအမူးဖြစ်စေခဲ့ခြင်းဖြစ်သည်။ အသက်လမ်းကြောင်းသည် ပြတ်နေပြီး အသက်(၃၃)နှစ်တွင်ဖြစ်သည်။ ထင်ရှားသည့် ထောင်အမှတ်အသား ပါရှိလေသည်။ အမှု့နှင့်ပါတ်သက်သော အမှတ်အသားကိုသာ သုံးသပ်ပြခြင်းဖြစ်ပါသည်။ တရာခံပြောပြသော ဝန်ခံချက်မှာ —

ချမ်းသာပြီး အလုပ်အလွန်များသော ကျောက်စိမ်းလုပ်ငန်း ကုမ္ပဏီတစ်ခုကို ဦးစီးလုပ်ကိုင်နေသော အသက် (၄၅) နှစ်အရွယ် သူဌေးတစ်ဦးနှင့် မိသားစုတို့၏ ဘဝသည် အေးချမ်း၍ နေသည်။ လုပ်ငန်းသဘောအရ ကျောက်စိမ်းလုပ်ငန်းများ လုပ်ကိုင်ရသည့် ကချင်ပြည်နယ်သို့ ခရီးရှည်ထွက်ရာတွင် မြို့တွင်နေသော အမျိုးသမီးသွားလာရေး အဆင်ပြေစေရန်အတွက် ကားမောင်းရန် ဒါရိုက်ဘာတစ်ဦးကို ငှါးရမ်းပေးထားခဲ့သူဖြစ်သည်။ အသက် (၂၅) နှစ်အရွယ် ဒါရိုက်ဘာလေးနှင့် သူဌေးကတော်တို့လည်း အသက်အရွယ်အားဖြင့် (၁၅) နှစ်ခန့်ကွာသော်လည်း မောင်လေးနှင့် မမ ဖြစ်ခဲ့ပြီး သူဌေးမသိစေရန် အချစ်ကို မျိုသိပ်ထားခဲ့ရလေသည်။

ထိုကဲ့သို့ တိပ်တိပ်ပုံး ချစ်ရသည်ကို အားမရ ဘောင်ကျော်ပြီး ချမ်းသာသော သူဌေး၏ နေရာနှင့် ဥစ္စာတို့ကိုလည်း လိုချင်လာသည့် ဒါရိုက်ဘာလေသည် ဆင်ခြင်ညဏ်အလွန်နည်းပါလှသော အမျိုးသမီးအား စည်းရုံးသိမ်းသွင်းပြီး သူဌေးပြန်အလာတွင် လုပ်ကြံရန် စီစဉ်လေတော့သည်။ သူဌေးပြန်ရောက်သည့်အချိန်တွင် အရက်မူးလာသောအခါမှ အမျိုးသမီးနှင့်အတူ သူဌေးအား ပိတောက်သားတုတ်ဖြင့် နောက်စေ့ကို ရိုက်သတ်ခြင်းဖြစ်သည်။

သူခိုးဝင်ခိုးရာတွင် ရိုက်သတ်သွားသည်ဟု ရဲ့စခန်းတွင် အမှု့ဖွင့်ခဲ့သော်လည်း ထိုလုပ်ကြံခြင်းအား သေဆုံးပြီး ရက်မလည်မီပင် ရဲတပ်ဖွဲ့ဝင်တို့က တရားခံအစစ်များကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနောက် လူသတ်မှု့ဖြင့် တရားစွဲဆိုရာတွင် ဒါရိုက်ဘာနှင့် အတူသစ္စာမဲ့သော အမျိုးသမီးကိုလည်း ရုံးတော်မှ ထောင်(၁၅) နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အယူခံမဝင်ဘဲ ပြစ်ဒဏ်ကျခဲ့သော ဒါရိုက်ဘာသည် ထောင်သက် (၄) နှစ်အရောက် ရဲဘက်စခန်းတွင် ငှက်ဖျားရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရလေသည်။သေဆုံးချိန်သည် အသက် (၃၁) ဖြစ်လေသည်။ကျွန်ုပ်တို့ လူ့လောကတွင် နေရသည့်အချိန်သည် အလွန်နည်းပါးသည်။ ကုသိုလ်ကောင်းမှု့ဖြင့်ရိုးရှင်းသော ဘဝကို ဖြတ်သန်းနိုင်ကြစေကြောင်း ကျွန်ုပ်ဆုမွန်းကောင်း တောင်းရပါတော့သည်။

ဆရာပေးသော အသိပညာဖြင့် ကင်္ကသူ

Shwe Burma