စုကြေးလိမ်လည်ပြီး ရှောင်တိမ်းထွက်ပြေးသွားတာမျိုး ကြုံတွေ့ခဲ့ပါလျှင်

အသင်းလိုက်အဖွဲ့လိုက် အုပ်စုလိုက် စုကြေးစုကြတဲ့အခါ ရိုးရိုးစုကြေးပဲဖြစ်ဖြစ် ၊ လေလံစုကြေးပဲဖြစ်ဖြစ် အများနဲ့သက်ဆိုင်နေတဲ့ စုကြေးငွေ များကို မပေးပဲ စုကြေးငွေကိုင်သူမှ လိမ်လည်ပြီးရှောင်တိမ်းထွက်ပြေးသွားတာမျိုး ကြုံတွေ့ခဲ့ပါလျှင် ။ ။ စုကြေးလိမ်လည်ထွက်ပြေးရင် ၄၂၀ ၄၀၆ အကုန်ညိပါတယ်နော် ။ အရင်ဆုံး ပြစ်မှုကြောင်းအရ စခန်းမှာအမှုဖွင့်ပါ ။ပေးရမဲ့ရက်ကိုပြန်မပေးတဲ့အတွက် ဖွင့်လို့ရပါတယ်။ တိုင်စာကအဓိကပါ ။ တိုင်စာရေးတတ်တဲ့သူနဲ့တိုင်ပင်ပါ

သူနဲ့ပြောထားတာတွေssရိုက်ထား print ထုတ်ထားပါ ။ စာချုပ်မရှိတဲ့သူတွေအတွက်ပါ ။ ပြီးရင် ငွေရလိုမှု တရားမမှုနဲ့ဆက်ဆွဲပါ ။တရားရုံးချိန်းသုံးချိန်းလုံးသူမလာရင် ဝရမ်းထွက်ပါပြီ။ မလာလေကောင်းလေပါပဲ ။ဝရမ်းထွက်ပြီဆိုဘယ်နေရာဘယ်ဒေသရောက်ရောက်ဖမ်းလို့ရပါပြီ ။ အချိန်ဘယ်လောက်ကြာကြာပါ ။

ညီမအသိအမတစ်ယောက် တာမွေမှာဖွင့်တဲ့ အမှုဆို ထွက်ပြေးပြီး ၃နှစ်ကြာမှမိပါတယ် ။ထွက်ပြေးတုန်းက ကိုယ်ဝန်နဲ့ပါ ။ပြန်လာတော့ကလေးက၂နှစ်ဖြစ်နေပါပြီ။ သူကမေ့မေ့ပျောက်ပျောက်ဖြစ်လောက်ပြီဆိုပြီး သူ့မိဘအိမ်ပြန်လာလည်တာပါ။အာမခံမရပါဘူးတစ်ခါတည်းဖမ်းတာပါ။ သူကဝရမ်းပြေးဖြစ်သွားတဲ့အတွက်ပါ။

အဓိကက စခန်းသွားပြီးအမှုဖွင့်ရမှာမကြောက်ပါနဲ့ ။ကိုယ်ရှေ့နေမဌားနိူင်လည်းစိတ်မပူပါနဲ့။တရားရုံးမှာအစိုးရရှေ့နေရှိပါတယ် ။တရားရုံးတတ်ရမှာလည်းမကြောက်ပါနဲ့ ။ကိုယ်ကတရားလိုအနေနဲ့သွားရပြီး ။သူကတရားခံအနေနဲ့လာရမှာမို့ပါ။

ရုံးချိန်းကလည်းနေ့တိုင်းမရှိပါဘူး နှစ်ပတ်တစ်ခါလောက်ချိန်းတာပါ ။တိုင်ပါ လိမ်လို့ရမှန်းသိရင်လိမ်ကြမှာပါ ။ဝရမ်းထွက်ပြီဆို မိပါတယ် တစ်ချိန်မဟုတ်တစ်ချိန်???

Cbကလာမေးလို့တင်ပေးတာပါနော် ။ နောက်ပြီးရင်တိုင်စာ နမူနာလေးတင်ပေးပါ့မယ်

သူတစ်ပါး ငွေကြေးပစ္စည်းဥစ္စာ ကို လိမ်လည်ပြောဆိုအလွဲသုံးစား မယူနှင့် ။ မလုပ်နှင့် ။( ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀ / ၄၀၆ / ၄၀၉ တို့အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ် / ၇ နှစ်/၁၀နှစ် နှင့် တစ်သက် တစ်ကျွန်းဒဏ် ချမှတ်ခံရနိုင်သည် )

Shwe Burma