ကျောင်းစာသင်ခန်းထဲမှာ စာသင်နေရင်း ကလေးမွေးခဲ့တဲ့ ကျောင်းသူလေး

ယနေ့ခေတ်ကာလမှာတော့ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ အိမ်ထောင်တွေကျ ကလေးတွေရပြီး မိဘနေရာကနေ ရုံးကန်နေကြတဲ့ လူငယ်လေးတွေများစွာ ရှိလာကြတာတွေ့ရပါတယ်။

ပညာရှာရမယ့်အချိန်မှာ ပညာမရှာကြဘဲ စိတ်ခံစားမှုနောက်ကို သာယာပြီးလိုက်ပါသွားကြတဲ့ အခါမှာတော့ လောကဓံကပေးတဲ့ အခက်အခဲဆိုတာကြီးတွေကို ခံစားနေကြရတဲ့လူတွေလည်း များစွာရှိကြပါတယ်။

မိဘတွေအနေနဲ့ဆိုရင်လည်း သူတို့အတတ်နိုင်ဆုံး သွန်သင်ဆုံးမခဲ့ကြပေမယ့် နားမထောင်ရင် လုပ်ချင်ရာလုပ်သွားတဲ့ သားသမီးတွေ ဒုက္ခရောက်နေတာကို ပြန်မြင်တွေ့နေရတာကြီးက ရင်ကွဲစေနိုင်တဲ့မြင်ကွင်းတစ်ခုပါပဲ။

ဒီအကြောင်းအရာလေးတွေဟာဆိုရင်လည်း ထိုင်းနိုင်ငံက စာသင်ကျောင်းတစ်ခုအတွင်းမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးနဲ့ ထပ်တူညီနေခဲ့ပါတယ်။

ဒီဖြစ်ရပ်လေးကတော့ ကျောင်းသူလေးတစ်ဦးဟာ စာသင်ခန်းထဲမှာ စာသင်နေစဉ် စူးရှပြီးကျယ်လောင်တဲ့ အော်သံကြီးအော်ဟစ်ပြီး ကြမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြီးကိုမြင်တွေ့နေတဲ့ ဆရာမနဲ့ အခြားကျောင်းသူလေးတွေကလည်း ဘာဖြစ်လို့ဖြစ်မှန်းမသိတာကြောင့် သူမအနားမှာယောင်လည်လည် လုပ်နေစဉ်အတွင်းမှာပဲ ကျောင်းသူလေးနဲ့ ပေါင်ကြားထဲကနေ သွေးတွေစီးကျလာခဲ့ပါတယ်။

အဲ့ဒီနောက်မိနစ်အနည်းငယ်လေးအတွင်းမှာပဲ ကျောင်းသူလေးရဲ့ ကျယ်လောင်တဲ့အော်ဟစ်သံတွေနဲ့အတူ သူမရဲ့ပေါင်ကြားထဲကနေပဲ ကလေးလေးတစ်ယောက်ထွက်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်လေးကို ရိုက်ကူးမိထားတဲ့ ဗီဒီယိုလေးထဲမှာဆိုရင်လည်း တကယ်နာကျင်လွန်းလို့ အော်ဟစ်နေတဲ့ ကျောင်းသူလေးရဲ့ပုံကို မြင်တွေ့ရသလို လူမှုကွန်ယက်ပေါ် ဒီဗီယိုပြန့်နှံ့လာတဲ့အခါမှာလည်း လူတော်တော်များများရဲ့ ဝေဖန်ပြေဆိုတဲ့စကားတွေက တကယ့်ကိုပြင်းထန်လှပါတယ်။

Shwe Burma