ဝက်မွေးမြူရေးနဲ့ ဘီလျံနာဖြစ်လာတဲ့ အသက် ၂ရနှစ်အရွယ် ချစ်စရာတရုတ်ကောင်မလေး

တရုတ်နိုင်ငံရဲ့ ဟူနန်မှာနေထိုင်တဲ့ အသက် ၁၇နှစ်အရွယ် အမျိုးသမီးချောလေးဟာဆိုရင် ဖခင်ရဲ့ ဝက်မွေးမြူရေးခြံကို အမွေဆက်ခံပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီး လူသိများလာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ရုပ်ဆင်းသဏ္ဍာန်လှပတာရယ်ဝက်အကောင်ပေါင်း ၆၀၀၀ လောက် မွေးမြူထားတာကြောင့် လူအများက “Billion Pig Farms” လို့တောင် နာမည်ပေးထားကြပါတယ်။

သူမ မွေးမြူထားတဲ့ ဝက်ကောင်ပေါင်း ၆ထောင်ကနေ တစ်နှစ်ကို ဝင်ငွေ ၃ဘီလီယံထိရရှိပါတယ်။ လွန်ခဲ့တဲ့ ၆နှစ်လောက်ကတည်းက ဖခင်ဆီက ဝက်မွေးမြူရေးလုပ်ငန်းကို လွှဲပြောင်းယူခဲ့တာဖြစ်ပြီး သူမရဲ့ တစ်နေ့တာအချိန်ကို ဝက်ခြံထဲမှာပဲ ကုန်ဆုံးစေခဲ့ပါတယ်။ ဆောင်းရာသီလိုအချိန်မျိုးမှာဆို သူမရဲ့ ဝက်တွေ အအေးမိပြီး သေဆုံးမှုတွေဖြစ်ပေါ်မှာဆိုလို့နေ့ရော ညပါ ဝက်ခြံမှာ နေ၊ ဝက်ခြံမှာ စား၊ ဝက်ခြံမှာပဲ အိပ်ပြီး နေခဲ့ရပါတယ်။

သူမရဲ့ နှစ်စဉ်ဝင်ငွေဟာ ပျမ်းမျှ ယွမ် ၁သန်းမကလောက်ရှိပါတယ်။ ၂၀၁၈ခုနှစ်ကတည်းက ဖခင်နဲ့အတူ ဝိုင်းဝန်းလုပ်ကိုင်ခဲ့ပြီး အသက် ၂၁နှစ်ရောက်တဲ့အချိန်မှာ ဖခင်ဖြစ်သူကသူမကို ဝက်မွေးမြူရေးလုပ်ငန် လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

သူမရဲ့ နာမည်ဟာ Xiao Fang လို့ အမည်ရပြီး ဖခင်ဖြစ်သူဟာ ကျောက်မီးသွေး သတ္တုတွင်းကုမ္ပဏီပိုင်ရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ သူဌေးသမီးတစ်ဦးဖြစ်ပေမဲ့ ဝက်မွေးမြူရတာကို ရွံရှာခြင်းမရှိတဲ့တာကြောင့် လူတိုင်းက သူမကို ဂုဏ်ယူလေးစားကြပါတယ်။

အခုဆိုရင်သူမဟာ ဝက်သားပေါက်ဖို့အတွက် သုတ်ရည်စုဆောင်းတာ၊ ဝက်သားဘယ်လိုဖောက်ရတယ်၊ ဘယ်လိုမွေးမြူရတယ်ဆိုတာ စတဲ့ ခက်ခဲတဲ့ အလုပ်တွေမှာ ပရောဖက်ရှင်နယ်တစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်နေပါပြီ။ ယခုဆိုရင် ဝက်သားပေါင်း ၄၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အေးချမ်းတဲ့ရာသီမှာဆို ၃လလောက် ဝက်ခြံမှာနေပြီး စောင့်ရှောက်ရတဲ့အတွက် ပင်ပန်းတယ်လို့ဆိုပါတယ်။

သူမအတွက်တော့ ကုမ္ပဏီလုပ်ငန်းကြီးလုပ်ကိုင်မှ အောင်မြင်တာမဟုတ်ပါဘူး။ ဘယ်အလုပ်မဆို သေးသေးကြီးကြီး ဂရုတစိုက်နဲ့ ကြိုးကြိုးစားစားလုပ်ကိုင်ရင် အောင်မြင်တယ်ဆိုတာ သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

Shwe Burma