ဖခင်ရဲ့ဂုဏ်ပြုလက်ဆောင်ကြောင့် ပျော်နေတဲ့ နေခြည်ဦး

ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုအတွက် နေခြည်ဦးကို ဖခင်ဖြစ်သူက ဂုဏ်ပြုလက်ဆောင်ပေးခဲ့ပါတယ်.တန်ဖိုးကြီး နာရီတစ်လုံးကို လက်ဆောင်ပေးခဲ့တာပါ.

နေခြည်ဦးက ဖခင်ပေးလိုက်တဲ့ ဂုဏ်ပြုလက်ဆောင်ကြောင့်ပျော်လို့နေပါတယ်။ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုအတွက် Hublot နာရီ တစ်လုံးဖခင်က ဆုချခဲ့တာပါ။

ဖခင်ဆုချတဲ့နာရီကလည်း အမေရိကန်ဒေါ်လာ (၇၀၀၀)ကျော် တန်ဖိုးရှိတယ်လို့  လည်းသိရပါတယ်။ သူမကတော့ နာရီရလို့ ဝမ်းသာတာထက် ရန်သူဇာတ်ကားအတွက် ဂုဏ်ပြုလက်ဆောင် ဆိုတဲ့ စကားက ပိုတန်ဖိုးရှိပါတယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

“နာရီရလို့ ဝမ်းသာတာထက် ပထမဦးဆုံး ရုပ်ရှင်ကား ရန်သူအတွက် ဂုဏ်ပြုလက်ဆောင်ပါ ဆိုတဲ့စကားကပိုတန်ဖိုးရှိပါတယ် ဖေကြီးရယ်။သမီး အရမ်းးကြိုက်တယ်။ I love you so so so so much” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၀) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။

ဖခင်ဆုချတဲ့ နာရီလေးကို ဝတ်ပြီး နေခြည်တစ်ယောက် ပျော်မဆုံးဖြစ်နေတာပါ။ သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရှိနေလိုသလို ယခုလက်ရှိ ရုံတင်ပြသနေတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း သူမအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိနေတာ တွေ့ရပါတယ်။ နောက်ထပ်လည်း “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အောက်ဖဲမလှန်ကြေး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

Shwe Burma