မန်ယူအသင်းအောင်မြင်ရေး အရာအားလုံးပေးဆပ်၍ အကောင်းဆုံးကြိုးပမ်းမည်ဟု ဆိုးလ်ရှားပြောကြား၊ အမြဲတမ်းနည်းပြဖြစ်လိုဟုဆို

မန်ယူက မော်ရင်ဟို၏ နေရာတွင် အစားထိုးခန့်အပ် ခဲ့သည့် ယာယီနည်းပြဆိုးလ်ရှား က အသင်းအောင်မြင်ရေး မိမိ တွင်ရှိသမျှအရာအားလုံး ပေး ဆပ်၍ အကောင်းဆုံးကြိုးပမ်း မည်ဖြစ်ကြောင်း ပထမဆုံးတွေ့ ဆုံမေးမြန်းမှုအတွင်း ပြောကြား သည်။ မန်ယူက မိမိကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်မည်ဆိုပါက လည်း ဝမ်းသာအားရလက်ခံမည် ဟု ၎င်းကပြောသည်။

‘‘ကျွန်တော်တို့ အောင်မြင်ဖို့ အတွက် ကျွန်တော့်မှာ ရှိသမျှအ ရာအားလုံးပေးဆပ်သွားမယ်ဆို တာ ကျွန်တော်ကတိပေးနိုင်ပါ တယ်။ ဝန်ထမ်းတွေနဲ့အတူ ကျွန် တော်အကောင်းဆုံး လုပ်ဆောင် သွားပါမယ်’’ ဟု မန်ယူပရိသတ် အတွက် သတင်းစကားပါးပေး ပါရန် ပန်ကြားမှုကို ဆိုုးလ်ရှား က တုံ့ပြန်ပြောကြားသည်။

ချန်ပီယံလိဂ်တွင် ပီအက်စ် ဂျီနှင့် ရင်ဆိုင်ရမည့်အရေးနှင့် ပတ်သက်၍ မေးမြန်းရာ ပီအက်စ် ဂျီသည် နေမာ၊ မက်ဘီနှင့် ကာ ဗာနီတို့ကဲ့သို့ ကစားသမားများ ရှိ သော အကောင်းဆုံးအသင်းများ အနက် တစ်သင်းဖြစ်သော်လည်း မိမိတို့၌ ထိပ်တန်းအရည်အသွေး ရှိ ကစားသမားများရှိပြီး ယုံကြည် မှု အပြည့်ဖြင့် ရင်ဆိုင်မည်ဟု ဆိုးလ်ရှားက ပြောသည်။

‘‘အခုအချိန်မှာ ကျွန်တော် တို့ အခြေခံအုတ်မြစ် တည် ဆောက်ချင်ပါတယ်။ ပြီးတော့ ပီအက်စ်ဂျီနဲ့ပွဲကို ယုံကြည်မှုနဲ့ ရင်ဆိုင်သွားပါမယ်’’ ဟု ၎င်းက ပြောသည်။

မန်ယူနည်းပြသစ် ဆိုးလ်ရှား သည် ကာဒစ်စီးတီးနှင့်ပွဲကို တနင်္ဂနွေနေ့တွင် ပထမဆုံးကိုင် တွယ်ရမည်ဖြစ်သည်။ ယင်း နောက် ဟက်ဒါဖီးလ်၊ ဘုန်း မောက်၊ နယူးကာဆယ်၊ စပါး၊ ဘရိုက်တန်၊ လက်စတာ၊ ဖူလ် ဟမ်၊ လီဗာပူးစသောအသင်းများ နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဆိုးလ်ရှားက ဂိုးသမားဒီဂီ ယာကိုချီးကျူးပြီး ၎င်းသည် ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားဖြစ်ကာ တစ်နှစ်တာအကောင်းဆုံး ကစား သမားဆု ရရှိနေသည်မှာ ယခုဆို လျှင် နှစ်များစွာကြာပြီဟု ပြော သည်။

ထို့အပြင် ၎င်း၏နည်းပြဘဝ တွင် ဖာဂူဆန်၏လွှမ်းမိုးမှုရှိသော် လည်း မိမိ၏ နည်းပြပုံသည် ဖာဂူ ဆန်နှင့် ခြားနားမှုရှိသည်ဟု ဆိုးလ်ရှားက ပြောသည်။ ထို့အ ပြင် မန်ယူသို့ ပြန်ရောက်လာခြင်း သည် အိမ်ပြန်ရောက်လာသကဲ့သို့ ခံစားရကြောင်း ၎င်းကပြော သည်။

Shwe Burma