2019ခုနှစ် တစ်နှစ်တာဟောစာတမ်း

(၁)နှစ်စာဟောစာတမ်းလေး တင်ပေးလိုက်ပါပြီ။လာမည့်2019မှာ မိမိကံကြမ္မာ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာဖတ်ကြည့်ပီးအများဖတ်ရှုနိုင်အောင်လည်း #Shareပေးကြပါ။


တနင်္ဂနွေသားသမီးများ
ဤနှစ်အတွင်း ကိုယ်ထူးကိုယ်ချွန်အလုပ်လုပ်တာပိုအဆင်ပြေမည်။ 2019ခုနှစ်အတွင်း ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ တစ်ပါးသူအပေါ်အားကိုး၍မရသောကာလဖြစ်သည်။ မိမိလွယ်ကူမည်ဟုယူဆသောကိစ္စများအနှောင့်အယှက်ပေးခြင်း ခံရတတ်သည်။ဖုန်းနှင့်စက်ပစ္စည်းများရောင်းဝယ်ခြင်း၊အိမ်ခြံမြေလုပ်ငန်းများလုပ်ခြင်း၊ဖျောက်ရည်၊ယမကာထုတ်လုပ်ခြင်းလုပ်ငန်းများမှ အကျိုးအမြတ်များရမည်။
ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့် တီထွင်ပညာများလုပ်ခြင်းကောင်းမည်။ ငွေကြေးကိစ္စကတော့မထင်မှတ်ဘဲဒီနှစ်အတွင်း ထင်မှတ်ထားတာထက် ပိုဝင်ကိန်းကြုံမည်။ အိမ်ယာ၊တိုက်ခန်း၊မြေယာခြံကွက်များရရှိတတ်သည်။ ဖုန်းနှင့်အဖိုးတန်ပစ္စည်းများ ကျပျောက်ကိန်းရှိသည်။ လူစုလူဝေး များပြားသောနေရာများတွင် သွားလာလှုပ်ရှားခြင်း ရှောင်ရမည်။ယခုနှစ်တွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်တွင်းရေးပြသနာများမကြာမကြာ ဖြေရှင်းရတတ်သည်။တခါတခါမှန်ရဲ့သားနဲ့အကျဉ်းအကြပ်ထ ဲကြုံရတတ်သည်။
ပျိုရွယ်သူများအချစ်ရေးနှင့် ပတ်သက်၍ စန်းပွင့်လိမ့်မည် အနှစ်နှစ်အလလမစွံသူများ ဒီနှစ်မှာစွံဖို့များပါတယ်။ အချစ်ကံကောင်းမည်။ပညာရေးတွင် မိမိ၏ကြိုးပမ်းမှုကြောင့် ထူးထူးခြားခြား တိုးတက်အောင်မြင်လာလိမ့်မည်။သို့သော်ပညာရေးနှင့် အချစ်ရေးများရောထွေးနေခြင်းများ ကြုံနေရတတ်သည်။
ကျန်းမာရေးတွင် အရေပြားရောဂါ၊ အာရုံကြောအားနည်းခြင်း၊ အပူနာပေါက်ခြင်း၊ခေါင်းကိုက်ခြင်းဝေဒနာများ မကြာခန ခံစားရတတ်သည်။ တန်ခူး၊ကဆုန်လများတွင်အလုပ်လုပ်တာ၊ အရေးကြီးစကားပြောဆိုတာတွေသတိထားပါ။ အဲဒီ(2)လကအထူးညံ့သည်။ သီတင်းကျွတ်၊တန်ဆောင်မုန်း၊နတ္တော်လများတွင် အောင်မြင်မှုများကြုံရမည်။ အဲဒီလတွေမှာအလုပ်လုပ်လျင် ဖိကြိုးစားပီးလုပ်ပါ။
ယတြာ➖မေမြို့ပန်း၊ပိတောက်ညွန့်၊ပေါက်ညွန့်(၉)ညွန့်စီ ဘုရားမှာတင်ပါ။မိမိမွေးနေ့တွေမှာခေါက်ဆွဲထုပ်၊ကြံရည်၊ကြာဇံထုပ်များလှူပေးပါ။
အကျိုးပေးသောအက္ခရာနှင့်ဂဏာန်းများ➖(တ၊န၊ပ၊ဖ)(၃၊၈၊၂၊၇)


တနင်္လာသားသမီးများ
တနင်္လာသားသမီး တို့သည် လာမည့် 2019 ခုနှစ်အတွင်း အစစအရာရာ အဆင်ပြေလာမည့် ကာလဖြစ်သည်။ မိမိရပ်တန့်ထားသောလုပ်ငန်းကိစ္စများ ပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။ သို့သော် လုပ်ငန်းခွင်တွင်အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် ကာလဖြစ်သည်။ အထူးသဖြင့်အစုရှယ်ယာ ဝင်ခြင်း ကုန်မာဆိုင်နှင့် စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊ မြေသြဇာနှင့်ဆန် ရောင်းဝယ်ခြင်းများမှ အကျိုးအမြတ်ဖြစ်ထွန်းမည်။ 2019ခုနှစ်တွင်အလုပ်သစ်များ ဝင်ရောက်လုပ်ကိုင်ရတတ်ခြင်း၊ ရာထူးတိုးခြင်း၊ ဂုဏ်သတင်းကျော်ဇောခြင်း၊ နေရာအပြောင်းရွှေ့များကြုံမည်။
လူမှုရေးပြသနာများ ဝင်ရောက်ဖြေရှင်းပေးရတန်သည်။ 2019ခုနှစ်တွင် တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ သောကြာသားသမီးများနှင့် မည်သည့် ကိစ္စမဆိုဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရမည်။အိမ်ထောင်ရေးတွင် မိတ်ဆွေ၊အသိုင်းအဝိုင်း၊ ဆွေမျိုး စကားများကြောင့် အိမ်ထောင်ရေးအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာတတ်သည်။ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။ မိသားစုတွင်ကျန်းမာရေးပြုစု စောင့်ရှောက်မှုများ ပြုလုပ်ပေးရတတ်သည်။
ပျိုရွယ်သူများ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိမိရည်းစားခြံခုန်တတ်သည်။ စနိုက်ကြော်သူများနှင့်တွေ့ရတတ်သည်။ ဘုရားဖူးသွားလာရာမှချစ်သူရည်းစားတွေ့ရတတ်သည်။ပညာရေးတွင်ရှေ့ပိုင်း၌ ကြိုးစားအားထုတ်မှုကောင်းပြီး နောက်ပိုင်းတွင်အပေါင်းအသင်းများကြောင့် စိတ်လေပြီးမိမိရည်မှန်းချက်များနှင့် ဝေးကွာသွားတတ်သည်။ကျန်းမာရေးတွင် အဖျားအနာဖြစ်ခြင်း၊ ခါးနာခြင်း၊မျက်စိအားနည်းခြင်း၊ သွေးအားနည်းခြင်းများ ခံစားရခြင်းဖြစ်မည်။ ယခုနှစ်အတွင်း ကျန်းမာရေးအထူးဂရုစိုက်ပေးပါ။
ကဆုန်၊ နယုန်လများတွင် အရေးကြီးကိစ္စများလုပ်လျင် အထူးဂရုစိုက်ပါ။ အရှုံးပေါ်မည်။ဝါခေါင်၊တော်သလင်း၊ နတော်လများတွင် ဘာမှမစင်းစားဘဲလုပ်လျင်တောင်အောင်မြင်မှုများကြုံရမည်။ယတြာ➖မိမိမွေးနေ့တွင်ဇော်စိမ်းညွန့်၊ဇီးညွန့်၊ဇွန်ညွန့်(၉)ညွန့်စီဘုရားမှာတင်လှူပူဇော်ပါ။ထောပတ်ဆီနှင့်ဆီမီးခွက်သက်စေ့ပူဇော်ပါ။လိမ္မော်ဖော်ရည်နှင့်ယိုစုံများတင်လှူပူဇော်ပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (က၊ပ၊တ၊ဖ)(၂၊၅၊၇၊ဝ)


အင်္ဂါသားသမီးများ
အင်္ဂါသားသမီးများသည် 2019ခုနှစ် ရှေ့ပိုင်း(၆)လတွင် လုပ်ငန်းခွင်တွင ်အကြံအစည်သစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်များ အောင်မြင်လာလိမ့်မည်။ နိုင်ငံရပ်ခြားခရီးသွားလာခြင်းများ ကြုံလာတတ်သည်။ရပ်ဝေးမိတ်ဆွေများနှင့် အခုရှယ်ယာလုပ်ငန်းများ လုပ်ခြင်း အလုပ်သစ် စတင်ထူထောင်ခြင်းများ ကောင်း၏။ လုပ်ငန်းခွင်တွင် မိန်ဆွေအသစ်များနှင့်ဆက်ဆံရမည်။ ရေကြောင်းခရီးသွားလာခြင်းများ မကောင်းပါ။
2019ထဲမှာ မိတ်ဆွေများပေးထားသောကတိများ ပျက်ပြားခြင်းကြောင့် မိမိဆောင်ရွက်ထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ ငွေကြေးကိစ္စများအလွယ်တကူကတိပေး ဆောင်ရွက်ခြင်းများမပြုသင့်ပါ။ လူမှုရေးပြသနာများနှင့်ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ဒီနှစ်ထဲမှာသောကြာ၊ကြာသပတေး၊ ဗုဒ္ဓဟူးနေ့သားသမီးများနဲ့မည်သည့် ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်ထောင်ရှင်များသားသမီးရတနာထွန်းကားပြီး သတင်းကောင်းကြားရတတ်သည်။ ပျိုရွယ်သူများချစ်သူနှင့် နီးစပ်ရန်မလွယ်ကူသလောက်ခက်ခဲမည်။ ဝေးကွာနေသော ချစ်သူများပြန်လည်ဆုံစည်းရတတ်သည်။
ပညာရေးတွင် ဉာဏ်ရည်ထက်မျက်ပြီး ဂုဏ်သတင်းကြီးမားလာလိမ့်မည်။ သို့သော်ပညာရေးတွင်ဝီရိယရှိမှမိမိမျှော်မှန်းသောပညာရပ်က ိုဆည်းပူးခြင်းရမည်။အခြားအလုပ်မစင်းစားဘဲလက်ရှိ အတတ်ပညာကိုအခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျင်အထူးအောင်မြင်မည်။ကျန်းမာရေးတွင်ထုံကျဉ်ခြင်း၊ ခါးအောက်ပိုင်းရောဂါများခံစားရခြင်း၊ သွေးအားနည်းခြင်း၊များဖြစ်တတ်သည်။ တပို့တွဲ၊တပေါင်း၊တန်ခူးလာများတွင် အထူးကံကောင်းမည်။ကျန်တဲ့လတွေမှာတော့သတိနဲ့ယှဉ်ပြီးလုပ်ဆောင်ပါ။
ယတြာ ➖နှင်းဆီပန်း၊နှင်းပန်း၊ ရွက်လှ၊ဝါးညွန့်၊သစ္စာပန်း(၅)ပွင့်စီ ဘုရားမှာတင်လှူပေးပါ။ မိမိမွေးနေ့မှာ ထန်းလျက်၊ထိုးမုန့်၊ နာနတ်ယိုဆွမ်းဘုရားမှာကပ်လှူပူဇော်ပေးပါ။အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ➖(ရ၊လ၊ဝ၊သ၊ဟ)(၉၊ဝ၊၂၊၆)


ဗုဒ္ဓဟူးသားသမီးများ
ဗုဒ္ဓဟူးနေ့သားသမီးများ2019ထဲမှာတော့ စီးပွားရေးကိစ္စများနှင့် ပတ်သက်၍ အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ခြင်း၊ ကွန်ပျူတာနှင့် တီထွင်ပညာများဆောင်ရွက်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများလုပ်ခြင်း ကောင်း၏။ စိတ်မြန်ခြင်း၊စိတ်ကြီးခြင်းများ၊အလောတကြီးအလုပ်လုပ်ခြင်းများ တတ်နိုင်သမျှရှောင်ကျဉ်ရမည်။ နာမည်အလွဲသုံးစားပြုခြင်းများ ခံရတတ်သည်။
2019ထဲတွင် တနင်္လာ၊ဗုဒ္ဓဟူး၊ ကြာသပတေးသားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရမည်။ ယခုနှစ်တွင် သတိတရားရှေးရှု၍ သွားလာဆောင်ရွက်ရမည်။ ရင်းနှီးသောသူများနှင့် မိမိအကြားအယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ညီအစ်ကို၊မောင်နှမချင်းစကားများရမည်။
ပျိုရွယ်သူများအချစ်ရေးနှင့် ပတ်သက်ပြီး မိမိရည်ရွယ်ထားသောသူများနှင့် ထင်သလောက်ခရီးမပေါက်ခြင်း၊ မိမိထက်အသက်၊ဝါကြီးသောသူများနှင့် အိမ်ထောင်ကျရခြင်း၊ အခြားရပ်ဝေးဒေသမှ သူနှင့်အိမ်ထောင်ကျရခြင်းများ ကြုံရတတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားအတွက်ငွေကြေးကုန်ကျမှုလည်းများမည်။ အိမ်တွင်းရေးပြသနာများဖြေရှင်းရမည်။
ဉာဏ်ဆိုင်ရာပညာရပ်များ၊ တီထွင်ဆန်းသစ်သောပညာရပ်များ သင်ယူသင့်သည်။ပညာရေးတွင် မိမိရည်မှန်းချက်အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။ကျန်းမာရေးတွင်ချောင်းဆိုးခြင်း၊ အဆုတ်နှင့်ပါတ်သက်သောရောဂါ၊ မီယပ်ရောဂါ၊အရိုးအဆစ်ရောဂါများဖြစ်တတ်သည်။ ဝါဆို၊သီတင်းကျွတ်၊ပြာသိုလများတွင်အလုပ်လုပ်ပါက သတိနှင့်ယှဉ်လုပ်ပါ။ လွဲချော်တတ်သည်။ အရေးကြီးသောဆုံးဖြတ်ချက်များ ဤလပိုင်းတွေမှာမလုပ်ပါနှင့်။
ယတြာ-ဘုရားမှာရွှေပန်း၊အောင်သပြေညွန့်၊ ဝါးညွန့်(၉)ညွန့်စီတင်ပါ။ယပ်တောင်(၁၇)ချောင်းဘုရားမှာပူဇော်ပေးပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ-(ပ၊ဖ၊မ၊က)(၄၊၁၊၈၊၅)=


ကြာသပတေးသားသမီးများ{ဆရာဇော်ဇော်ပိုင် 09-440349932}
ကြာသပတေးသားသမီးများသည် 2019ခုနှင်ရှေ့ပိုင်း(၃)လတွင် လုပ်ငန်းခွက်တွင် အကြံစည်သစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ အခက်အခဲမည်မျှ ရှိစေဆောင်ရွက်စရာများရှေ့တိုး၍ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုစိတ်များ ပေါ်ပေါက်နေတတ်သည်။ ဘဏ်လုပ်ငန်း၊ ငွေကြေးချေးငှါးခြင်း၊ အစုရှယ်ယာဝင်ခြင်းများ ကောင်းကျိုးပေးမည်။မမျှော်လင့်ဘဲငွေကြေးအမြောက်အများဝင်မည်။
ညီအစ်ကို၊ မောင်နှမ၊ဆွေမျိုးသားချင်းများ နှောင့်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင် အကျိုးအမြတ်များပျက်စီးတတ်သည်။ အိမ်ခြံမြေပြုပြင်မှုများကြုံမည်။ ပြည်တွင်းပြည်ပခရီးတို၊ ခရီးရှည်များခနခန သွားကကိန်းရှိသည်။ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီး၊ မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးပြသနာများ အနှောင့်အယှက်များ ဝင်တတ်သည်။အပျော်အပါးလိုက်စားမှုကြောင့် လူမှုရေးပြသနာများဖြေရှင်းရတတ်သည်။မိမိကြိုးစားသောပညာရပ်များတွင ်ဝီရိယစိုက်ရမည့်နှစ်ဖြစ်သည်။ ဆွေမျိုးသားချင်း အကူညီကောင်းများပညာရေးတွင် ကူညီမည်။ လုပ်ငန်းခွင်စာမေးပွဲများ၊အင်တာဗျူးများဖြေဆိုခွင့် အခွင့်လမ်းကောင်းများရရှိမည်။ကျန်းမာရေးတွင်အဖျားရှည်ရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ အပူနာရောဂါများဖြစ်တတ်သည်။ ပြာသို၊တပို့တွဲ၊တပေါင်းလများတွင်လုပ်ငန်းကိစ္စများ အထူးလာဘ်လာဘများအကျိုးဖြစ်ထွန်းမည်။ယတြာ-ဘုရားမှာ သပြေညွန့်၊သီးညွန့်၊သနပ်ခါညွန့်(၁၉)ညွန့်စီတင်လှူပူဇော်ပါ။ဘုရားတစ်ဆူဆူမှာ ထီး၊ တံခွန်၊ကုက္ကား၊များလှူပေးပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)


သောကြာသားသမီးများ
2019ထဲမှာ သောကြာသားသမီးတွေဟာ ပေါ်ပေါက်လာသော စိတ်ကူးများကို လက်တွေ့အောင်မြင်မှု ရသောနှစ်ဖြစ်သည်။ လုပ်ငန်း၊အလုပ်သစ်၊ နေရာသစ်တိုးချဲ့လုပ်ကိုင်ပါက အောင်မြင်မှုရမည်။နာမည်ဘုန်းကံတိုးတက်ပြီး နေရာအနှံပျံ့နှံ့သွားကိန်းရှိသည်။ လုပ်ငန်းခွင်တွင်မိတ်ဆွေအသစ်၊နယ်ပယ်အသစ်နှင့် ဆက်ဆံရမည်။ စိတ်လောကြီးပြီးတစ်ပါးသူ၏ ငွေကြေးဥစ္စာများက ိုလုပ်ငန်းခွင်သုံးစြွဲခင်းများ ရှောင်သင့်သည်။ ဇိမ်ခံပစ္စည်းများဝင်မည်။ ငွေကြေးကိစ္စများ၊ အစုရှယ်ယာလုပ်ငန်းများ၊ ငွေချေးငွေငှါးလုပ်ငန်းများ အထူးသတိပြုဆောင်ရွက်ပါ။ စက်ပစ္စည်းများဝင်လာမည်။ အများသဘောတူညီမှုကြောင့် လူမှုရေး၊ဘာသာရေးကိစ္စများ ဆောင်ရွက်ရမည်။
ပျိုရွယ်သူများ ချစ်သူရည်းစားအချင်းချင်းတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအားနည်းလာမည်။ အကောင်းလုပ်လည်း မကောင်းမြင်တတ်မည်။ အိမ်ထောင်ရှင်များပတ်ဝန်းကျင်၊ဘေးအနှောင့်အယှက်ကြောင့် ရံဖန်ရံခါစကားငြင်းဆိုရမှုများ ဖြစ်မည်။ ဒီနှစ်အတွက်တော့အိမ်ထောင်ရေး၊ အချစ်ရေးကံမကောင်းဘူးလို့ ဆိုရမှာဘဲ။သတိထားနေကြပေတော့။
ပညာရေးတွင် လူမှုရေးရှုပ်ထွေးမှုကြောင့် နှောင့်နှေးမှုများကြုံရမည်။ ပညာသင်စရိတ်အတွက် ခက်ခဲလာတတ်သည်။ကျန်းမာရေးတွင် နှလုံးသွေးကြောကျဉ်းခြင်း၊ ထုံနာကျဉ်နာရောဂါ၊ လေနှင့် အူလမ်းကြောင်းရောဂါများ ဖြစ်ပွားတတ်သည်။ နဲနဲဖြစ်ဖြစ်၊ များများဖြစ်ဖြစ် ဖြစ်လာပါက ကျွမ်းကျင်သောဆရာဝမ်နှင့် ကုသပါ။မပေါ့ပါနှင့်။
ဒီနှစ်ထဲမှာဝါခေါင်၊ တန်ဆောင်မုန်း၊ တပို့တွဲလများ၌ မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးဂရုစိုက်လုပ်ပါ။ သီတင်းကျွတ်၊တန်ခူး၊ကဆုန်လတွေမှာတော့စိတ်ချမ်းသာမှုပိုရမည်။ယတြာ-ဘုရားမှာသရက်ညွန်၊ဇွန်ညွန့်၊ စံပယ်ညွန့်(၂၁) ညွန့်စီ ကပ်လှူပူဇော်ပါ။မိမိမွေးနေ့မှာဇီးဖျော်ရည်နှင့် ဆီကြော်မုန့်ဆွမ်း ကပ်လှူပူဇော်ပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(ခ၊န၊ပ၊ဝ)(၆၊၅၊၁၊၃)


စနေသားသမီးများ
စနေသားသမီးများသည် 2019အတွင်း လုပ်ငန်းခွင်ကို တိုးချဲ့ရန်ဆန္ဒရှိသော်လည်း သတိတရားဖြင့် လုပ်ကိုင်သင့်သည်။ အကောင်းအဆိုး ဒွန်တလဲလျက်ရှိသည်။ လေကြောင်းလုပ်ငန်း၊ရေကြောင်းလုပ်ငန်း၊ ဖန်စီနှင့်ဖက်ရှင်လုပ်ငန်း လုပ်ခြင်း ဆက်သွယ်ရေးပစ္စည်းများ ရောင်းဝယ်ခြင်းကောင်းမည်။ အတိုက်အခိုက်အမျိုးမျိုးကြားမှ အောင်မြင်မှုမျိုးကိုရရှိမည်။ တပည့်၊လက်အောက်ငယ်သားနှင့် အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်မှုတွင် အထူးသတိထားပြီး ပြုလုပ်သင့်သည်။
ပြည်တွင်းပြည်ပခရီးသွားရကိန်း ခနခနကြုံလာမည်။ ငွေကြေးကိစ္စအဆင်ပြေမည်။အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား၊အသက် ၂၀ မှ ၂၂ နှစ်ကြား၊အသက ်၂၉ နှစ်မှ ၃၁ နှစ်ကြား ရောက်ရှိနေသူများအချစ်ရေးနှင့် ပါတ်သက်၍ အဖုအထစ်များတွေ့ရတတ်သည်။နားလည်မှုများလွဲတတ်သည်။ စကားတစ်ခွန်းဆို တစ်ခွန်းပြသနာတက်မည်။ အိမ်ထောင်ရှင်များ တစ်ပါးသူအတွက် မိမိဂုဏ်သိက္ခာ ကျဆင်းတတ်သည်။
2019ထဲမှာတပေါင်း၊ နယုန်၊နတ္တော်လများတွင် အလုပ်လုပ်တာ အထူးသတိနှင့်ယှဉ်လုပ်ပါ။အရေးကြီးသောဆုံးဖြတ်ချက်များ ထိုလများတွင်အလောတလျင်မလုပ်သင့်ပါ။ယတြာ-ဘုရားမှာ အုန်းညွန့်၊အင်ကြင်းညွန့်၊ လက်ဖက်ညွန့်(၁၂)ညွန့်စီ တင်လှူပူဇော်ပါ။သစ်သီးငါးမျိုးဆွမ်းတော်ကပ်လှူပူဇော်ပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(စ၊လ၊ပ၊ယ)(၉၊၁၊၃၊၇)

Shwe Burma