သင့်မွေးလက ပြောပြတဲ့ သင့်အကြောင်း

အားလုံးပဲမင်္ဂလာပါနော်။ ဘယ်လမှာ မွေးတာလဲဟင်။ သင်မွေးဖွားတဲ့ လ က သင့်အကြောင်းကို ပြောပြနေပါတယ်။ အခုဖော်ပြချက်ဟာ ၁၀၀% မှန်တယ်လို့ မဆိုနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မှန်တယ်မှားတယ်ဆိုတာထက် တိုက်ဆိုင်သလား မတိုက်ဆိုင်ဘူးလားဆိုတာပဲ ကြည့်လိုက်ရအောင်နော်။

၁။ ဇန်နဝါရီ

ဇန်နဝါရီလမှာမွေးတဲ့သူတွေကတော့ ရည်ရွယ်ချက်ကြီးမားတဲ့သူ အလေးအနက်ထားတဲ့သူဖြစ်ပါတယ်။ သူတို့ ယုံကြည်ရသူအပေါ်မှာပဲ ပွင့်ပွင့်လင်းလင်းရှိပါတယ်။

၂။ ဖေဖော်ဝါရီ

ဖေဖော်ဝါရီလမှာ မွေးတဲ့သူတွေကတော့ သိပ်ကို ရိုမန့်တစ်ဆန်သူဖြစ်ပါတယ်။ ဖော်ရွေတတ်သူဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်တွေက မကြာခဏပြောင်းလဲတတ်ပါတယ်။ သူတို့ကို သစ္စာဖောက်သွားရင်တော့ ဘယ်တော့မှ ခွင့်လွတ်မှာမဟုတ်ပါဘူး။

၃။ မတ်လ

မတ်လမှာ မွေးတဲ့သူတွေကတော့ သစ္စာရှိတယ်၊ လှတဲ့သူတွေပါ။ ဒါ့ကြောင့်လည်း သူတို့နဲ့ လိုက်ဖက်တဲ့ ချစ်သူကို တွေ့ဖို့ခက်ခဲပါတယ်။ သူတို့ဟာ အရမ်းကို ဆတ်ဆတ်ထိမခံဖြစ်သလို သိပ်ကိုလှကြလို့ပါပဲ။

၄။ ဧပြီ

ဧပြီလမှာ မွေးတဲ့သူတွေကတော့ သဝန်တိုတတ်သလို တချိန်တည်းမှာပဲ လူတစ်ယောက်ပြောတာကို သေချာလေး နားထောင်တတ်သူဖြစ်ပါတယ်။ သူ့ကို ချစ်မိပြီး သူ့အချစ်ကို ရပြီဆိုရင်တော့ သူ့အကြောင်းကို သင်ပိုသိလာပါလိမ့်မယ်။

၅။ မေလ

မေလမှာ မွေးတဲ့သူတွေက မိန်းကလေးဆိုရင်တော့ အရမ်းကိုလှတဲ့ ကျက်သရေ ရှိတဲ့သူတွေဖြစ်ပါတယ်။ တည်ငြိမ်ပါတယ်။ တချိန်တည်းမှာပဲ သည်းမခံတတ်သူတစ်ဦးဖြစ်ပါတယ်။ သူတို့ကိုချစ်သူအဖြစ်ရွေးချယ်မိရင်တော့ စိတ်ရှည်ရမယ်နော်။

၆။ ဇွန်

ဇွန်လမှာ မွေးတဲ့သူတွေကတော့ သိပ်ကိုပွင့်လင်းတဲ့သူဖြစ်ပါတယ်။ သူတို့အပေါ် တခြားသူက ဘယ်လိုတွေးသလဲဆိုတာ သိပ်ပြီးဂရုစိုက်လေ့မရှိပါဘူး။ သူတို့ဟာ ယောကျ်ားလေးတွေရဲ့ အသည်းကို လွမ်းမိုးနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။

၇။ ဇူလိုင်လ

ဇူလိုင်လမှာ မွေးတဲ့သူတွေကတော့ လျှို့ဝှက်တတ်သူတစ်ဦးဖြစ်သလိုတစ်ဖက်မှာလည်း ရိုးသားတဲ့သူဖြစ်ပါတယ်။ သူတို့တွေက တခြားသူတွေပေါ် ရိုးသားပါတယ်။ တခြားသူတွေလည်း သူတို့အပေါ် ရိုးသားမှ ကြိုက်တဲ့သူပါ။

၈။ သြဂုတ်လ

သြဂုတ်လမှာ မွေးတဲ့သူတွေကတော့ ယောကျ်ားလေးတွေအပေါ် ဆွဲဆောင်မှုရှိသူဖြစ်ပါတယ်။ သူတို့ဟာ အနုတ်သဘောဆောင်တဲ့ မကောင်းတဲ့အရာတွေကို ရှောင်လေ့ရှိသူဖြစ်ပါတယ်။ ပျော်ရွှင်ရတာကိုကြိုက်တယ်။ ကြင်နာတတ်ပါတယ်။ တစ်ဖက်မှာလည်း မိမိခံစားမှု မိမိကိုယ်ကိုဦးစားပေးတတ်သူတွေပါ။

၉။ စက်တင်ဘာ

စက်တင်ဘာလမှာမွေးတဲ့သူတွေဟာ အတွင်းစိတ်လှတဲ့သူတွေပါ။ သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ရင်လည်း သစ္စာရှိသူဖြစ်ပါတယ်။ သူ့အပေါ် နာကျင်စေတာမျိုးကိုရှောင်တတ်တဲ့သူတွေပါ။ သူ့အပေါ်ဘာလုပ်လုပ် လက်စားချေမှာတော့မဟုတ်ပါဘူး။

၁၀။ အောက်တိုဘာ

အောက်တိုဘာလမှာမွေးတဲ့သူတွေကတော့ ပညာရှိတယ်၊ ဉာဏ်ရည်ပြည့်ဝတဲ့သူတွေပါ။ သူတို့ရဲ့ ခံစားချက်ကို ဖုံးကွယ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သစ္စာဖောက်ခံရမှာ မလိုလားလို့ပါပဲ။

၁၁။ နိုဝင်ဘာ

နိုဝင်ဘာလမှာ မွေးတဲ့သူတွေကတော့ သစ္စာရှိတဲ့သူဖြစ်ပါတယ်။ သူ့ဘေးက လူတွေအကြောင်းကို သေချာအကဲခတ်တတ်သူဖြစ်ပါတယ်။

၁၂။ ဒီဇင်ဘာ

ဒီဇင်ဘာလမှာမွေးတဲ့သူတွေကတော့ နည်းနည်းလေး စိတ်မရှည်တတ်ပါဘူးတဲ့။ ဒါပေမယ့် နွေးထွေး ပွင့်လင်းတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားပါတယ်။ အရာရာကို အကောင်းမြင်စိတ်ရှိသူတွေပါ။

Shwe Burma