အိမ်တွေကို အလှူပေးသလိုအလကားပေးပစ်နေတဲ့ ဂျပန်နိုင်ငံ

အိမ်ရှာနေပါသလား။ ဂျပန်နိုင်ငံကို ပြောင်းရွှေ့နေဖို့ရော အစီအစဉ်ရှိပါသလား။ ဒါဆိုရင်တော့ သင့်အတွက် သတင်းကောင်းရှိနေပါတယ်။ ဂျပန်နိုင်ငံမှာ စွန့်ပစ်ထားတဲ့အိမ်တွေကို အလှူပေးသလိုအလကားပေးနေပါပြီ။

ဂျပန်အစိုးရက ဒီလိုမျိုး တချို့အိမ်တွေကို အလကားပေးနေပေမဲ့ တချို့အိမ်တွေကိုတော့ အထူးလျှော့ဈေးတွေနဲ့ ရောင်းချသွားဖို့အစီအစဉ်ရှိကြောင်း သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဝယ်ယူနိုင်တဲ့ အိမ်စာရင်းတွေကိုတော့ အကီရာဘဏ် (akiya bank) မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

အခုလိုမျိုးဂျပန်မှာ စွန့်ပစ်ထားတဲ့အိမ်တွေ အရမ်းများနေရတဲ့အကြောင်ရင်းတွေကတော့ အသက်အရွယ်ကြီးရင့်သူတွေအများစုက ထုံးစံအတိုင်းသေဆုံးသွားကြပြီး တချို့ကတော့ ဘိုးဘွားရိပ်သာကို ပြောင်းရွှေ့နေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် ဂျပန်လူမျိုးတွေဟာ အိမ်ထောင်ပြုဖို့ကို သိပ်အာရုံမရှိတဲ့အတွက် တစ်ကိုယ်ရည်တစ်ကာယသမားများအနေနဲ့သာ နေထိုင်ကြပြီး မိသားစုတစ်စုဖန်တီးဖို့ရာ အိမ်တစ်လုံးလုံးမလိုအပ်ဘူးလို့ ခံယူထားကြတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူအများစုခံယူထားကြတာကတော့ ဒီလိုစွန့်ပစ်အိမ်မှာ လူတွေပြန်မနေရခြင်းအကြောင်းက အယူသည်းမှုကြောင့်လို့ပဲ ဆိုပါတယ်။ ရာဇဝတ်မှုတွေနဲ့ တစ်ယောက်တည်းသေဆုံးရမှာကို ရှောင်ရှားချင်လို့လည်း ဖြစ်လောက်တယ်လို့ ယူဆကြပါတယ်။

သတင်းကောင်းအနေနဲ့ကတော့ ဂျပန်အစိုးရဟာ အိမ်ပိုင်ရှင်အသစ်တွေအတွက် ၎င်းစွန့်ပစ်အိမ်တွေကို မူလအကောင်းအတိုင်း ပြန်လည်မွမ်းမံနိုင်ဖို့ ထောက်ပံ့ငွေတွေကိုလည်း ပေးအပ်သွားဦးမယ်လို့ ဆိုပါတယ်။ သရဲမကြောက်တတ်ဘူး။ အယူမသည်းဘူးဆိုရင်တော့ ဒီလိုအခွင့်အရေးမျိုးက လုံးဝကို လက်မလွှတ်သင့်ပါဘူး။

Ref: elitereaders “Japan Is Giving Away Abandoned Houses For Free”

Shwe Burma