ရုပ်ရှင် အကြိုခံစားခြင်း (ကိုယ်စောင့်နတ်)

ဒေးဗစ်က မွေးတဲ့အချိန်က တည်းက ကံဆိုးလွန်းသူပါ။ ဘယ် လောက်ထိအောင်ကံဆိုးတာလဲ ဆိုရင် သူ့ကို မွေးပြီးပြီးချင်း ဆရာ ဝန်လက်ထဲကနေ သူ့အဖေက ချီ ဖို့လုပ်တဲ့အချိန် ပြုတ်ကျခဲ့ပါ တယ်။ အဲဒီလောက်အထိ ကံဆိုး ခဲ့တာပါ။ သူအရွယ်ရောက်လာ တဲ့အချိန်အထိလည်း ကံဆိုးဆဲ၊ ဆိုးမြဲပါပဲ။

သူက ကျောင်းသွားရင် လည်း ကျောင်းကားမမီလို့နောက် ကလိုက်ရတာလည်း အကြိမ် ပေါင်းမနည်းပါဘူး။ အဲဒီလို ကျောင်းကားနောက်လိုက်ရင်း ကားပေါ်ကသူတွေက ကော်ဖီ တွေနဲ့ ပက်တာလည်းခံရတတ်ပါ တယ်။ ဒေးဗစ်မှာ အခင်ဆုံးသူ ငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူတို့က သုံးယောက်အဖွဲ့ပေ မယ့်လည်း ကျောင်းမှာတော့ ထူး အောင်တို့အဖွဲ့ကို အရမ်း ကြောက်ရပါတယ်။ နောက်ပြီး ကျောင်းမှာ သူတို့က အလှောင်ခံ ဘဝတွေပါ။

ဘယ်လာက သူတို့ကျောင်း က ဒေးဗစ်စိတ်ဝင်စားနေတဲ့ ကောင်မလေးပါ။ တကယ်တော့ ဘယ်လာနဲ့ဒေးဗစ်က ငယ်ငယ် ကတည်းက သူငယ်ချင်းတွေပါ။ ဒါပေမဲ့ အခုချိန်မှာတော့ ဒေးဗစ် က ဘယ်လာ့ကိုအဝေးကပဲအမြဲ ငေးကြည့်နေရသူပါ။ အဲဒါက လည်း အကြောင်းရှိပါတယ်။

ဘယ်လာက စိတ်ကူးယဉ် ဆန်ပါတယ်။ သူတို့ငယ်ငယ်က သစ်ပင်ပေါ်မှာဆောက်ထားတဲ့ အိမ်တစ်အိမ်ကို ရှင်းလင်းပြီး ကစားဖို့အတွက် နေရာလုပ်ထား ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီအိမ်ကိုရှင်းပြီးတဲ့နေ့မှာ ဒေး ဗစ်က အိမ်သာအရမ်းတက်ချင် လာခဲ့ပါတယ်။ အဲဒါကြောင့် အောက်ဆင်းပြီး အိမ်သာတက်ဖို့ ပြောခဲ့ပေမယ့် အပင်အောက်မှာ ခွေးတစ်ကောင်စောင့်နေတာ ကြောင့် ခွေးကြောက်တတ်တဲ့ ဒေးဗစ်က အဲဒီအိမ်လေးပေါ်မှာပဲ သူ့ပြဿနာကိုရှင်းခဲ့ပါတယ်။အဲဒီ အချိန်ကတည်းက ဒေးဗစ်က ဘယ်လာ့ကို မခေါ်ရဲတော့သလို ဘယ်လာကလည်းမခေါ်တော့ပါ ဘူး။ အဲဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ကျောင်းကပွဲတစ်ခုမှာ ဒေး ဗစ်က ဘယ်လာ့အတွက် ဗီဒီယို ဖိုင်လေးတစ်ဖိုင်နဲ့ သူချစ်နေတဲ့ အကြောင်းကို ပြောဖို့လုပ်ခဲ့ပါ တယ်။ ဖြစ်ချင်တော့ အဲဒီဖိုင်ကို သူရေချိုးနေတဲ့အချိန် သူ့ညီက ကလိလိုက်တာကြောင့် သူထည့် မထားတဲ့ဖိုင်တွေ ပါသွားခဲ့ပါ တယ်။

အဲဒါကိုမသိတဲ့ဒေးဗစ်က ပွဲ မှာသူ့ဗီဒီယိုုဖိုင်ကိုခပ်တည်တည် နဲ့ဖွင့်ဖို့လုပ်ခဲ့ပါတယ်။ အစပိုင်းမှာ ရိုမန်တစ်တွေ ဆန်နေပေမယ့် နောက်မှာပါတဲ့ ဗီဒီယိုဖို်င်တစ်ခု ကြောင့် ဒေးဗစ်ကိုလှောင်စရာ ထပ်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒေးဗစ်က သူ့ကိုယ်စောင့်နတ်ကို စိတ်တိုပြီး သူ့ခန္ဓာကိုယ်ထဲက ထွက်သွားဖို့ ပြောခဲ့ပါတယ်။ နောက်နေ့မှာတော့ ဒေးဗစ်ကို လူ တစ်ယောက်က အိပ်ရာပေါ်မှာ လာနှိုးပါတယ်။ ဘယ်သူလဲလို့မေး တဲ့အချိန်မှာတော့ သူ့ရဲ့ကိုယ် စောင့်နတ်လို့ ပြောခဲ့ပါတယ်။ အဲ ဒီလူက ဒေးဗစ်ရဲ့တကယ့်ကိုယ် စောင့်နတ်လား။ ဘယ်လို ဇာတ် လမ်းတွေဆက်ဖြစ်ဦးမလဲဆိုတာ ကိုတော့ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး ရုံတင်ပြသတော့မယ့် ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကား မှာဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ဒေးဗစ်အ ဖြစ်လွှမ်းပိုင်၊ ကိုယ်စောင့်နတ် အဖြစ်ထွန်းထွန်း၊ ဘယ်လာအ ဖြစ် ခင်ဝင့်ဝါတို့က ပါဝင်သရုပ် ဆောင်ထားပြီး ဒါရိုက်တာဝင်း လွင်ထက်က ရိုက်ကူးပုံဖော်ထား ပါတယ်။

Shwe Burma