နည်းပြဂတ်တူဆိုနေရာတွင် အာစင်ဝင်းဂါး ခန့်အပ်ရန် အေစီမီလန်အသင်းနီးစပ်လာ

ယခုရာသီ စီးရီးအေတွင် ခြေစွမ်းပိုင်း မတည်ငြိမ်ဖြစ်နေ သော အေစီမီလန်က လက်ရှိနည်း ပြဂတ်တူဆိုကို ထုတ်ပယ်ကာ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးကို အစားထိုးခန့် အပ်ရန် နီးစပ်နေပြီဖြစ်ကြောင်း အီတလီသတင်းဌာန Tuttomer-catoweb က ဖော်ပြသည်။

စနေနေ့က ဖီအိုရင်တီးနား ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ နံပါတ် (၅) နေရာသို့ ရောက်သွားပြီး နောက် ဂတ်တူဆိုက အေစီမီလန် အသင်း အကျပ်အတည်းဆိုက် နေပြီဟု ပြောကြားသည်။

အေစီမီလန်အသင်းတာဝန် ရှိသူများက စီးရီးအေထိပ်သီးလေး သင်းဝင် ပြန်ဖြစ်ရေး၊ လာမည့်ရာ သီတွင် ချန်ပီယံလိဂ်၌ ပါဝင်ခွင့်ရ ရေး အထူးလိုလားနေစဉ် လက်ရှိ အသင်းရလဒ်ပိုင်း မတည်ငြိမ်ဖြစ် နေကာ ထိပ်ဆုံးရှိ ဂျူဗင်တပ်ထက် ၁၂ မှတ်လျော့နည်းနေသည်။

အေစီမီလန်က မန်ယူက ထုတ်ပယ်လိုက်သော မော်ရင်ဟို နှင့် အာစင်ဝင်းဂါးတို့အနက် တစ် ဦးကို ခေါ်ယူလိုသော်လည်း ယခု အခါ ဝင်းဂါးကိုသာခေါ်ယူမည် ဟုသတင်းဌာနကဖော်ပြသည်။

အေစီမီလန်တွင် နည်းပြ ဂတ်တူဆို၏ အနာဂတ်မရေရာ ဖြစ်နေစဉ် ဝင်းဂါးကိုယ်တိုင် ဇန်နဝါရီအတွင်း နည်းပြလောက သို့ ပြန်လည်ခြေချမည်ဟုပြောဆို ထားသည်။

အာဆင်နယ်အမှုဆောင်အ ရာရှိဟောင်း ဂါဇီဒစ်သည် ယခုအ ခါ အေစီမီလန်ကို တာဝန်ယူနေ ခြင်းနှင့်အတူ ဝင်းဂါးကို ခေါ်ယူ မည်ဆိုသော ပြောဆိုမှုများ ပိုမို ခိုင်မာစေခဲ့သည်။

အေစီမီလန်သည် ၁၇ ပွဲ ကစားပြီးချိန်တွင် ခုနစ်ပွဲသရေ၊ လေးပွဲရှုံးထားသဖြင့် ယခုအခြေ အနေမျိုးဖြင့် လာမည့်ရာသီချန်ပီ ယံလိဂ်ဝင်ခွင့်မရနိုင်ဆိုသော သုံး သပ်မှုများရှိနေသည်။

ဂတ်တူဆိုကိုယ်တိုင် ယခု ကဲ့သို့ ဆိုးရွားသော အခြေအနေ အတွက် မည်သူ့တွင်အပြစ်ရှိ ကြောင်း ရှာဖွေရမည်မဟုတ်ဘဲ ရှုပ်ထွေးသော အခိုက်အတန့်နှင့် ကြုံနေသည်ဟု ထုတ်ဖော်ပြောဆို ထားသည်။

Shwe Burma