သထုံ၌ အကျဉ်းထောင်အသစ်တစ်ခု တည်ဆောက်မည်

မွန်ပြည်နယ် သထုံ မြို့နယ် စျေးမသွယ်ကျေးရွာတွင် အကျဉ်းထောင် အသစ်တစ်ခု လာမည့်နှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလင်းဗိုလ်နောင်က ပြောသည်။

သထုံအကျဉ်းထောင်တွင် အကျဉ်းသားများ ကျပ်လာသည့် သဖြင့် သထုံမြို့နယ်၌ အကျဉ်း ထောင်အသစ် ထပ်မံတည် ဆောက်ရန် တင်ဒါခေါ်ယူနေ ကြောင်း ၎င်းကဆိုသည်။

‘‘သထုံထောင်က ကျဉ်းလာ တဲ့အတွက် နိုင်ငံတော်ကနေ ထောင်အသစ်ဆောက်ဖို့ ၂၀၁၉ မှာ လုပ်ငန်းစတင်မယ်။ လုပ်ငန်း မစရသေးဘူး။ တင်ဒါတော့ ခေါ် ယူနေတယ်။ အကျဉ်းသား ၅၀၀၊ဒါမှမဟုတ် ၇၀၀ ဆံ့အကျဉ်းထောင် ပါ။ အမျိုးအစားက အဆင့် (ခ) ပေ ၅၀၀ ပတ်လည်ပေါ့’’ဟု ဦးလင်းဗိုလ်နောင်က ပြောသည်။

မွန်ပြည်နယ်တွင် အကျဉ်း သား ၁,၀၀၀ ဆံ့(က)အဆင့်ရှိ ကျိုက်မရောထောင် (မော်လမြိုင်)နှင့် အကျဉ်းသား ၅၀၀ ဆံ့ (ခ) အဆင့် သထုံထောင်နှစ်ခုရှိပြီး အကျဉ်းသား ပိုများလာသဖြင့် ကျိုက်မရောမြို့နယ်တွင် အကျဉ်းသား ၁,ဝဝဝဆံ့ တည်ဆောက်နေဆဲဖြစ်ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

ကျိုက်မရောအကျဉ်း ထောင်သည် လက်ရှိအနေအထားအရ တည်ဆောက်မှု မပြီးစီးသေး သည့်အပြင် လုံခြုံရေးလည်း မရှိသဖြင့် လတ်တလောတွင် အကျဉ်းသားများ ပြောင်းရွှေ့ထားနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ဆိုသည်။

ကျိုက်မရောအကျဉ်းထောင် သို့ ပြောင်းရွှေ့ပြီးပါက လက်ရှိ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်)ကို နိုင်ငံတော်က မည်သို့စီမံမည် ပြောကြားထား ခြင်း မရှိ၍ မသိသေးကြောင်း ဦးလင်းဗိုလ်နောင်က ပြောသည်။

သို့သော် မွန်ပြည်နယ် လွှတ် တော် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အ မှတ်(၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်)၏ အဆောက်အအုံ နှင့် မြေနေရာကို ပုဂ္ဂလိကသို့ ရောင်းချရန်ရှိ၊ မရှိ မေးမြန်းထား ချက်အပေါ် အကျဉ်းထောင်သစ် နေရာသို့ ရွှေ့ပြောင်းပြီးပါက ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်)သည် ပြည်ထဲရေး ဝန်ကြီးဌာနပိုင်မြေဖြစ်၍ မြို့ပြဖွံ့ဖြိုးရေး မွန်ပြည်နယ်အစိုးရအဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာန နှင့်ညှိနှိုင်းပြီး ပြည်ထောင်စုအစိုး ရအဖွဲ့သို့ တင်ပြဆောင်ရွက်မည် ဟု မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖြေကြား ထားသည်။

ကျိုက်မရောအကျဉ်းထောင်သည် ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာအနီး ကွင်း အမှတ်(၅၈၆) နှင့် (၅၉၀) ရှိ မြေ ၂၅၆ ဧကကျော်တွင် တည်ဆောက်ထားသည်။

Shwe Burma