ဟော့ပေါ့ဆိုင် ဂက်စ်ဖြည့်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်းနှစ်ဦး အပြင်းအထန်ဒဏ်ရာရ

အစားတစ်လိုင်း ဟော့ ပေါ့ဆိုင်တွင် ဂက်စ်ဖြည့်ရာမှ ပေါက်ကွဲမှုဖြစ်ရာ ဆိုင်ဝန်ထမ်း နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း စမ်းချောင်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဘိုဘိုဦးကပြောသည်။

‘‘ဂက်စ်ဘူးအသေးထဲကို ဂက်စ်အိုးကြီးကနေ ထည့်တဲ့အ ချိန်မှာ ပေါက်ကွဲတာ။ တစ်လုံးကွဲ တော့ ဆင့်ကဲဆင့်ကဲကွဲတာ။ ဝန် ထမ်းနှစ်ယောက် ဒဏ်ရာပြင်းပြင်း ထန်ထန်ရလို့ အရေးပေါ်ကိုပို့ လိုက်ပါတယ်’’ ဟု ၎င်းကပြော သည်။

ဒီဇင်ဘာ ၂၃ ရက်နံနက် ၉ နာရီခွဲကျော်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး မီးသတ်ဌာနက အချိန်မီ ရောက်ရှိလာသောကြောင့် အ ခြားနေရာများသို့ မီးကူးစက် လောင်ကျွမ်းခြင်းမရှိဟု ဦးဘို ဘိုဦးက ဆိုသည်။

‘‘လောလောဆယ်မှာ အဲဒီ တိုက်နဲ့ အဲဒီအနောက်ကတိုက်က ဆားဗစ်မီးကြိုးတွေ မီးလောင် သွားတဲ့အတွက် လျှပ်စစ်မီးအမြန် ဆုံးပြန်ရဖို့အတွက် သက်ဆိုင်ရာ နဲ့ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ တယ်’’ ဟု ၎င်းကပြောသည်။

ယင်းမီးလောင်မှုကြောင့်ဆုံး ရှုံးမှုတန်ဖိုးကျပ် သုံးသိန်းဖိုးခန့် ဆုံးရှုံးပြီး ဂတ်စ်ဖြည့်သည့် ဝန် ထမ်းကို ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့်စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန် တိုင်းမီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

Shwe Burma