သီရိဆွေရဲ့သားငယ်လေး ရက်(၁၀၀)ပြည့်မွေးနေ့ပွဲကို သွားရောက်ခဲ့ကြတဲ့ ချစ်သုဝေတို့သားအမိ

တစ်ချိန်က အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ပေးရင်း ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးခဲ့တဲ့ ဆိုတော် သီရိဆွေဟာဆိုရင် ချိုသာကောင်းမွန်တဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားခဲ့ရတဲ့ သူမဟာဆိုရင် အိမ်ထောင်ပြီး နောက်ပိုင်း အနုပညာအလုပ်ကို မလုပ်ဖြစ်တော့တာကြောင့် ပရိသတ်တွေနဲ့ ကင်းကွာနေခဲ့ရတာပဲဖြစ်ပါတယ်။ အိမ်ထောင်သက် ၅နှစ်ကျော်လာပြီဖြစ်တဲ့ သူမဟာဆိုရင် ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားရှိခဲ့ပြီးပဲ ဖြစ်ပါတယ်။

သီရိဆွေရဲ့ သားနှစ်ယောက်မှာ သားအငယ်လေးက အသက် ၃ လ၊ သားအကြီးလေးက ၄ နှစ်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ၃လ အရွယ်သာ ရှိသေးတဲ့ သူမရဲ့သားငယ်လေးအတွက် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ သီရိဆွေရဲ့ သားငယ်လေး ရက် ၁၀၀ ပြည့် မွေးနေ့ပွဲကို ချစ်စရာကောင်းတဲ့ အမွှာသမီးလေးနှစ်ယောက်နဲ့အတူ ချစ်သုဝေတို့ သားအမိတတွေကလည်း တက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။

ချစ်သုဝေရဲ့ အမွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ဟာ အသက် ၂ နှစ်အရွယ်သာ ရှိသေးပေမယ့် ကလေးငယ်ပေါက်စလေးတွေကို အရမ်းချစ်တတ်ကြတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သီရိဆွေရဲ့ သားငယ်လေးကို တစိမ့်စိမ့်ကြည့်ရင်း အချစ်ပိုနေခဲ့ကြတဲ့ ခေတ်နဲ့သစ်တို့ညီအစ်မ နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

သီရိဆွေရဲ့သားငယ်လေး ရက် ၁၀၀ ပြည့်မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြတဲ့ ချစ်သုဝေ၊ ခေတ်နဲ့ သစ်တို့ သားအမိသုံးယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျ နှစ်သက်မယ်လို့ ထင်ပါတယ်။ ကလေးပီပီ ကလေးအရမ်းချစ်တတ်ကြတဲ့ ခေတ်နဲ့ သစ်တို့ ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျ နှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။

Shwe Burma