တစ်နှစ်လုပ်ခ ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တဲ့ အာရွန်ရမ်ဆေး

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား အာရွန်ရမ်ဆေးဟာ ယခုရာသီကုန်မှာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဂျူဗင်တပ်အသင်းက ရမ်ဆေးကို မက်လောက်စရာကောင်းတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆေးဟာ အာဆင်နယ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုမရရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ရမ်ဆေးကို ချယ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ အေစီမီလန်အသင်းတို့ အပါအဝင် ကလပ်အသင်းအများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် အီတလီမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဂျူဗင်တပ်အသင်းဟာ ရမ်ဆေးကို နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးနောက် ခေါ်ယူနိုင်ဖို့အနီးစပ်ဆုံးအသင်းဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် အာရွန်ရမ်ဆေးကို စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းက တစ်နှစ်ကို ပေါင် ၉ သန်းအထိ ရရှိမယ့်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ လီဗာပူးအသင်းကနေ စာချုပ်သက်တမ်းကုန်ဆုံးလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရခဲ့တဲ့ အမ်မရီချန်ကိုလည်း ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့ပါတယ်။

Shwe Burma