ရန်ကုန်တိုင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ မီးပြတ်မည်

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နဲ့ မြို့နယ်တွေမှာ ဓာတ်အားလိုင်းကြိုးအသစ်လဲလှယ်တာ၊ ဓာတ်အားခွဲရုံတွေ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းတွေ လုပ်မှာဖြစ်တာကြောင့် ဒီဇင်ဘာ ၂၇ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ မြို့နယ် ၁၆ မြို့နယ်မှာ မီးယာယီပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။


ကမာရွတ်၊ မရမ်းကုန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ အလုံ၊ လှိုင်၊ လသာ၊ ဗဟန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ဥက္ကံ ၊ ထန်းတပင်၊ ထောက်ကြန့်၊ တာမွေ၊ မင်္ဂလာတောင်ညွန့် ၊ သန်လျင်မြို့နယ်တွေက ရပ်ကွက်အချို့မှာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်တယ်ဆိုပြီးတော့ ကြေညာထားပါတယ်။


မြို့နယ်တွေမှာရှိတဲ့ (၆၆)ကေဗွီ ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံတွေနဲ့ Distribution Transformer တွေထိန်းသိမ်းပြုပြင်တာ၊ ဟောင်းနွမ်းပြီးဝန်အားမနိုင်တော့တဲ့(၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ဓာတ်အားလိုင်းကြိုးအသစ်တွေ လဲလှယ်မယ်ဆိုပြီးကြေညာထားတာလည်းဖြစ်ပါတယ်။


အဆိုပါ လုပ်ငန်းတွေဆောင်ရွက်မှာဖြစ်တာကြောင့် ယာယီ ဓာတ်အားပြတ်တောက်ရတဲ့အပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးကြေညာထားပါတယ်။

Shwe Burma