မနက် ၉ နာရီ မထိုးခင် လူတိုင်းလုပ်သင့်တဲ့ အရာ (၇) ခု

လူသားတွေ တစ်နေ့တာ လန်းဆန်းတက်ကြွနေစေဖို့ အရေးအကြီးဆုံး အချိန်ဟာ မနက်ခင်း ဖြစ်ပါတယ်။ သင့်ရဲ့ မနက်ခင်းအချိန်တွေသာ ကောင်းမွန်ပြီး လန်းဆန်းတက်ကြွနေမယ်ဆိုရင် သင့်ရဲ့ တစ်နေ့တာကိုလည်း လန်းလန်းဆန်းဆန်း ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ဒီတော့ မနက် ကိုးနာရီမတိုင်ခင် နေ့စဉ်လုပ်သင့်တဲ့ အချက် (၇) ချက်ရှိပါတယ်။ နေ့စဉ် လန်းဆန်းတက်ကြွပြီး သက်ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်နေသူ အများစုဟာ အောက်ပါအချက်တွေကို လုပ်လေ့ရှိပါတယ်။

၁။ နည်းနည်းစောစောထပါ

မိနစ်နှစ်ဆယ်ကနေ နာရီဝက်လောက် စောစောထကြည့်ပါ။ မနက်ပိုင်းကို အနည်းငယ် စောထလိုက်ခြင်းကြောင့် ကားကျပ်တာတွေ၊ လူရှုပ်တွေတာတွေကို သင်ရှောင်လွဲပြီး လုပ်ငန်းခွင် ဝင်နိုင်မှာပါ။ ကားပိတ်တာကို ကြုံရခြင်းက တစ်နေ့တာရဲ့ စိတ်ဖိစီးမှု အစပါပဲ။

၂။ တရားထိုင်ပါ

ဘုရားဝတ်ပြုပါ။ မနက်ခင်းမှာ ဒီလို လုပ်ခြင်းဟာ တစ်နေ့တာ စိတ်ကို ငြိမ်းချမ်းစေတဲ့ အဓိက အရာပါ။ သင်ဘာ ဘယ်ဘာသာဝင်ဖြစ်ဖြစ် စိတ်ကိုငြိမ်အောင်လုပ်တဲ့ တရားထိုင်လေ့ကျင့်ခန်းကို လုပ်နိုင်ပါတယ်။ ဆယ်မိနစ်လောက် အချိန်ယူလုပ်ကြည့်ပါ။

၃။ အကြောလျှော့ပါ

နိုးတာနဲ့ အပျင်းကြော ဆန့်လိုက်ပါ။ အကြောတွေ ဆွဲဆန့်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှု ကောင်းသွားစေပါတယ်။ စနစ်တကျ အကြောလျှော့တာမျိုးလည်း လုပ်ပါ။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို တိုးတက်လာစေပါတယ်။

၄။ ရေတစ်ဖန်ခွက်သောက်ပါ

တစ်ညလုံး ရေမသောက်ထားရတဲ့ သင့်ရဲ့ ခန္ဓာကိုယ်ဟာ မနက်ခင်းမှာ ရေလိုအပ်ပါတယ်။ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ အရင်မသောက်ပါနဲ့။ ရေတစ်ဖန်ခွက်အပြည့်ကို အရင်သောက်ပါ။

၅။ ပေါ့ပေါ့ပါးပါး အရာတွေလုပ်ပါ

မနက်ခင်း အချိန်တိုလေး အတွင်းမှာ လုပ်စရာတွေ အများကြီး မထားပါနဲ့။ စာဖတ်တာ၊ စာရေးတာ၊ အီးမေးလ်စစ်တာ၊ မနက်စာချက်တာ၊ စသဖြင့် အများကြီး မလုပ်ပါနဲ့။ ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် လုပ်နေကျ အရာလေးတွေပဲ အရင်လုပ်ပါ။

၆။ ကိုယ်လက်လှုပ်ရှားပါ

အသက်ကြီးကြီး၊ ငယ်ငယ် ကိုယ်လက်လှုပ်ရှားမှုကို မနက်ခင်းမှာ လုပ်တာ အကောင်းဆုံးပါပဲ။ အနည်းဆုံး ဆယ်မိနစ်လောက် လမ်းလျှောက်တာမျိုး လုပ်ပါ။

၇။ သီချင်းနားထောင်ပါ

သီချင်းနားထောင်ပါ။ လန်းဆန်းတက်ကြွစေမယ့် သီချင်းမျိုးကို ရွေးနားထောင်ပါ။ အဆွေးသီချင်းတွေ ရှောင်ပါ။ အချိန်သိပ်မရရင် အလုပ်သွားတုန်း ကားပေါ်မှာ၊ ရထားပေါ်မှာ သီချင်းနားထောင်သွားပါ။

Shwe Burma