ညဘက်အရက်အလွန်အကျွံသောက်တဲ့အခါ မနက်ပိုင်းမှာ ဘယ်လိုကျန်းမာရေး ဆိုးကျိုးတွေခံစားရမလဲ

ပျော်လို့သောက်တာပဲဖြစ်ဖြစ် ၊ ဝမ်းနည်းလို့သောက်တာပဲဖြစ်ဖြစ် ဘယ်လိုပဲသောက်သောက် အရက်အလွန်အကျွံသောက်သုံးတဲ့အခါ စိတ်ကျရောဂါကိုခံစားလာရနိုင်ပါတယ်။ ဒီအချက်ကိုတော့ Exeter တက္ကသိုလ်နဲ့ UCL မှသုတေသီအဖွဲ့က အရှက်အကြောက်ကြီးတဲ့လူတွေ နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေ အမူးသောက်ပြီးတဲ့အခါဘယ်လိုဖြစ်လဲဆိုတာကိုဆန်းစစ်ခဲ့ကြတာပဲဖြစ်ပါတယ်။

အရှက်အကြောက်ကြီး တဲ့သူတွေဟာ သူတို့ရဲ့အနေခက်မှုတွေကို ဖယ်ရှားဖို့အတွက် အရက်သောက်ရင်းနဲ့ အရက်စွဲသွားတတ်ကြပါတယ်လေ့လာမှုအရ အရှင်အကြောက်ကြီး တဲ့သူတွေဟာ ကိုယ်ကိုယ့်ကိုယုံကြည်မှုရှိတဲ့သူတွေထက်စာရင် စိတ်ကျဝေဒနာခံစားမှုနှုန်းပိုမြင့်နေကြောင်းလည်းတွေ့ရပါတယ်။

ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေကို အရက်နဲ့မျှောချတဲ့အခါ တစ်ခနသာ ပျောက်ကွယ်သွားမှာဖြစ်ပြီး မနက်မှာ ပိုဆိုးတဲ့ စိတ်ကျဝေဒနာကိုခံစားရပါလိမ့်မယ်။ ဗြိတိန်နိုင်ငံမှာဆိုရင်လက်ရှိ အရက်စွဲနေသူပေါင်း ၆ သိန်းကျော်ရှိနေပါတယ်။

အခု ကောက်နှုတ်ထားတဲ့စစ်တမ်းကို လူထုကိုချပြလိုက်တဲ့အခါမှာ ကျန်းမာရေးကို အလေးထားပြီး ဘဝကောင်းမှာနေချင်တဲ့သူတစ်ချို့ကတော့ အရက်ကိုလျော့သောက်လာတာတွေ့ရပါတယ်။ သူတို့ကောက်ယူထားတဲ့စစ်တမ်းကိုတော့ Personality and Individual Differences ဂျာနယ်မှာ “Shyness , Alcohol use disorders and Hangxiety ” ဆိုတဲ့ခေါင်းစဉ်နဲ့ အပြည့်အစုံဖော်ပြထားပါတယ်။

Shwe Burma