ကျွန်တော်တို့မှားယွင်းယုံကြည်ခဲ့မိတဲ့ ဝိတ်ကျစေတဲ့နည်းလမ်းတွေ

တစ်နေ့ထမင်း ၃နပ်မှာ မနက်စာကို များများစားရမယ် ဆိုတဲ့ အယူတွေ အစားနည်းနည်းကို ၆ခါ ခွဲစားမယ် ဆိုတဲ့ အယူတွေကို ကျွန်တော်တို့ ယုံကြည်နေခဲ့ကြပါတယ်။ ဒါတွေအပြင် အခြားမှားယွင်းယုံကြည်နေမိတဲ့ အချက်တွေလည်းရှိပါသေးတယ်။ ဒီအချက်တွေကိုပြု ပြင်နိုင်ဖို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်တယ်နော်။


၁။ အစားလျှော့စားခြင်း
ဒါက ဝိတ်ချဖို့အတွက်အကောင်းဆုံးနည်းလမ်းပါ။ ဒါပေမယ့် ကြာရှည်တော့ ကျန်းမာရေးထိခိုက်ဖို့ များပါတယ်။တချို့တွေကတော့ ဒီလိုအစားအသောက် လျှော့ချလိုက်တာမို့ စွမ်းအင်တွေ မရှိတော့သလိုတောင် ခံစားရတယ်လို့ဆိုပါတယ်။ ဒါကြောင့်အစားလျှော့စားခြင်းထက်အဆီကျနိုင်မယ့် အစားအသောက်တွေ ရွေးစားသောက်ခြင်းက ပိုကောင်းမှာပါ။


၂။ ည ၆ နာရီကျော်ရင် ဘာမှမစားသင့်
မနက်စာကို ဘုရင်ကြီးလိုစားပါ။ နေ့လည်စာကို မင်းသားလေးလိုစားပါ။ ညစာကို ဆင်းရဲသားလိုစားပါဆိုတဲ့ အယူကို သင်တို့သိကြမှာပါ။ ဒါ့အပြင် ည ၆နာရီနောက်ပိုင်း ဘာမှမစားသင့်ဘူး ဆိုတဲ့ အယူလည်းပါ ပါတယ်။ ဒါက လုံးဝတော့မှန်ကန်မှုမရှိပါဘူး။ သင်ဝိတ်တက်တာဟာ သင်စားတဲ့အချိန်နဲ့မဆိုင်ပဲ သင်စားတဲ့ အစားအသောက်ထဲ ကယ်လိုရီပါဝင်မှုနဲ့ သက်ဆိုင်တာပါ။ ဒါ့ကြောင့် ကယ်လိုရီတွေလောင်ကျွမ်းဖို့ကဝိတ်ကျဖို့ အဓိကဆိုတာ သိသင့်ပါတယ်နော်။

၃။ နည်းနည်းလေးကို အကြိမ်ကြိမ်စား
အကြိမ်များများနဲ့ နည်းနည်းစီ စားသောက်ခြင်းက ဝိတ်ကျစေမယ်ဆိုတဲ့ အဆိုကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ သုတေသီတွေကတော့ တစ်နေ့ ၃ ကြိမ်ထက်ပိုစားတဲ့ သူတွေက အလေးချိန်ပိုတက်တယ်ဆိုပြီး ထုတ်ပြန်ထားတာကို တွေ့ရမှာပါ။


၄။ gym ကို မကြာမကြာသွားခြင်း
Gym နဲ့ ပတ်သက်ရင်တော့ သင့်ရဲ့လေ့ကျင့်မှုနဲ့သာဆိုင်ပြီး အချိန်ကြာကြာ သွားခြင်းနဲ့ မဆိုင်ပါဘူး။ တစ်နေ့gym ၄ နာရီလောက်သွားအချိန်ဖြုန်းခြင်းထက် ၁၅ မိနစ်ထိထိရောက်ရောက် ပြုလုပ်တာက ပို အကျိုးသက်ရောက်မှု ရှိမှာပါ။


၅။ လေ့ကျင့်မှုကို ဆက်တိုက်လုပ်ခြင်း
အမှန်တော့ သင့်အနေနဲ့ မိနစ် ၃၀ တစ်ခါ လေ့ကျင့်မှုကို ခေတ္တအနားယူသင့်ပါတယ်။ ဒါ့ဟာလည်း လေ့လာတွေ့ရှိမှုတွေအရ ပြောကြားချက်ဖြစ်ပြီး ပြု ပြင်သင့်တဲ့အချက်တစ်ချက်ပါနော်။


၆။ မဝချင်ရင် အဆီလုံးဝမစားနဲ့
ဒါက မှန်ကန်တဲ့အချက်မဟုတ်ပါဘူး။ သင် အဆီကျချင်တာနဲ့ အဆီပါတဲ့အစားအသောက်တွေ လုံးဝမစားရဘူးလို့ မဆိုလိုပါဘူး။ သင့်အနေနဲ့ အစားအသောက် ချင့်ချိန် စားသုံးတာ အဆင်ပြေမှာပါ။


၇။ အသက်ကြီးရင်ပိုဝလာမယ်
သင်က ကျန်းမာရေးလိုက်စားမယ်ဆိုရင်တော့ အသက်ကြီးလာလည်း သင့်အလေးချိန်တက်မလာပါဘူး။ အချိန်မှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ပုံမှန် ခန္ဓာကိုယ်ကိုထိန်းသိမ်းပေးသွားမှာပါ။


၈။ သင်နာကျင်ကိုက်ခဲမှ ပိုထိရောက်မယ်
တချို့ကတော့ ဒီနေ့လေ့ကျင့်ခန်းလုပ်ကာ မနက်ဖြန်မထနိုင်ရင် ဒါဟာ ထိရောက်တယ်လို့ ထင်ကြပါတယ်။အမှန်တော့ ဒါကလုံးဝမှားယွင်းပါတယ်။ ဒီလိုကိုက်ခဲမှုမျိုးက သင်လေ့ကျင့်ခန်းစစလုပ်ခြင်းမှာတော့ ခံစားရမှာဖြစ်ပြီး gym မှာ ပြင်းပြင်းထန်ထန် လေ့ကျင်သူတွေလည်း ကိုက်ခဲမှု အနည်းငယ် ခံစားရနိုင်ပါတယ်။

၉။ လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ခြင်း
ဒါကလည်း လုံးဝမှားယွင်းတဲ့အချက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့တာက ပိုမို ဝိတ်တက်စေပါတယ်။ ဒါ့ကြောင့် သင့် ကြွက်သားတွေ အနားယူချိန်ရောက်မှ အကြောလျှော့တာအကောင်းဆုံးပါ။


၁၀။ ဝိတ်ချပြီးနောက် စားချင်တာစား
ဒါကလည်းမှားယွင်းတဲ့အချက်ပါပဲ။ သင်ဝိတ်ချခဲ့ပေမယ့် နမော်နမဲ့ ထက်စားရင်တော့ ပြန်ဝိတ်တက်မှာအမှန်ပါ။ ဒါ့ကြောင့် ချင့်ချိန်စားသုံးဖို့တော့ လိုမယ်ထင်ပါတယ်။ ဒါဟာ သင့်ရဲ့ အင်ဆူလင် ဟော်မုန်း level ကိုထိန်းသိမ်းဖို့ဖြစ်ပါတယ်။ ဥပမာ သင်သောက်နေကျCappuccino အစား ကော်ဖီအလွတ် တစ်ခွက် သောက်လိုက်တာ ပိုကောင်းတယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။


ဒါ့ကြောင့် အပေါ်မှာ ကျွန်တော်ဖော်ပြပေးတဲ့ အချက်တွေကို လိုက်နာရင်း ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

Shwe Burma