ပြည်ရွှေဆံတော်ဘုရားတွင် တာဝန်ကျရဲမေနှင့် အချင်းများခဲ့သည့် ရဲအရာရှိဇနီးအပါအဝင် သုံးဦးကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ပြည်မြို့ ရွှေဆံတော်စေတီ တော် ဗုဒ္ဓမြတ်စွယ်တော်တိုက်အ တွင်း ရဲမေနှင့် ရန်ဖြစ်သည့် အမျိုး သမီးသုံးဦးကို အမှုဖွင့်အရေးယူ ထားကြောင်း ပြည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၃ ရက် ညက ဗုဒ္ဓမြတ်စွယ်တော်ဖူးမြော်ရန် လာ သည့်အမျိုးသမီးလေးဦးတွင် နှစ် ဦးသည် စကတ်အတို ဝတ်ဆင်လာ သဖြင့် တာဝန်ကျရဲမေနှစ်ဦးက တားမြစ်ရာမှ စတင် အချင်းများခဲ့ သည်။

အများသူငါသွားလာသော နေရာတွင် ယူနီဖောင်းအပြည့်အစုံဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲမေနှစ်ဦးကို ဘုရားဖူးအမျိုးသမီး သုံးဦးက ရာဇဝတ်မကင်းသော အနိုင်အထက်ပြုခြင်းကို ဝိုင်းဝန်း ပြုလုပ်သောကြောင့် ရဲမေတစ်ဦး ၌ ဦးခေါင်းနာကျင်ဒဏ်ရာနှင့် နောက်တစ်ဦးတွင် လက်နာကျင် ဒဏ်ရာရရှိပြီး ပြည်ဆေးရုံ၌ ပြင်ပလူနာအဖြစ် ကုသခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲမေတစ်ဦးက တရားလိုပြုလုပ် တိုင်ကြားသဖြင့် ရန်ဖြစ်ခဲ့သည့် အသက်(၂၇)နှစ်၊ (၃၄)နှစ်နှင့် (၃၉)နှစ်အရွယ် အမျိုးသမီးသုံးဦး ကို တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ နာကျင်စေမှုနှင့် ပူးပေါင်းပါဝင်မှု တို့ဖြင့် နိုဝင်ဘာ ၂၆ ရက်ညတွင် ပြည်မြို့မရဲစခန်း၌ အမှုဖွင့်အရေး ယူခဲ့ပြီး အမြန်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေသည်ဟုလည်း ပါ ရှိသည်။ စွယ်တော်တိုက်အတွင်း ဘုရားဖူး အမျိုးသမီးအချို့နှင့် ရဲမေတို့ ရန်ဖြစ်သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။ ရန်ဖြစ်သည့် ဘုရားဖူး အမျိုးသမီးများတွင် ရဲအရာရှိဇနီး ပါဝင်နေသဖြင့် ရဲမေများက အမှုဖွင့်လိုသော်လည်း ဖိအားများရှိ နေပြီး အမှုဖွင့်ခွင့်မရကြောင်း ဝေ ဖန်ရေးသားမှုများရှိခဲ့သည်။

လုံခြုံရေးကင်မရာရှိ ဗီဒီယို မှတ်တမ်းတွင် ပန်းပွင့်အဝါကျား ပါ သင်္ကြန်ရေစိုအရောင်ဝမ်းဆက် ဝတ်ဆင်ထားသော စတင် စကားများသူသည် ရဲအုပ်ဇနီး ဒေါ်ခင်ခင်ဌေး၏ အစ်မဖြစ်ပြီး ဗီဒီယိုဖိုင်ကို ကြည့်ရှုသူများက ရဲမေနှင့် စတင်စကားများသည့် အမျိုးသမီးကို ဒေါ်ခင်ခင်ဌေးအ ဖြစ် အထင်လွဲနေကြောင်း အမှု ဖွင့်ခံရသည့် အမျိုးသမီးသုံးဦးက ရှင်းပြသည်။

ကျောက်တံခါးမြို့နယ် တော ကျွဲအင်းနယ်မြေရဲစခန်း ရဲအုပ် ဇနီး ဒေါ်ခင်ခင်ဌေးသည် ပန်းရောင်ဝမ်းဆက်ဝတ်ဆင်ထားပြီး ဆံပင်အပေါ်ပိုင်းကို စည်းကာ တစ်ဝက်ကို ကျောလယ်အထိ အရှည်ချထားသူဖြစ်သည်။ ဒေါ်ခင်ခင်ဌေး ၏တူမသည် ဆံပင်ကုပ်ဝဲနှင့် ဒူးအောက်ဂါဝန်ပန်းရောင်ဝတ်ဆင် ထားပြီး ဒေါ်ခင်ခင်ဌေး၏အိမ်အ ကူသည် ဒူးအောက် ဂါဝန်အနက် ရောင်ဝတ်ဆင်ထားကာ ရဲမေ၏ တားမြစ်ခြင်းခံရသူဖြစ်ကြောင်း အဆိုပါအမျိုးသမီးသုံးဦးက ရှင်း ပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ခင်ခင်ဌေး၊ ၎င်း၏အစ်မနှင့် တူမဖြစ်သူတို့ကို အမှုဖွင့်ထား သည်။

အမှုဖွင့် အရေးယူခံရသူ ဒေါ်ခင်ခင်ဌေးက ‘‘ရဲအရာရှိက တော်က ဆံပင်ဆွဲပါးရိုက်တယ် လို့ ပြောဆိုနေကြတာမဟုတ်ပါ ဘူး။ အရာရှိကတော်လို့လည်း မပြောပါဘူး။ ကျွန်မက စွယ်တော် ဖူးဖို့ ရှေ့ရောက်နှင့်ပြီးသားပါ။ နောက်ပြန်ကြည့်တဲ့အခါ အစ်မ ဖြစ်သူနဲ့ ရဲမေနှစ်ဦးစကားများနေ တာကို ဝင်ရောက်ဆွဲတာ၊ ခွဲတာ ပဲ ရှိပါတယ်’’ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး နိုဝင်ဘာ ၂၅ ရက်က ဂေါပက လူကြီးများနှင့် ရဲမေတို့ကို ဝန်ချ တောင်းပန်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ကျေအေးခဲ့ကြောင်း ၎င်းက ပြော သည်။

ဖြစ်စဉ်တွင် ရဲအရာရှိ၏ဇနီး ပါဝင်နေသဖြင့် အမှုဖွင့်လိုသော် လည်း ဖိအားများရှိကြောင်း ဝေဖန်ကြခြင်းနှင့်ပတ်သက်၍ ပြည်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်း အောင်က ‘‘ဒီဖြစ်စဉ်မှာ အမှုမဖွင့်ဖို့ ကျွန်တော်က ဖိအားပေးတယ် ဆိုတာ မဟုတ်ပါဘူး။ ရဲမေတွေဆို တာ ကိုယ့်သားသမီးတွေလိုပါပဲ လေ။ ပွဲတော်ကြီးကာလတစ် လျှောက်လုံး ပြည်မြို့ရဲ့ ဘယ်အ ရာကိုမှ မထိခိုက်ရအောင် ဖြစ် စဉ်ကို အကောင်းဆုံးဖြစ်အောင် စေတနာနဲ့ ဆောင်ရွက်ခဲ့တယ်၊ အားလုံးလည်း အဆင်ပြေ ပြီးစီး သွားခဲ့ပေမယ့် ဆိုရှယ်မီဒီယာပေါ် ကနေ ကျွန်တော့်ကို မဟုတ်တာ တွေနဲ့ပါ တိုက်ခိုက်တာခံရတော့ စိတ်မကောင်းစရာပါ။ ပြင်ပမှာ ကျေအေးပြီးသားဆိုသော်လည်း အမှုဖွင့်တာကတော့ ဖွင့်လို့ရပါ တယ်’’ဟု ပြောသည်။

Shwe Burma