ဆီးရီးယားမှ အီရန်တပ်များဆုတ်ခွာပါက ပြည်ပတပ်များအားလုံးထွက်ခွာမည်ဟု အမေရိကန်ပြော

ဆီးရီးယားနိုင်ငံမှ အီရန်တပ်များဆုတ်ခွာ သည်နှင့်တစ်ပြိုင်နက် ယင်းနိုင်ငံအတွင်းရှိ ပြည်ပတပ်များအားလုံးထွက်ခွာ မည်ဟု ဆီးရီး ယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျိမ်းဖရန်ကလင်ဂျက်ဖရီကပြောသည်။

သို့သော် ရုရှားစစ်ဘက်အနေဖြင့် ဆီးရီးယား လက်နက်ကိုင်ပဋိပက္ခများစတင်ဖြစ်ပွားသည့် ၂ဝ၁၁ ခုနှစ်မတိုင်မီက တည်းက ယင်းနိုင်ငံ အတွင်း စစ်အခြေစိုက်စခန်းများဖွင့်လှစ်ထား ခြင်းကြောင့် နိုင်ငံအတွင်းမှထွက်ခွာမည် မဟုတ်ဟု ၎င်းကဆက်ပြောသည်။ အလားတူ အမေရိကန်အစိုးရအနေဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်သွေးကြွများကို အပြီးသတ်ချေမှုန်း ရန်နှင့် လက်နက်ကိုင်ပဋိပက္ခကိုနိုင်ငံရေးအရ ဖြေရှင်းရန် ဆက်လက်ပါဝင်သွားမည်ဖြစ် ကြောင်း၊ ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို ရာထူးမှဖြုတ်ချရေးသည် အမေရိကန်အစိုးရ ၏အလုပ်မဟုတ်ကြောင်း ဂျိမ်းဖရန်ကလင် ဂျက်ဖရီကပြောသည်။

အီရန်နိုင်ငံသည် ၎င်းတို့၏ စစ်ရေးအကြံ ပေးများကိုသာ ဆီးရီးယားအစိုးရ၏တောင်းဆိုချက်အရ ယင်းနိုင်ငံသို့ စေလွှတ် ထားခြင်းဖြစ် သည်ဟုတုံ့ပြန်ထားပြီး အဆိုပါစစ်ရေးအကြံ ပေးများကို ဆီးရီးယားကလိုအပ်သည့်အချိန် အထိ ဆက်လက်ထားရှိမည်ဟု အတည်ပြုထားသည်။

အမေရိကန်တပ်များသည် လက်ရှိတွင် ကာ့တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများအတွင်း၌လှုပ်ရှားလျက်ရှိပြီး ၎င်းတို့၏ လုပ်ဆောင်မှုသည် ကုလသမဂ္ဂကတရားဝင် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်းမရှိသလို ဆီးရီးယား အစိုးရ၏ သဘောတူခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သိရ သည်။

Shwe Burma