တောင်တရုတ် ပင်လယ်အတွင်း ဂျပန်ရေငုပ်သင်္ဘောရဲ့ စစ်ရေးလေ့ကျင့်မှု တရုတ်နဲ့ ဆက်ဆံ ရေးကို စိန်ခေါ်မှုဖြစ်စေမလား

ဂျပန်ရေငုပ် သင်္ဘောတစ်စင်းဟာ တောင်တရုတ် ပင်လယ် အတွင်းဝင်ပြီး ကျန်ရေတပ် စစ် သင်္ဘောတွေနဲ့ ပူးပေါင်းစစ်ရေး လေ့ကျင့်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက စက် တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဂျပန်ရေတပ်မှ ကူရိုရှီယို အမည်ရှိ ရေငုပ်သင်္ဘောဟာ တောင်တရုတ် ပင်လယ်အတွင်းမှာ ကာဂါ အမည်ရှိ ရဟတ်ယာဉ်တင် သင်္ဘော အပါအဝင် ဖျက်သင်္ဘော သုံးစင်းနဲ့ပူးပေါင်းပြီး စက်တင်ဘာ ၁၃ ရက်မှာ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီစစ်ရေး လေ့ကျင့်ခန်းမှာ ကူရိုရှီယိုရေငုပ် သင်္ဘောဟာ တခြားသင်္ဘောနဲ့ ရဟတ်ယာဉ် တွေရဲ့ ရှာဖွေချေမှုန်းမှု မခံရအောင် စစ်ကစားတဲ့ လေ့ကျင့်ခန်းနဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်ခန်းတို့ကို လေ့ကျင့်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်တရုတ် ပင်လယ် အတွင်းမှာ ရှိတဲ့ တရုတ်နိုင်ငံရဲ့စစ်အခြေစိုက် စခန်းတွေကနေ အလွန်ကွာဝေးတဲ့နေရာမှာ လေ့ကျင့်ခဲ့ တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရေငုပ်သင်္ဘောတွေဟာ သာမန်စစ် ရေယာဉ်တွေထက် ရန်သူကိုပိုမို ခြိမ်းခြောက် နိုင်တာကြောင့် အခုလိုတောင် တရုတ်ပင်လယ်ထဲ အထိဝင်ပြီး စစ်ရေး လေ့ကျင့်တာဟာ တရုတ် နိုင်ငံအတွက် စိတ်ဆိုး ဒေါသထွက်စရာဖြစ်စေပါတယ်။

အဲဒီနောက် ကူရိုရှီယို ရေငုပ်သင်္ဘောဟာ ဗီယက်နမ်နိုင်ငံ ကမ်ရန်ဘေး ရေတပ်အခြေစိုက် စခန်းသို့ ချစ်ကြည်ရေး ခရီးဆက်သွားပါတယ်။ အခုလို ချစ်ကြည်ရေး ခရီးသွားခြင်းဟာလည်း ဂျပန်ရေငုပ် သင်္ဘောတစ်စင်းအတွက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဗြိတိန်ရေတပ်မှ ကမ်းထိုး တိုက်ရေယာဉ်တစ်စင်းက တောင်တရုတ် ပင်လယ်အတွင်း တရုတ် နိုင်ငံက ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောထားတဲ့ ကျွန်းအနီးကနေ မကြာသေးမီက ဖြတ်သန်း သွားလာပြီးနောက် ဂျပန်ရေတပ်က အခုလို စစ်ရေး လေ့ကျင့်ခန်းကိုလုပ်ခြင်း လည်းဖြစ် ပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံသို့ ဂျပန် ရေငုပ်သင်္ဘောက အလည်အပတ် သွားခြင်းဟာ ဆိုရင်လည်း အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေက ဗီယက်နမ်နဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ အစဉ်တစိုက် လုပ်ဆောင်နေတယ် ဆိုတာကို ပြသခြင်းဖြစ်ပါတယ်။

”ဂျပန်အစိုးရက အခုလို လုပ်ဆောင်ရတာဟာ တရုတ်နိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေကို မဟာ ဗျူဟာမြောက် သတင်းစကား ပါးလိုတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အင်အားချိန်ခွင်လျှာ ကိုညီ မျှအောင်ထိန်းသိမ်းလိုတဲ့ ဂျပန်အစိုးရရဲ့ ဆန္ဒကိုလည်း ထုတ်ဖော်ပြသရာ ရောက်ပါတယ်” လို့ ဂျပန်နိုင်ငံမှ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အထူးပြု လေ့လာသူ ပါမောက္ခ နာရူရှီ ဂါမီ ချီရှီတာကပြောပါတယ်။

”ဂျပန် ရေငုပ်သင်္ဘောက အခုပြုလုပ်တဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်ခန်းဟာ အလွန် အရေးပါပါတယ်။ ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင် သုံးရေ ငုပ်သင်္ဘောတွေက ပဲ့ထိန်းဒုံးကျည်များကိုပင် ပစ်ခတ်နိုင်တာ ကြောင့်ဖြစ်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ဂျပန်ရဲ့ ရေတပ်စစ်ရေး လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ဂျပန်အစိုးရကို တိုက်ရိုက် အပြစ်မတင် ထားပေမယ့်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂန်ရှောင် ကတော့ ”တောင်တရုတ် ပင်လယ် ဒေသအပြင်ဘက်မှာ ရှိတဲ့နိုင်ငံတွေအနေနဲ့ ကိစ္စရပ်တိုင်း ကို သေသေချာချာနဲ့ ဂရုတစိုက် လုပ်ဆောင်သင့်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် ရေးကို ထိခိုက်ပျက်စီးစေမယ့် အပြုအမူမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တောင်တရုတ် ပင်လယ်အတွင်း အငြင်းပွားမှုတွေကို ဖြေရှင်းမှုမှာ တိုးတက်မှုများ ရရှိထားပြီး တရုတ်နိုင်ငံအနေနဲ့ ဒီအငြင်းပွားမှုတွေကို ဆက်လက်ဖြေရှင်းဖို့ သက်ဆိုင်ရာ အရှေ့တောင်အာရှ နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အခုလို ဂျပန်ရေတပ်ရဲ့ တောင်တရုတ် ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုဟာမကြာ သေးမီ က ရရှိထားတဲ့ နှစ်နိုုင်ငံအကြား ဆက်ဆံရေး တိုးတက်မှုကိုလည်း ရှုပ်ထွေး စေနိုင်ပါတယ်။ အခု လအစောပိုင်းက ရုရှားနိုင်ငံမှာ လုပ်တဲ့ စီးပွားရေး ဖိုရမ်တစ်ခုမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး အောက်တိုဘာလမှာ တရုတ်နိုင်ငံကို အလည် အပတ် လာမယ်လို့ ရှင်ဇိုအာဘေးက ပြောထားပါတယ်။ ဒါပေမဲ့ အခုလို စစ်ရေး လေ့ကျင့်မှုကြောင့် ရှင်ဇိုအာဘေးရဲ့ တရုတ်နိုင်ငံသို့ ခရီးစဉ်ဟာ ဆက်လက်တည် ရှိနေဆဲ လား ဆိုတာကိုတော့ ဒီနေ့အထိအတိ အကျမသိရသေးပါဘူး။

တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်အတွင်းမှာ စစ်ရေးအင်အား တည်ဆောက်တဲ့အနေနဲ့ ကျောက်တန်းများ အပေါ်မှာ ကျွန်းတုများ တည်ဆောက်ခြင်းနဲ့ အခြေစိုက်စခန်းတွေမှာ ဒုံး ကျည်များနဲ့ ရေဒါများ တပ်ဆင်ခြင်းကို နှစ်ပေါင်းများစွာ ကြာအောင်လုပ်ဆောင် ခဲ့တာဖြစ်ပါ တယ်။ ပြီးခဲ့တဲ့မေလမှာ တရုတ်လေတပ်က ၎င်းတို့ရဲ့မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တစ်စင်းဟာ တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်း အပေါ်ကို အောင်မြင်စွာ ဆင်း သက်နိုင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံက ဒီလိုလုပ်ဆောင် နိုင်ခြင်းကို အမေရိကန်နဲ့ ဂျပန်တို့က စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် ရေတပ်မှ စစ်ရေယာဉ်နှစ်စင်းဟာ တောင်တရုတ်ပင်လယ် အတွင်း တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောထားတဲ့ ကျွန်းစုရဲ့ ရေမိုင် ၁၂ မိုင် အတွင်း ကနေ ဖြတ်သန်းခုတ်မောင်းခဲ့တယ် လို့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ကြေညာခဲ့ပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး ရန်စတဲ့လုပ် ရပ်ဖြစ်တာကြောင့် ဒီလို လုပ်ရပ်မျိုးကို ရပ်တန့်ဖို့ တရုတ်က သတိပေးခဲ့ပါတယ်။

အဲဒီနောက် သြဂုတ် ၃၁ ရက်မှာ ဗြိတိန် စစ်သင်္ဘောက အမေရိကန်လိုပဲ တောင်တရုတ် ပင်လယ် အတွင်း ဝင်ပြီးဖြတ်သန်းခုတ်မောင်း ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်စစ် သင်္ဘောတွေ ဟာလည်း အလားတူ လုပ်ဆောင်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်မှုတွေ အားလုံး ကို တရုတ် အစိုးရက ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံက တောင်တရုတ်ပင်လယ် အတွင်း မှာ အခုလိုမျိုး ရေငုပ်သင်္ဘောနဲ့ စစ်ရေးလေ့ကျင့်တာဟာ မဟာမိတ်နိုင်ငံတွေရဲ့လမ်း စဉ်အ တိုင်း ကျင့်သုံးလာသလိုဖြစ်နေပါတယ်။ ဒါကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုအနည်း ငယ်ပြေ လျော့လာတဲ့ အခြေအနေမှာ ဂျပန်နိုင်ငံရဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို စိန်ခေါ် လိုက်သလို ဖြစ်နေပါတော့တယ်။

Shwe Burma