ရုရှား၏ ပ ဉ္စမမျိုးဆက်တိုက်လေယာဉ်တွင် AI စွမ်းဆောင်ရည်များပါဝင်လာမည်

ရုရှားနိုင်ငံထုတ် ပ ဉ္စမမျိုးဆက်တိုက်လေ ယာဉ်ဖြစ်သော SU-57 တွင် အဆင့်မြှင့်တင် ထားသောမှတ်ဉာဏ်တုနည်းပညာ(AI)စွမ်း ဆောင်ရည်များပါဝင်လာမည်ဖြစ်သည်ဟု အဆိုပါ လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်ဟု Sputnik သတင်းဌာနက သြဂုတ် ၂၄ ရက်တွင် ဖော်ပြ ထားသည်။

ယခုကဲ့သို့ AI စွမ်းဆောင်ရည်များထည့် သွင်းတပ်ဆင်လာနိုင်ခြင်းသည် နောက်ထပ် မျိုးဆက် သစ်တိုက် လေယာဉ်များကို မောင်းသူမဲ့အဖြစ်ထုတ်လုပ်နိုင်ရေးအတွက် နောက် တစ်ဆင့် ပိုမိုနီးကပ်လာခြင်းဖြစ်သည်ဟု ထိုတာဝန်ရှိသူကပြောသည်။

ဆူခွိုင်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက အဆိုပါ SU-57 ကိုယ်ပျောက်တိုက်လေယာဉ် နှစ်စင်းကို ရုရှားတပ်မတော်သို့လွှဲပြောင်းပေး သွားမည်ဖြစ်သည်။ ထိုသို့လွှဲပြောင်းပေးရန် အတွက် ကန်ထရိုက်စာချုပ်ကို မော်စကိုမြို့ အနီးရှိ ကူဘင်ကာမြို့၌ကျင်းပသော Army-2018 စစ်ဘက်နည်းပညာဖိုရမ်၌ သြဂုတ် ၂၂ ရက်တွင်လက်မှတ်ထိုးလိုက်ခြင်းဖြစ်သည်။

ဘက်စုံသုံးတိုက်လေယာဉ်အမျိုးအစား ဖြစ်သည့် SU-57 ၏ ပထမဆုံးအကြိမ်စမ်း သပ်ပျံသန်းမှုကို ၂ဝ၁ဝ ပြည့်နှစ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ထိုတိုက်လေယာဉ်တွင် အပြည့်အဝ အလိုအလျောက် ထိန်းချုပ်မှုနှင့် လက်နက် လမ်းညွှန်စနစ်များလည်း ပါဝင်လာ မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

ထို့ပြင် SU-57 တိုက်လေယာဉ်နှစ်စင်းကို ဆီးရီးယားစစ်မြေပြင်၌ တိုက်ပွဲဝင်စမ်းသပ်မှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ယူနိုက်တက်အဲခရက်ကော်ပိုရေးရှင်းဥက္ကဋ္ဌ ယူရီစလူဆာကပြောထားသည်။ ဆက်လက် ပြီး မကြာသေးမီကအောင်မြင်စွာစမ်းသပ်ပစ် ခတ်နိုင်ခဲ့သည့် နောက်ဆုံးပေါ်နည်းပညာမြင့် ဒုံးကျည်များကိုလည်း SU-57 နှင့်အတူအသုံး ပြုသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂျီရွိုင်ဂူက ပြောထားသည်ဟု သိရသည်။

Shwe Burma