မနက် ၉ နာရီ မထိုးခင် လူတိုင်းလုပ်သင့်တဲ့ အရာ (၇) ခု

လူသားတွေ တစ်နေ့တာ လန်းဆန်းတက်ကြွနေစေဖို့ အရေးအကြီးဆုံး အချိန်ဟာ မနက်ခင်း ဖြစ်ပါတယ်။ သင့်ရဲ့ မနက်ခင်းအချိန်တွေသာ ကောင်းမွန်ပြီး လန်းဆန်းတက်ကြွနေမယ်ဆိုရင် သင့်ရဲ့ တစ်နေ့တာကိုလည်း လန်းလန်းဆန်းဆန်း ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ဒီတော့ မနက် ကိုးနာရီမတိုင်ခင် နေ့စဉ်လုပ်သင့်တဲ့ အချက် (၇) ချက်ရှိပါတယ်။ နေ့စဉ် လန်းဆန်းတက်ကြွပြီး သက်ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်နေသူ အများစုဟာ အောက်ပါအချက်တွေကို လုပ်လေ့ရှိပါတယ်။ ၁။ နည်းနည်းစောစောထပါ မိနစ်နှစ်ဆယ်ကနေ နာရီဝက်လောက် စောစောထကြည့်ပါ။ မနက်ပိုင်းကို အနည်းငယ် စောထလိုက်ခြင်းကြောင့် ကားကျပ်တာတွေ၊ လူရှုပ်တွေတာတွေကို… ဆက်လက်ဖက်ရှုရန်

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ မီးပြတ်မည်

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နဲ့ မြို့နယ်တွေမှာ ဓာတ်အားလိုင်းကြိုးအသစ်လဲလှယ်တာ၊ ဓာတ်အားခွဲရုံတွေ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းတွေ လုပ်မှာဖြစ်တာကြောင့် ဒီဇင်ဘာ ၂၇ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ မြို့နယ် ၁၆ မြို့နယ်မှာ မီးယာယီပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။ ကမာရွတ်၊ မရမ်းကုန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ အလုံ၊ လှိုင်၊ လသာ၊ ဗဟန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊… ဆက်လက်ဖက်ရှုရန်

လက်နက်ကိုင်ရန် ကြောက်နေရတဲ့ နမ္မတူ ဒေသခံများ

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ရှမ်းနဲ့ ပလောင် လက်နက်ကိုင် နှစ်ဖွဲ့ကြား တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေ အတော မသတ်နိုင်သေးလို့ မအေးချမ်း၊ မတည်ငြိမ်တဲ့ အငွေ့အသက်တွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ရှမ်းမြောက်ဒေသက တောင်ကုန်း တောင်တန်းတွေပေါ် ရောက်ရှိလာတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့များကို တိုက်ထုတ်နေတဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား စစ်ရေး လှုပ်ရှားမှုတွေကလည်း ရှုပ်ထွေးနေဆဲပါ။ RCSS နဲ့ TNLA တို့ကြား… ဆက်လက်ဖက်ရှုရန်

ဘာစီလိုနာသို့ နေမာ ပြန်လာရန် ဆုတောင်းနေကြောင်း အာသာ ဖွင့်ဟ

ဘာစီလိုနာကွင်းလယ်လူ အာသာက ဘရာဇီးလ်အသင်းဖော် နေမာအား ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာရန် ဆုတောင်းနေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်အသင်းခေါင်းဆောင် နေမာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်နွေရာသီအပြောင်းအရွှေ့က PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ သို့သော် နေမာသည် PSG အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်ပြင်ဆင်နေသည်ဟု ဥရောပ မီဒီယာအများအပြားက ဖော်ပြနေကြသည်။ အာသာက ” နေမာ အနေနဲ့ ဘာစီလိုနာအသင်းကို ပြန်လာပါစေလို့ ကျွန်တော်ဆုတောင်းနေပါတယ်။… ဆက်လက်ဖက်ရှုရန်

ပရီးမီယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ပါဝင်နေဆဲဟု ယာဂန်ကလော့ပ်ပြောကြား

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ယခုရာသီပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မည်သည့်အသင်းမှ အာမခံချက်မရှိကြောင်းနှင့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့မှာလည်း ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နှင့် (၅) နေရာတို့တွင် ရပ်တည်နေသည့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့မှာ ပွဲစဉ် (၁၇) အပြီး၌ ထိပ်ဆုံးမှ လီဗာပူးလ်နှင့် (၁၁) မှတ်အထိကွာဟနေသော်လည်း ကလော့ပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကလော့ပ်က ”ချန်ပီယံလမ်းကြောင်းကနေ ထိပ်တန်းအသင်းတွေ သွေဖယ်သွားပြီလို့ ကျွန်တော်ကတော့ မထင်ပါဘူး။ စပါးအသင်းနည်းပြ ပိုချက်တီနိုက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်… ဆက်လက်ဖက်ရှုရန်

ထိန်းသိမ်းခံထားရသော တရုတ်လူ့အခွင့်အရေး ရှေ့နေ၏ဇနီး တရားခွင်သို့ သွားရောက်ခွင့် တားမြစ်ခံရ

နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရသော တရုတ်လူ့အခွင့်အရေးရှေ့နေ ဝမ်ကွမ်ကျန်၏ ဇနီးအား တရုတ်အာဏာပိုင်များက တရားခွင်သို့ သွားရောက်ခွင့် တားမြစ်ခဲ့ကြောင်း လူမှုမီဒီယာ WeChat တွင် ဇနီးဖြစ်သူ လီဝမ်ကျူက ရေးသားခဲ့သည်။ ခင်ပွန်းဖြစ်သူအား ကာလအကန့်အသတ်မရှိ ထိန်းသိမ်းထားမှုကို ကန့်ကွက်သည့်အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်တွင် ခေါင်းရိတ်ဆန္ဒပြခဲ့သော လီဝမ်ကျူက ပေကျင်းရှိ နေအိမ်အပြင်ဘက်တွင် ဒီဇင်ဘာ ၂၅ ရက်က လုံခြုံရေး ၂၀ ကျော်ကို တွေ့ခဲ့ကြောင်း၊ ယင်းတို့ထဲမှတစ်ဦးက ထျန်ကျင်းသို့မသွားရန် ၎င်းအား တားမြစ်ခဲ့ကြောင်းပြောကြားခဲ့သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် မြေသိမ်းခံရသူများအတွက် ရှေ့နေလိုက်ပေးသော ဝမ်ကွမ်ကျန်သည် ၂၀၁၆… ဆက်လက်ဖက်ရှုရန်

အမေရိကန်ထံမှ ဒုံးဝယ်ယူမှုသည် ရုရှားမှ S – 400 ဝယ်ယူမည့်အပေါ် သက်ရောက်မှုမရှိဟု တူရကီပြောကြာ

အမေရိကန်ထံမှ ဒေါ်လာ ၃.၅ ဘီလျံဖိုး ဒုံးများကို တူရကီက ဝယ်ယူခြင်းသည် ပြိုင်ဘက်ရုရှားထံမှ S – 400 ဒုံးများအား ဝယ်ယူရန် သဘောတူညီချက်ကို ထိခိုက်မည် မဟုတ်ကြောင်း တူရကီသမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ “အမေရိကန်ရဲ့ ပက်ထရီရော့ဒုံး ဝယ်ယူမှုဟာ S – 400 ကိစ္စကို သက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး။ ဒီနှစ်ခုကို ရွေးချယ်ရမယ့် အရာလို့ ကျွန်တော်တို့ မမြင်ပါဘူး” ဟု ပြောခွင့်ရပုဂ္ဂိုလ် အီဘရာဟင်ကာလင်က ပြောကြားခဲ့သည်။… ဆက်လက်ဖက်ရှုရန်

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲပြီးနောက် ဆူနာမီဖြစ်ပေါ်ခဲ့ရာ လူ ၂၂၂ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဒါရေလက်ကြားဝန်းကျင်မှ နာမည်ကျော်ကမ်းခြေများသို့ ကြိုတင်သတိ ပေးချက်မရှိဘဲ ဆူနာမီလှိုင်းလုံးကြီး ဝင်ရောက်ရိုက်ခတ်ခဲ့ရာ လူ ၂၂၂ ဦးထက် မနည်းသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။ အာနက် ခရာကာတိုအာ (ဒဏ္ဍာရီလာ ခရာကာတိုအာ၏ ရင်သွေးဟု အဓိပ္ပာယ်ရ) မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် ဒေသစံတော် ချိန်ည ၉နာရီခွဲခန့်အချိန်က ဆူမတ်တြားတောင်ပိုင်းရှိ ကမ်းရိုးတန်းနှင့် ဂျာဗား အနောက်ဘက်စွန်းသို့ ဆူနာမီလှိုင်းလုံးဝင် ရောက်ခဲ့ခြင်းကြောင့် အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ရသည်ဟု… ဆက်လက်ဖက်ရှုရန်

မြန်မာပြည်၌ထုတ်သောအရက်အချို ့တွင် ယူရီးယားဓာတ်မြေသြဇာ အသုံးပြုမှုရှိနေဟု စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဆို

မြန်မာပြည်တွင် ထုတ်လုပ်သောအရက်အချို့တွင် ယူရီးယားဓာတ်မြေသြဇာ အသုံးပြုမှုတို့ရှိနေကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ လက်ရှိ မြန်မာပြည်တွင်ရောင်းချနေသော နိုင်ငံခြားဖြစ်အရက်ပုလင်းများတွင် အတုများရှိနေပြီး အစစ်ကိုမေးဝယ်မှသာ ဈေးနှုန်းကြီးမြင့်စွာဖြင့် အမှန်တကယ်ရရှိကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။ “ နာမည်တော့ ထုတ်မပြောတော့ဘူး။ နာမည်ကြီး အရက်ကုမ္ပဏီကြီးတစ်ခု။ အဲဒီက ထွက်လာတဲ့သတင်း၊ သတင်းကလည်း တိကျခိုင်မာပါတယ်။ ကုမ္ပဏီရဲ့ စာရင်းဌာနကပေါ့။ တစ်လတစ်လကို ယူရီးယားဓာတ်မြေသြဇာ ဒီမှာ ပုလဲဓာတ်မြေသြဇာလို့ ခေါ်တယ်။ ဆယ်သိန်းဖိုးလောက် ရှင်းရတယ်ဆိုတယ်။ အခုချိန်ထိလည်း သုံးတုန်းပါပဲ။ ဒါတွေကတော့ တော်တော်အန္တရာယ်များပါတယ် ”… ဆက်လက်ဖက်ရှုရန်

အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၃-၁၂-၂၀၁၈ မှ ၂၉-၁၂-၂၀၁၈ ရက်နေ့အထိ)

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ တနင်္ဂနွေယခုအပတ်တွင် စိတ်ပျော်ရွှင်မှု၊ စိတ်လန်းဆန်းမှုများနှင့် လွတ်လပ်ပျော်ရွှင်သော ခရီးလမ်းတစ်ခု သွားဖြစ်မည်။ စီးပွားရေးမှာ အရင်ကထက် ပိုကောင်းလာပြီဖြစ်သည်။ ရတနာလုပ်ငန်း လုပ်ကိုင်သူများ အလိမ်ခံရတတ်သဖြင့် သတိပြုပါ။ အစုရှယ်ယာလုပ်နေသူများအဖို့တော့ အထင်မြင်လွဲစရာတစ်ခုနှင့် ပြစ်တင်ခံရမှု တစ်ခုတော့ကြုံတွေ့ရမည်။ ငယ်ရွယ်သူများအဖို့ ချစ်သူ ၂ ဦး တစ်ပြိုင်နက် ပေါ်လိမ့်မည်။ မိဘနှင့်အတူနေ အိမ်ထောင်ရှင်များ အိမ်ခွဲရန်အကြောင်းဖြစ်လာမည်။ ပြောင်းရွှေ့ မှု နှင့် ပြောင်းလဲမှုတစ်ခု မုချ ဖြစ်လာမည်။ ခါးနာသောဝေဒနာအား အထူးဂရုစိုက်ပါ။ ငွေချေးလိုက်ပါက… ဆက်လက်ဖက်ရှုရန်